အမေရိကန်ပြည်ထောင်စုရဲ့ ၂၄၃ နှစ်ပြည့် လွတ်လပ်ရေးနေ့ကို အမေရိကန်ပြည်သူတွေ ဆင်နွဲနေကြပါတယ်။ ဒီနေ့မှာ သမ္မတ Donald Trump က အစဉ်အလာမဟုတ်ဘဲ မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားပါတယ်။
လစ်ဗျားနိုင်ငံမြို့တော်မှာ အင်္ဂါနေ့ညတုန်းက လူအများအပြား သေဆုံးခဲ့တဲ့ ဗုံးကြဲ တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။
လစ်ဗျား နိုင်ငံမှာ အနည်းဆုံး လူပေါင်း ၄၀ ကျော် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့တဲ့ အင်္ဂါနေ့ည ဗုံးခွဲ တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ထရီပိုလီမှာ ရှိနေတဲ့ ကုလသမဂ္ဂ သံတမန်က ဆိုပါတယ်။
နယ်သာလန် အမျိုးသမီး ဘောလုံးအသင်းကတော့ ကမ္ဘာ့ဖလား ဖိုင်နယ်ကို တက်သွားပြီ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၉ ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပွဲ ဆီမီးဖိုင်နယ်မှာ နယ်သာလန် အသင်းက ဆွီဒင်ကို ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်ပြီး ဖိုင်နယ်ကိုတက်သွားတာပါ။
အမေရိကန်နဲ့ တရုတ်တို့ကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေကို မကြာခင် ရက်ပိုင်းအတွင်း ပြန်လည် စတင်တော့မှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူတော် အမျိုးသား စီးပွါးရေးကောင်စီ ဒါရိုက်တာ Larry Kudlow က VOA ကို ပြောပါတယ်။
EU ဥရောပပါလီမန် ဥက္ကဋ္ဌသစ်အဖြစ် အီတလီက သတင်းသမားဟောင်း David Sassoli ကို ပြင်သစ်နိုင်ငံ Strasbourg မြို့က ဥရောပပါလီမန်မှာ EU အမတ်တွေ မဲခွဲ ရွေးချယ်လိုက်ကြပါတယ်။
၂၈ နိုင်ငံ ပါဝင်တဲ့ EU ဥရောပသမဂ္ဂ ခေါင်းဆောင်သစ်တွေကို အနည်းဆုံး နောင် ငါးနှစ်ကြာ သက်တမ်းအထိ ရွေးချယ်လိုက်ပြီ ဖြစ်တဲ့အတွက် EU အဖွဲ့ဝင်တွေကြား သောင်မတင်ရေမကျဖြစ်မှုကို အဆုံးသတ်စေခဲ့ပါတယ်။
အမေရိကန်သမ္မတ Donald Trump အတွက် အထိနာစေမယ့် ဆုံးရှုံမှုကြီး အဖြစ် ၂၀၂၀ အမေရိကန် သန်းခေါင်စာရင်းကောက်ခံမှုမှာ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တဲ့မေးခွန်းကို ထည့်သွင်းဖို့ သူ့အစိုးရအဖွဲ့ရဲ့ ကြိုးပမ်းမှုကို အဆုံးသတ်လိုက်ပါပြီ။
ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို လိုက်နာတဲ့အနေနဲ့ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ မြောက်ကိုရီးယား စားသောက်ဆိုင်ကို ၂၀၁၈ ခုနှစ်အတွင်းက မြန်မာအစိုးရက ပိတ်ဖို့ ညွှန်ကြားခဲ့ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ချက် တခုမှာ ပါရှိခဲ့ပါတယ်။
ဇူလိုင် ၄ ရက်နေ့ ကျရောက်မယ့် အမေရိကန်လွတ်လပ်ရေးနေ့ အခမ်းအနား ဝါရှင်တန်ဒီစီမှာတော့ ပုံမှန်လို မီးရှုးမီးပန်းတွေ ဖောက်လွှတ်ဆင်နွဲှတာအပြင် အမေရိကန်စစ်တပ်ရဲ့ စစ်ရေးပြသမှု ဂုဏ်ပြုချီတက်မှုတွေကိုပါ ပါဝင်ဖို့ အမေရိကန်သမ္မတ Donald Trump ကြိုးစားနေပါတယ်။
