ဟောင်ကောင်မှာ ဆန္ဒပြတဲ့သူ ထောင်ပေါင်းများစွာဟာ ဒီကနေ့မှာလည်း ထပ်မံပြီးတော့ လမ်းတွေပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့သူအတော်များများက အနက်ရောင် အင်္ကျီတွေဝတ်ဆင်ပြီး ၊ တချို့တွေကလည်း ဗြိတိန်အလံကိုကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
အီရန်နိုင်ငံဟာ ယူရေနီယံသန့်စင်မှုတွေကို ၂၀၁၅ အီရန် နျူးကလီးယား သဘောတူညီချက်မှာကန့်သတ်ထားတဲ့ အဆင့်ထက်ကျော်လွန် တိုးမြှင့်ပြီး လုပ်ဆောင်နေတယ်လို့ အီရန်နိုင်ငံ က ဒီကနေ့မှာ ကြေညာလိုက်ပါတယ်။
ကာတာနိုင်ငံမှာ တာလီဘန် သူပုန်နဲ့ လက်ရှိ ကျင်းပနေတဲ့ ဆွေးနွေးပွဲဟာဆိုရင် အာဖဂန်နစ္စတန် နိုင်ငံက စစ်ပွဲကို နိုင်ငံရေးအရ အဖြေရှာနိုင်ရေး ဆောင်ရွက်ပြီးစီးခဲ့ သမျှထဲမှာ အထိရောက်ဆုံး ဖြစ်တယ်လို့ အမေရိကန် ညှိနှိုင်းရေး အဖွဲ့ ခေါင်းဆောင်က စနေနေ့မှာ ကြိုဆို ဂုဏ်ပြုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ သဲကန္တာရ ပြည်နယ်တခုဖြစ်တဲ့ Rajasthan က Jaipur ခံတပ်မြို့ကို ကုလသမဂ္ဂ ပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။
ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၉ FIFA အမျိုးသမီး ကမ္ဘာ့ဖလားပွဲမှာတော့ ဆွီဒင်က-အင်္ဂလန်အသင်းကို နိုင်ပြီး တတိယ ရသွားပါတယ်။ ဆွီဒင်နဲ့ အင်္ဂလန်တို့ ဒီကနေ့ကစားကြတာမှာ ဆွီဒင်က ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး တတိယ ရသွားတာပါ။
မြန်မာနိုင်ငံရဲ့ ရှေးဟောင်း ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း အဖြစ် နဲ့ ထည့်သွင်းသတ်မှတ်လိုက်ပြီလို့ ကုလသမဂ္ဂယူနက်စကို (UNESCO) အဖွဲ့က ဒီကနေ့ ကြေငြာလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာ မိုးဦးကာလမှာ ပထမဆုံး မိုးသည်းထန်စွာ အဆက်အပြတ်ရွာသွန်းမှုကြောင့် ဒုက္ခသည်စခန်းတွင်း အကြီးအကျယ်ပျက်စီးသွားတဲ့ နေရာတွေကို ကုလသမဂ္ဂ အေဂျင်စီတွေ အပူတပြင်းပြင်ဆင်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုနီးယားပြည်နယ်တောင်ပိုင်းမှာ သောကြာနေ့က ပြင်းအား ၇.၁ magnitude ရှိတဲ့ ငလျင် တခု ထပ်မံ လှုပ်ခတ်ခဲ့ပါတယ်။
တရုတ်နိုင်ငံ အနေနဲ့ ဘဏ္ဍာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုအပေါ် ထိန်းချုပ်တာတွေကို ဖျက်သိမ်းကြောင်း ဝန်ကြီးချုပ် Li Keqiang က ကြေညာလိုက်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ အဓိက စီးပွားရေး ပြုပြင်ပြောင်းလဲမှုကြီး တခုကို စတင်လိုက်တာလည်း ဖြစ်ပါတယ်။
