ဗင်နီဇွဲလား အစိုးရကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့အတွက်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရာနဲ့ချီတဲ့သူတွေကို ပြန်လွှတ်ပေးဖို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ဗင်နီဇွဲလားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
အီရန်နိုင်ငံရဲ့ နယ်မြေတွေကို ကျူးကျော်ဝင်လာမယ့် ဘယ်ကိုကိစ္စမျိုးကိုမဆို ခွင့်ပြုမှာ မဟုတ်သလို အမေရိကန်ရဲ့ ခြိမ်းခြောက်ရန်စမှုတွေကိုလည်း ခိုင်မာစွာ ရင်ဆိုင်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Abbas Mousavi ကTasnim သတင်းဌာနကို ပြောဆိုခဲ့တာပါ။
လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတဲ့ လုပ်ရပ်တွေဆိုပြီး ကုလသမဂ္ဂက ပြောဆိုထားတဲ့ ရခိုင်ပြည်နယ်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အာဆီယံဘက်က ဘာမှလုပ်ကိုင်နိုင်ခြင်း မရှိဘူးလို့လည်း ဝေဖန်သံ တွေရှိနေတာ ဖြစ်ပါတယ်။
၁၉၉၈ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေအရ ဘာသာရေး လွတ်လပ်ခွင့်ကို ပြင်းပြင်းထန်ထန် ချိုးဖေါက်တဲ့နိုင်ငံတွေကို စိုးရိမ်ဖွယ် နိုင်ငံတွေအဖြစ် သတ်မှတ်ပြီး၊ အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်အရေးယူမှုကို ခံရဖွယ်ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပုံပေယိုက ဆိုပါတယ်။
လူဦးရေ များပြားလာမှုကြောင့် ရေကန် မြစ်ချောင်းတွေက ရေကို အလုံအလောက် မရနိုင်တော့သလို မြေအောက်ရေတွေကိုလည်း စိုက်ပျုးိရေး လုပ်ငန်းတွေအတွက် အဆမတန် ထုတ်ယူ သုံးစွဲနေရတဲ့အတွက် အိန္ဒိယနိုင်ငံဟာ အင်မတန်ကြီးမားတဲ့ ရေပြဿနာနဲ့ စတင်ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဒုက္ခသည် ပြန်လည် လက်ခံရေးဆိုင်ရာ သဘောတူညီချက်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ရရှိပါတယ်။ ဒါပေမဲ့ လုံခြုံ စိတ်ချရမှုနဲ့ လွတ်လပ်စွာ သွားလာခွင့်မရှိတဲ့ ကိစ္စတွေကြောင့် ပြန်လည် သွားရောက်သူ မဆိုစလောက်သာ ရှိပါတယ်။
ဗွီအိုအေ အမေရိကန်အသံက ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ “Displaced” နေရပ်စွန့်ခွာသူများ မှတ်တမ်း ရုပ်ရှင်ဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ဖြစ်တဲ့ ဇွန်လ ၂၀ ရက်နေ့မှာ Gabriel Award လို့ ခေါ်တဲ့ မှတ်တမ်း ရုပ်ရှင်ဆိုင်ရာ ထူးချွန်ဆုကို ဆွတ်ခူးခဲ့ပါတယ်။
ဘန်ကောက်မြို့မှာ ဇွန်လ ၂၂ ရက်နေ့က ၂၃ ရက်နေ့အထိ ကျင်းပမှာ ဖြစ်တဲ့ ၃၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံမှာ ရောက်ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဂျူလိုင်လကနေ ဒီဇင်ဘာလအထိ မြန်မာ၊ ထိုင်း၊ Cambodia, Laos နဲ့ Vietnam နိုင်ငံတွေက ရဲတပ်ဖွဲ့တွေနဲ့ ပူးတွဲပြုလုပ်ခဲ့တဲ့ နှိမ်နှင်းမှုအတွင်း ကလေး ၁၇ ယောက်ကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အများပြည်သူလုံခြုံရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အီရန်အပေါ် တိုက်ခိုက်ဖို့ အမေရိကန်သမ္မတ Donald Trump က ကြာသပတေးနေ့မှာ ခွင့်ပြုချက် ပေးခဲ့ပေမဲ့ နောက်ပိုင်းမှာ ဒီခွင့်ပြုချက်ကို ပြန်ရုပ်သိမ်းခဲ့တယ်ဆိုတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေနဲ့ ပတ်သက်လို့ အမျိုးသားလုံခြုံရေး တာဝန်ရှိသူတွေဘက်က တစုံတရာပြောဖို့ ငြင်းဆန်နေကြပါတယ်။
