မလေးရှားနိုင်ငံအတွင်း တရားမဝင် ရောက်နေတဲ့ မြန်မာနိုင်ငံသား ၂၀ ကို မလေးရှားလက်နက်ကိုင်တပ်ဖွဲ့တွေက ထိုင်း-မလေးရှားနယ်စပ် Bukit Kayu Hitam မြို့မှာ စနေနေ့က ဖမ်းဆီးလိုက်ပါတယ်။
မြန်မာနိုင်ငံ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်တွင်းက စစ်တိုင်းဌာနချုပ် ၅ ခုမှာ နောက်ထပ် ၂ လ ကြာ အပစ်အခတ်ရပ်စဲသွားမယ်လို့ မြန်မာ့တပ်မတော်က ဒီကနေ့ ကြေညာလိုက်ပါတယ်။
မူးယစ် တိုက်ဖျက်ရေး ဆောင်ရွက်ချက် အနေနဲ့ အမေရိကန် တောင်ပိုင်း မက္ကဆီကိုနဲ့ နယ်စပ်မှာ ဒေါ်လာ ၂.၅ ဘီလျံ အသုံးပြုပြီး အစိုးရက တံတိုင်း တည်ဆောက်မယ့် အပေါ် တရားသူကြီး တဦးက တားမြစ်မိန့်ချလိုက်တာကို အယူခံဝင်မယ်လို့ သမ္မတ Donald Trump က စနေနေ့မှာ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
မလေးရှားနိုင်ငံ ပီနန်ကျွန်း GeorgeTown မြို့ရဲ့ဆင်ခြေဖုံး Batu Feringghiလမ်းက အပန်းဖြေရိပ်သာတခုမှာ မြေထိန်းနံရံတည်ဆောက်နေတုန်း ဇွန်လ ၂၅ရက်နေ့က မြေပြိုတာကြောင့် အဲဒီမှာအလုပ်လုပ်နေတဲ့ မြန်မာအမျိုးသား ၄ဦးသေဆုံးသွားတယ်လို့ ဒေသခံရဲမှူးChe Awangက ပြောကြောင်းမလေးရှားအွန်လိုင်းသတင်းစာ The Starမှာဖေါ်ပြပါတယ်။
အကြမ်းဖက်မှုတွေ သက်ရောက်ခံစားနေရတဲ့ ရခိုင်နဲ့ ချင်းပြည်နယ် အတွင်းမှာ အင်တာနက်တွေ ဖြတ်တောက်ထားတဲ့အပေါ် အမေရိကန်က အထူးပဲ စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Morgan Rotagus က ကြေညာချက်ထုတ် ပြောဆိုတာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံပြီးတဲ့နောက် အမေရိကန်က တရုတ်နိုင်ငံအပေါ် ကုန်သွယ်ခွန်တွေ နောက်ထပ် တိုးမြှင့်ကောက်ခံသွားမယ့်ကိစ္စကို အခုလောလောဆယ်မှာ ရပ်ဆိုင်းပြီး နှစ် နိုင်ငံ ကုန်သွယ်ရေးဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့ သဘောတူခဲ့ကြတယ်လို့ သမ္မတထရမ့်က ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ Donad Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တောင်မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ်၊ DMZ စစ်မဲ့ဇုန်မှာ တွေ့ဆုံနှုတ်ဆက်ဖို့ ဆန္ဒ္ဒရှိတယ်လို့ ပြောလိုက်ပါတယ်။
ပြင်သစ်၊ စပိန် နဲ့ အီတလီနိုင်ငံနဲ့ ဥရောပတိုက်အလယ်ပိုင်းမှာ စံချိန်တင်အပူဒဏ်ကို ခံစားခဲ့ရပြီး သတိနဲ့ သွားလာနေထိုင်ကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းနေတာပါ။
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပနေတဲ့ အမျိုးသမီးကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ဒုတိယပွဲစဉ်မှာ လက်ရှိချန်ပီယံ အမေရိကန်အသင်းက အိမ်ရှင် ပြင်သစ်နိုင်ငံအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဂျပန်နိုင်ငံ အိုဆာကာမြို့ G-20 ထိပ်သီး အစည်အဝေးကို တက်ရောက်နေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီနေ့ စနေနေ့မှာ တရုတ်သမ္မတ ရှီဂျင်းပင်းနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဒီလို တွေ့ဆုံတဲ့အခါ ပြီးခဲ့တဲ့ လအတွင်းက ရပ်ဆိုင်းသွားခဲ့တဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ ပြန်စရေးကိစ္စ ဆွေးနွေးကြပါလိမ့်မယ်။