ရုရှားနဲ့ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ NATO တို့ အကြား တာလတ်ပစ် နျူးကလီးယားတပ်ဖွဲ့ စာချုပ် (Intermediate-range Nuclear Forces Treaty – INF) ကိစ္စ ဆွေးနွေးပွဲကို ဘရပ်ဆဲလ်မြို့ NATO ရုံးချုပ်မှာ ကျင်းပနေရာမှာ တိုးတက်မှု မရဘူးလို့ NATO အတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၀ ကျရင်သန်းခေါင်စာရင်း ကောက်ခံတဲ့အခါ နိုင်ငံသား ဟုတ် မဟုတ်မေးခွန်းထည့်ဖို့ သမ္မတ အမိန့်တရပ် ထုတ်ပြန်ဖို့ စဉ်းစားနေတယ်လို့ သမ္မတ Donald Trump က သောကြာနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Dr. Yanghee Lee ဟာ ဇူလိုင် ၈ ရက်ကနေ ၁၈ ရက်အထိ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်မယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါမယ်။
တောင်တရုတ်ပင်လယ်ထဲက ဖိလစ်ပိုင်ရေနယ်နိမိတ်ထဲမှာ တရုတ်ကို သမ္မတက ငါးဖမ်းခွင့်ပြုတာဟာ နိုင်ငံရဲ့ အရင်းအမြစ်တွေ ဆုံးရှုံးစေတယ်လို့ ဆန္ဒပြသူတွေက ထောက်ပြနေကြပါတယ်။
ဆူဒန်နိုင်ငံ ဒီမိုကရေစီအကူးပြောင်းကာလမှာ အရပ်သား အစိုးရအုပ်ချုပ်ဖို့ အာဏာသိမ်းစစ်ကောင်စီနဲ့ ဒီမိုကရေစီလိုလားတဲ့ ညွန့်ပေါင်းအဖွဲ့ကြားမှာ သဘောတူညီမှု ရရှိခဲ့ကြပါတယ်။ နိုင်ငံအုပ်ချုပ်ဖို့ ဝန်ကြီးချုပ်ဦးဆောင်တဲ့ သီးခြားလွတ်လပ်တဲ့ အစိုးရဖွဲ့ဖို့လည်း နှစ် ဘက်ကြား သဘောတူခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု California ပြည်နယ်တောင်ပိုင်းမှာ ကြာသပတေးနေ့က ၆.၄ ပြင်းအားမြေငလျင် လှုပ်ခတ်ခဲ့ပြီးနောက် တချို့နေရာတွေမှာ နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ခတ်နေပါတယ်။
လွန်ခဲ့တဲ့ နှစ် ၃၀၀၀ က ရှေးခေတ် အီဂျစ် လူငယ် ဘုရင် Tutankhamun ရဲ့ဦးခေါင်းပုံ သလင်း ကျောက်ဆစ် လက်ရာတစ်ခုကို အီဂျစ် အစိုးရ အပြင်း အထန် ကန့်ကွက်တဲ့ကြားက လန်ဒန်မြို့မှာ ဒေါ်လာ ၆ သန်းနဲ့ လေလံတင် ရောင်းချခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနှစ် နှစ်စကနေ ဇူလိုင်လ ၄ ရက်နေ့အထိ H1N1 pdm09 ရောဂါပိုး ရာသီ တုပ်ကွေးကြောင့် သေဆုံးသူ ၂၉ ဦး အထိ ရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အမေရိကန် ပြည်ထောင်စုရဲ့ ၂၄၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ဇူလိုင်လ ၄ ရက် မနေ့ ကြာသပတေးနေ့က နိုင်ငံတဝန်း မီးရှုးမီးပန်းတွေ၊ မိသားစု သူငယ်ချင်းတွေ စုဝေးဆုံဆည်းပြီး ဆင်နွှဲကြသလို အမေရိကန် သမ္မတ Trump ကတော့ ညနေ ၆ နာရီခွဲလောက်မှာ လင်ကွန်းအမှတ်တရ အဆောက်အဦးရှေ့မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အီးယူ ဥရောပသမဂ္ဂရဲ့ အရေးယူဒဏ်ခတ်မှုကို ချိုးဖေါက်ပြီး ဆီးရီးယားကို တင်ပို့ဖို့ ရေနံစိမ်းတွေ တင်ဆောင်လာတယ်လို့ သံသယရှိတဲ့ အီရန်ရေနံတင်သင်္ဘောတစင်းကို ဗြိတိသျှပိုင် Gibraltar ဒေသမှာ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ချိန်ကစပြီး အခု ပထမဆုံးအကြိမ်အဖြစ် အီးယူက အရေးယူလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက်က တူနီးရှား ရေပိုင်နက်အတွင်း အာဖရိကက ရွှေ့ပြောင်း ဝင်ရောက်သူတွေ လိုက်ပါလာတဲ့ လှေတစ်စီး နစ်မြုပ်ခဲ့ရာမှာ သုံးဦးသာ အသက်ရှင်ပြီး ၈၃ ဦး ရေနစ် သေဆုံးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်