ရိုဟင်ဂျာ မူဆလင်တွေ အပေါ် ကျူးလွန်မှုရှိကြောင်း စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေ အပေါ် စုံစမ်းစစ်ဆေးမှုလုပ်ဖို့ တရားရုံးမတင်ခင် ကြိုတင်စစ်ဆေးမယ့် တရားသူကြီး ၃ ဦးပါ အဖွဲ့တခုကို ဖွဲ့စည်းပေးလိုက်ကြောင်း ဇွန်လ ၂၅ ရက်နေ့မှာ The Hague အခြေစိုက် ICC နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ဥက္ကဌက ကြေညာချက် ထုတ်ပြန်ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေကို စောနိုင် သမျှ စောစော နေရပ်ကို ပြန် မပို့နိုင်ရင် လုံခြုံရေး အန္တရာယ် ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် လွှတ်တော်မှာ လွှတ်တော် အမတ် Jur Mohammad ရဲ့ အမေးကို ဖြေကြားရာမှာ သူက အခုလို ပြောခဲ့တာပါ။
အမေရိကန် အမျိုသမီး ဘောလုံးအသင်းရဲ့ အကျော်အမော် တစ်ဦး ဖြစ်သူ Megan Rapinoe က အခု ယှဉ်ပြိုင်နေတဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ သူတို့ ဗိုလ်စွဲခဲ့ရင် အိမ်ဖြုတော်ကို သွားရောက် လည်ပတ်မှာ မဟုတ်ဘူးလို့ ပြောလိုက်တဲ့အတွက် အင်တာနက်မှာ ပွဲဆူ သွားခဲ့ပါတယ်။
အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်တလျှောက် လူသားချင်းစာနာမှုပြဿနာ ဖြေရှင်းရေးဆိုင်ရာ အဆိုပြုချက် ဥပဒေမူကြမ်းတရပ်ကို အထက်လွှတ်တော်မှာ ရီပတ်ဘလစ်ကင်နဲ့ ဒီမိုကရက် ပါတီကြီး ၂ ရပ်စလုံးက ဗုဒ္ဓဟူးနေ့က အတည်ပြုပေးခဲ့ပါတယ်။
၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရုရှားဝင်နှောက်ခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller က ဇူလိုင်လကျရင် အောက်လွှတ်တော် တရားရေးနဲ့ ထောက်လှမ်းရေး ကော်မတီတွေရှေ့မှာ မေးမြန်းတာတွေကို ပြောဆိုဖြေကြားဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေအပေါ် စုံစမ်းစစ်ဆေးမှု တခု အပြည့်အဝ စလုပ်ဖို့ နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC ရှေ့နေက စတင် လုပ်ဆောင်တော့မှာ ဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်ချက် တခုမှာ ပြောထားပါတယ်။
ဂျပန်နိုင်ငံ အိုဆာကာမှာ ဒီသီတင်းပတ် နှောင်းပိုင်း ကျင်းပမယ့် စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံ ၂၀ G-20 ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန် သမ္မတ Donald Trump နဲ့ တရုတ် သမ္မတ Xi Jinping တို့ တွေ့ဆုံ ဆွေးနွေးမှုကနေ သဘောတူညီချက်ကြီးတွေ ရလာရေး ခန့်မှန်းမထားဖို့ အမေရိကန် ထိပ်တန်း တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။
မလေးရှားနိုင်ငံ Penang ပြည်နယ် George Town ရဲ့ ကမ်းခြေမြို့ Tanjung Bungah မှာ မနေ့ အင်္ဂါနေ့ညက မြေပြိုမှုကြောင့် သေဆုံးခဲ့ပြီလို့ ယူဆရတဲ့ လူလေးဦးလုံးဟာ မြန်မာဆောက်လုပ်ရေးအလုပ်သမား တွေဖြစ်တယ်လို့ ကယ်ဆယ်ရေးသမားတွေက အတည်ပြုခဲ့ပါတယ်။
အရက်တု ထုတ်တဲ့ အဖွဲ့က လူတွေဆိုတဲ့ ယူဆချက်နဲ့ မြန်မာ နိုင်ငံသား အမျိုးသား ၇ ဦးနဲ့ ဒေသခံ တဦးတို့ကို မလေးရှားနိုင်ငံ ပီနန်းပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ မလေးရှား သတင်းတွေမှာ ဖော်ပြကြပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ကမ္ဘောဒီးယားနိုင်ငံမှာ ဆောက်လက်စ အဆောက်အအုံ ပြိုကျခဲ့တာကြောင့် အနည်းဆုံး အလုပ်သမား ၂၈ ဦးသေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်နွယ်ပြီး တရုတ်နိုင်ငံသား ၄ ဦးကို ကမ္ဘောဒီးယားတရားရုံးက တရားစွဲဆိုလိုက်ပါတယ်