တာလီဘန်သူပုန်တွေက အာဖဂန်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးချင်လာအောင် စည်းရုံးသိမ်းသွင်းရေးမှာ အိမ်နီးချင်းနိုင်ငံရဲ့ ကူညီပံ့ပိုးမှုကို ရနိုင်ဖို့အတွက် အာဖဂန်နစ္စတန်သမ္မတ Ashraf Ghani ဟာ ပါကစ္စတန်နိုင်ငံကို ၂ရက်ကြာ တရားဝင်ခရီး သွားရောက်ခဲ့ပြီး သောကြာနေ့က သူ့ခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်။
အသားအရောင်ရှိတဲ့ အမျိုးသမီးတွေဟာ ၂၀၂၀ ပြည့် ရွေးကောက်ပွဲမှာ သမ္မတ ဒေါ်နယ်ထရမ့်ကို ရှုံးနိမ့်အောင်လုပ်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ကာလီဖိုးနီးယားပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ်လည်းဖြစ်၊ အစိုးရ ရှေ့နေဟောင်းလည်းဖြစ်တဲ့ Harris က အဲဒီလို လူမျိုးရေး ခွဲခြားဆက်ဆံံပြီး ပြေးဆွဲခဲ့တဲ့ ကျောင်းကားကို သူကိုယ်တိုင် စီးခဲ့ရတဲ့ အတွေ့အကြုံကို ဥပမာပေးပြီး ဒုသမ္မတဟောင်း Biden ကို ထိုးနှက် တိုက်ခိုက်ခဲ့တာပါ။
ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အီတလီ၊ Austria စတဲ့နိုင်ငံတွေ အပါအဝင် အနောက်ဥရောပတလွှားမှာ အပူလှိုင်းဒဏ်ကို ခံစားနေကြရပါတယ်။ အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားရတဲ့ ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ ဒီနေ့သောကြာနေ့မှာ အပူချိန်ဟာ ၄၄.၃ ဒီကရီ Celsius အထိ စံချိန်တင်အောင် မြင့်တက်နေပါတယ်။
မြန်မာနိုင်ငံတွင်းက ဆင်းရဲနွမ်းပါးတဲ့ လူဦးရေဟာ ၂၀၀၅ ခုနှစ်မှာ ၄၈.၂ ရာခိုင်နှုန်း ရှိရာက ၂၀၁၇ မှာတော့ ၂၄.၈ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်လို့ မြန်မာ့နေထိုင်မှုအခြေအနေ စစ်တမ်းလို့ခေါ်တဲ့ The 2017 Myanmar Living Conditions Survey (MLCS) အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၀ ခုနှစ်၊ အမေရိကန် ကာကွယ်ရေး အသုံးစရိတ်ကို အမေရိကန် အထက်လွှတ်တော်က ၈၆ မဲ ၈ မဲနဲ့ ဒီကနေ့ မဲခွဲ အတည်ပြုခဲ့ပါတယ်။ အမျိုးသား ကာကွယ်ရေး ခွင့်ပြုချက် အက်ဥပဒေ (National Defense Authorization Act) အရ ကာကွယ်ရေး အသုံးစရိတ် ပမာဏ အမေရိကန် ဒေါ်လာ ဘီလီယံ ၇၅၀ ပေးအပ်ထားပါတယ်။
နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်း မေးခွန်းဟာ မဲပေးခွင့်ဥပဒေကို ပိုကောင်းအောင် အားဖြည့်ပေးဖို့ လုပ်ဆောင်တာလို့ Trump အစိုးရအဖွဲ့ရဲ့ ရှင်းလင်းချက်နဲ့ ပတ်သက်ပြီး ဒါဟာ အနှောက်အယှက် ပိုဖြစ်လာစေနိုင်တယ်လို့ ပြောပြီး တရားရုံးချုပ်က ပယ်ချလိုက်တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အနောက်မြောက် နယ်စပ်ဒေသတလျှောက်မှာ ကလေးငယ်တွေ အပါအဝင် လူကုန်ကူးခံရမှုတွေကို တားဆီးနိုင်ဖို့ မိုင်တထောင်ကျော် ရှည်လျားတဲ့ အိန္ဒိယ- မြန်မာနယ်စပ် တလျှောက်မှာ အာသံရိုင်ဖယ်တပ်က ကြိုးစားနေပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ယနေ့ ကျင်းပတဲ့ကမ္ဘာ ဖလားပြိုင်ပွဲရဲ့ ပထမဦးဆုံး ကွာတားဖိုင်နယ် ပွဲစဉ်မှာ အင်္ဂလန်အသင်းက နော်ဝေး အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိင်ရ ပြီး ဆီမီးဖိုင်နယ် တက်သွားပါတယ်။
ဇွန်လ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် G-20 ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ဖို့ အမေရိကန်သမ္မတ Donald Trump ကြာသပတေးနေ့မှာ ဂျပန်နိုင်ငံ အိုဆာကာမြို့ကို ရောက်ရှိသွားပါပြီ။
နောက်ထပ်ကြည့်ရှုရန်