ဟောင်ကောင်ကို တရုတ်အစိုးရအောက် လွဲှပြောင်းပေးခဲ့တဲ့ ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့ ဇွန်လ ၁ ရက်နေ့မှာပဲ ထောင်ဂဏန်းရှိတဲ့ ဆန္ဒပြသူတွေဟာ ဟောင်ကောင်လွှတ်တော်ထဲ ဝင်ရောက်စီးနင်းခဲ့ကြတာပါ။
ကုလသမဂ္ဂ ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေး ကော်မတီက နောက်ထပ် ကမ္ဘာ့ထိန်းသိမ်းရမယ့် အမွေအနှစ် စာရင်းထဲမှာ မြန်မာနိုင်ငံက ပုဂံမြေကို ထည့်သွင်းဖို့ စဉ်းစားမှာ ဖြစ်ကြောင်း ကုလသမဂ္ဂက တနင်္လာနေ့က ထုတ်ပြန်ပြောဆိုပါတယ်။
ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် Sheikh Hasina ရဲ့ ဇူလိုင်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့ထိ တရုတ်နိုင်ငံ ခရီးစဉ်သွားရောက်နေတာနဲ့ အတူ မြန်မာရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တရုတ်နိုင်ငံ အနေနဲ့ ရိုဟင်ဂျာ ပဋိပက္ခကို ဖြေရှင်းရေးမှာ ပိုပြီး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာဖို့ ဘင်္ဂလားဒေရှ့်ဘက်က ခန့်မှန်းထားပါတယ်။
ဟောင်ကောင်ကျွန်းရဲ့ ဥပဒေပြုရေး အဆောက်အအုံဝင်းကို တနလာၤနေ့ မနက်ပိုင်းမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ စီးနင်း ဝင်ရောက်ခဲ့ကြပြီးနောက်မှာတော့ မြို့တော်ရဲ့ ဥပဒေပြု အဆောက်အအုံဝင်း အနီးက ဆန္ဒပြသူတွေကို ရာနဲ့ချီတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။
နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် စီးပွားဖြစ် ဝေလငါးဖမ်းတဲ့လုပ်ငန်းတွေ စတင်ဖို့ ဂျပန်နိုင်ငံက ဝေလငါးဖမ်းသင်္ဘောတွေဟာ ဒီကနေ့ ပင်လယ်ပြင်ကို စတင် ထွက်ခွာသွားကြပါပြီ။
ဂျူးဘုရားကျောင်းသွားတဲ့ ရောမခေတ်က ရှေးဟောင်းလမ်းမကြီး ဖွင့်ပွဲအခမ်းအနားကို အမေရိကန်အဆင့်မြင့် အရာရှိတွေလည်း တက်ရောက်ခဲ့ပါတယ်။ ဒီရှေးဟောင်း လမ်းမကြီးကို ဖွင့်လိုက်တာကြောင့် ပါလက်စတိုင်းတွေရော အစ္စရေးသမိုင်း ပညာရှင်တချို့တို့ကပါ အမျက်ထွက်ခဲ့ကြပါတယ်။
ဟောင်ကောင်ကို ဗြိတိသျှအုပ်ချုပ်မှုကနေ တရုတ်လက်ပြန်လွှဲခဲ့တဲ့ ၂၂ နှစ်ပြည့်မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။
စစ်တပ်အုပ်ချုပ်နေတဲ့ ဆူဒန်နိုင်ငံမှာ တနင်္ဂနွေနေ့က ဆန္ဒပြသူ ၅ ဦး သေဆုံးခဲ့ရပြီး အများအပြားဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆူဒန် ဆရာဝန်များ အဖွဲ့က ပြောပါတယ်။
အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ ပြန်စမယ့် အရေးက အင်မတန် အရေးကြီးတဲ့ သဘောတူညီချက် ဖြစ်ကြောင်း၊ ဒါပေမယ့် ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံကြား သဘောတူညီချက် တခု ချက်ချင်းထွက်လာမယ့် အလားအလာတော့ မရှိဘူးလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်ရဲ့ စီးပွားရေး အကြံပေးက ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ဟာ တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြားကစစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားနိုင်ငံဘက်အခြမ်းကို သွားရောက်ခဲ့ပြီးတော့၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်