မြန်မာနိုင်ငံမှာ A- H1N1 အမျိုးအစား တုပ်ကွေးရောဂါပိုးကြောင့် သေဆုံးသူဦးရေ ၆ ဦး ထိရှိနေပြီဖြစ်ပါတယ်။ ဇွန်လ ၂၀ ရက်နေ့မှာ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာက A- H1N1 pdm 09 ရောဂါပိုးတွေ့ရှိထားသူ လူနာစုစုပေါင်း ၁၆ ဦး ရှိနေပြီဖြစ်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ကသာ ဆန္ဒရှိမယ်ဆိုရင် သူ့အနေနဲ့ ဆွေးနွေးပွဲ ပြုလုပ်ဖို့ အသင့်ပဲလို့ ရုရှားသမ္မတ Putin က ကြာသပတေးနေ့ မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် Trump ရဲ့ ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲဟာ အမေရိကန်နဲ့ ရုရှားကြား ဆက်ဆံရေးကို ရှုပ်ထွေးစေလိမ့်မယ်လို့ တွက်ဆကြောင်းလည်း ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး စိတ်ရှည်သည်းခံသွားမှာ ဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက တရုတ်သမ္မ ရှီဂျင်ပင်းကို ပြောခဲ့တယ်လို့ တရုတ် နိုင်ငံပိုင် သတင်းဌာနတွေက ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၉ နိုင်ငံတကာ လူကုန်ကူးမှုအစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ Tier 3 လူကုန်ကူးမှု အဆိုးဆုံး နိုင်ငံစာရင်းထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ မြန်မာအစိုးရအနေနနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး တိုးတက်လာအောင် သိသာထင်ရှားတဲ့ ကြိုးပမ်းမှုတွေလည်း မရှိခဲ့ဘူးလို့ ဖော်ပြပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုးရမ်းပြည်နယ်၊ ကျန်ဖိုင်းမြို့ထဲကို တရားမဝင် ခိုးဝင်လာတဲ့ ရိုဟင်ဂျာမိန်းကလေး ၈ ဦးကို ဖမ်းဆီးမိလိုက်ကြောင်း မီဇိုးရမ်းရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားမလုံလောက်တဲ့ ပြဿနာဟာ စီးပွားရေးတိုးတက်ဖို့ အဟန့်အတား ဖြစ်နေတယ်လို့ ကမ္ဘာ့ဘဏ်က ပြောကြားလိုက်ပါတယ်။
သူတိုရဲ့ပိုင်နက်ထဲဝင်လာတဲ့ အမေရိကန်ရဲ့ မောင်းသူမဲ့ အဝေးထိန်း ဒုံးယာဉ်တခုကို ဒီကနေ့ ကြာသပတေးနေ့မှာ မတော်တဆ ပစ်ချလိုက်မိကြောင်း အီရန်အစိုးရ အရာရှိတွေက ပြောပါတယ်။ ဒါပေမယ့် အဲဒီ အဝေးထိန်း ဒုံးယာဉ်ကို အီရန်က နိုင်ငံတကာ လေကြောင်းပိုင်နက်အတွင်းမှာ ပစ်ချ လိုက်တာလို့ အမေရိကန်က ပြောပါတယ်။
မဟာမိတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးတွေ တိုးမြင့်ဆောင်ရွက်နိုင်ဖို့ရွယ်တဲ့ ခရီးစဉ် စတင်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မကြာသေးခင် နာရီပိုင်းအတွင်းကဘဲ မြောက်ကိုရီးယားနိုင်ငံမြို့တော် ပြုံယမ်းကို ရောက်သွားပါပြီ။
မသင်္ကာဖွယ် ရုရှားလူမျိုး ၃ ယောက်ကတော့ Igor Girkin, Sergey Dubinskiy နဲ့ Oleg Pulatov တို့ဖြစ်ပြီး နောက်တယောက်က ယူကရိန်းလူမျိုး Leonid Karchenko ဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ကို နောက်သီတင်းပတ်မှာ ရောက်ရှိ မလာခင် တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား အကြား ထိပ်သီးဆွေးနွေးပွဲ တရပ် ကျင်းပဖို့ တောင်ကိုရီးယားနိုင်ငံက ဗုဒ္ဒဟူးနေ့က တောင်းဆို လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်