အီရန် ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei ကို အတိအကျ ပစ်မှတ်ထားတဲ့ အီရန် အပေါ် ဘဏ္ဍာရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုသစ်ကို တနလာၤနေ့မှာ အမေရိကန် သမ္မတ Donald Trump က ချမှတ် လိုက်ပါတယ်။ အထိနာစေမယ့် ဒဏ်ခတ်ပိတ်ဆို့မှုသစ်လို့လည်း သမ္မတက ပြောပါတယ်။
၂၀၂၆ ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို အီတလီနိုင်ငံ Milan မြို့နဲ့ Cortina d’Ampezzo မြို့တွေမှာ ကျင်းပမယ်လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီက တနင်္လာနေ့က ကြေညာလိုက်ပါတယ်။
ဟောင်ကောင်ကျွန်းမှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်နေတောကြောင့် ရာဇဝတ်ပြစ်မှုနဲ့ သံသယရှိသူတွေ တရုတ်ပြည်မကြီးမှာ အမှုရင်ဆိုင်ဖို့ လွှဲပြောင်းပေးမယ့် ဥပဒေမူူကြမ်းနဲ့ပတ်သက်ပြီး သေသေချာချာသုံးသပ်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Michelle Bacheletက ဟောင်ကောင်အာဏာပိုင်တွေကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် သမ္မတ Donald Trump ရဲ့ ကိုယ်တိုင်ကိုယ်ကျ ရေးပို့လိုက်တဲ့ စာတစောင်ကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း လက်ခံရရှိပြီး စာပါအကြောင်းအရာတွေကို စဉ်းစား သုံးသပ်နေပါတယ်။
အီရန်နဲ့ စစ်တိုက်ဖို့ မလိုလားဘူးလို့ အမေရိကန် သမ္မတ Donald Trump က ပြောဆိုပြီး ကြိုတင် သတ်မှတ်ချက်တွေ မထားဘဲ အီရန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းလိုတယ်လို့လည်း ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံများ အသင်း အာဆီယံ ထိပ်သီးတွေရဲ့ ဆွေးနွေးပွဲ အတွင်းမှာတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ရေး အငြင်းပွားဖွယ် အစီအစဉ်၊ နောက် တောင်တရုတ် ပင်လယ်ပြင်အတွင်း အငြင်းပွားမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ ၃၄ ကြိမ်မြောက် အာဆီယံ ညီလာခံအတွင်း ဒေသတွင်း နိုင်ငံခေါင်းဆောင် တွေက ဘန်ကောက်ကြေညာစာတမ်း တရပ်ကို သဘောတူခဲ့ကြပြီး၊ အဲဒီသဘောတူညီချက်အရ ပင်လယ်သမုဒ္ဒရာတွေ အတွင်းက စွန့်ပစ်ထားတဲ့ အမှိုက်သရိုက်တွေကို ရှင်းလင်း ဖယ်ရှားသွားဖို့ဖြစ်ပါတယ်။
ဝေဟင်ထဲ လေဟုန်စီးမယ့် Skydiver တွေ တင်ဆောင်လာတဲ့ လေယာဉ်ငယ်တစီးဟာ ဟာဝါအီရဲ့ ကျွန်းငယ်တခုဖြစ်တဲ့ Oahu ကျွန်း လေဆိပ်ရှိရာ ပင်လယ်ကမ်းခြေနားက နေရာတခုမှာ ပျက်ကျ မီးလောင်သွားတာကြောင့် လေယာဉ်ပေါ်ပါတဲ့ လူ ကိုးဦးစလုံး သေဆုံးသွားတယ်လို့ ဒေသအာဏာပိုင်တွေက စနေနေ့မှာ ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံမှာ သေစေလောက်တဲ့ အာဖရိက ဝက်တုတ်ကွေးရောဂါ ကူးစက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံဟာ လာအိုကနေ အသားစားဝက် တင်သွင်းမှုကို ရက်ပေါင်း ၉၀ ကြာ တားမြစ်ရပ်ဆိုင်းသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်နဲ့ အမေရိကန်ကြား ဆက်ဆံရေးတင်းမာမှု တိုးလာနေချိန်မှာ- တရုတ်နိုင်ငံလို့ နာမည် မတပ်ပေမဲ့ မဲခေါင်မြစ်ပေါ်မှာ ရေကာတာတွေ တည်ဆောက်ဖို့ ကြိုးပမ်းနေခြင်းဟာ ဘေးအန္တရာယ်များပြီး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန် အစိုးရအရာရှိတွေက သတိပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်