စင်္ကာပူနိုင်ငံရဲ့ အဓိက လေဆိပ်ကြီး ဖြစ်တဲ့ Changi လေဆိပ် ပြေးလမ်း တစ်ခု အနီး ဒရုန်း ယာဉ် တွေကို တွေ့ရှိခဲ့ဲ့တဲ့အတွက် လေဆိပ်ကို ခေတ္တ ပိတ်ခဲ့ရလို့ လေယာဉ် ခရီးစဉ်တချို့ နှောင့်နှေးခဲ့ရတယ်လို့ စင်္ကာပူ အာဏာပိုင်တွေက ဗုဒ္ဒဟူးနေ့က ပြောပါတယ်။
အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ ထိုင်းနိုင်ငံမှာ ဒီသီတင်းပတ်ကုန်မှာ ကျင်းပတော့မယ့် အာဆီယံခေါင်းဆောင်တွေ အစည်းအဝေးမှာ ရိုဟင်ဂျာ ပြဿနာကို အမှန်အတိုင်းတင်ပြဖို့ လူ့အခွင့်ရေးအဖွဲ့တွေက ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်သမိုင်းမှာ ပမာဏအများဆုံး မူးယစ်ဆေးဝါးတွေအဖြစ် Philadelphia မြို့ဆိပ်ကမ်းတခုမှာ Cocaine တန်ချိန် ၁၆ သန်းကျော် ဖမ်းမိတယ်လို့ ပြည်ထောင်စု အာဏာပိုင်တွေ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။
လာမယ့် ၂၀၂၀ ပြည့်နှစ် ပထမ နှစ်ဝက် အတွင်းမှာ Libra လို့ ခေါ်တဲ့ ဒစ်ဂျစ်တယ် ငွေကြေးသစ်ကို စတင်မယ်လို့ လူမှုကွန်ယက် Facebook က အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု အတွင်းက သန်းနဲ့ချီတဲ့ တရားမဝင် နေထိုင်သူတွေကို နောက်သတင်းပတ်ကစလို့ ဌာနေပြန်ပို့မယ်လို့ သမ္မတ Donald Trump ကတိပြုပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ရွှေ့ပြောင်းမိသားစုတွေကို စီးနင်း ဖမ်းဆီးမယ်ဆိုတဲ့ ကြေညာချက်ကြောင့် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေကတော့ အံ့သြမင်သက်နေကြပုံ ရပါတယ်။
အမေရိကန်နိုင်ငံရဲ့ ယာယီ ကာကွယ်ရေး ဝန်ကြီး ဖြစ်သူ Patrick Shanahan ဟာ ကာကွယ်ရေး ဝန်ကြီးအဖြစ် အဆိုပြု လျာထားခံရာကနေ ရုပ်သိမ်း နုတ်ထွက်သွားတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။
ပါရီမြို့ပြင်က တရားရေးဌာနရဲတပ်ဖွဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးရုံးကို ဒီကနေ့ မနက်ပိုင်းက ဆင့်ခေါ်ပြီးတဲ့နောက် Platini ကို ဖမ်းထားလိုက်တယ်ဆိုပြီး Mediapart အွန်လိုင်းသတင်းဌာနမှာ ရေးသားဖော်ပြထားတာကို အဲဒီတာဝန်ရှိသူက အတည်ပြု ပေးပါတယ်။
ရာဇဝတ်ပြစ်မှုနဲ့ သံသယရှိသူတွေ တရုတ်ပြည်မကြီးမှာ အမှုရင်ဆိုင်ဖို့ လွှဲပြောင်းပေးရမယ့် ဥပဒေမူူကြမ်းကို ကန့်ကွက် ဆန္ဒပြတာတွေကနေ နိုင်ငံရေးအကျပ်အတည်းနဲ့ မတည်မငြိမ်ဖြစ်လာတဲ့ပေါ် ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က ဒီကနေ့ တောင်းပန်စကား ပြောပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗီယက်နမ် ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ် ပေါ်လစ်ဗျူရို ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်တဲ့ Vuong Dinh Hue ဦးဆောင်တဲ့ အဖွဲ့ဟာ ဇွန်လ (၁၇) ရက်နေ့က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ဒုတိယ သမ္မတ ဦးမြင့်ဆွေ နဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ အီဂျစ်နိုင်ငံရဲ့ ဒီမိုကရေစီစနစ်အရ ပထမဆုံး ရွေးကောက်ခံရပြီးနောက် စစ်တပ်က ဖြုတ်ချခံခဲ့ရသူ သမ္မတဟောင်း Mohamed Morsi ဟာ တရားရုံးမှာ ကြားနာ နေစဉ်အတွင်း လဲကျ သေဆုံးသွားခဲ့ပါတယ်။
ဟောင်ကောင်က ဒီမိုကရေစီရေးလှုပ်ရှားသူ Joshua Wong ဟာ အကျဉ်းထောင်က လွတ်လာခဲ့ပြီးနောက်မှာပဲ အစိုးရရုံးချုပ်တွေ ရှိရာနားက စုဝေးဆန္ဒပြပွဲမှာ ပါဝင် ဆန္ဒပြခဲ့ပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဆင်းပေးဖို့နဲ့ ကန့်ကွက်နေကြတဲ့ ဥပဒေကြမ်းကို ပယ်ဖျက်ပေးဖို့ Joshua Wong က တောင်းဆိုခဲ့ပါတယ်။
အိုမန် ပင်လယ်ကွေ့ထဲမှာ ရေနံတင်သင်္ဘော ၂စင်းကို အီရန်တိုက်ခိုက်တာ မှားယွင်းတဲ့ လုပ်ဆောင်မှုမျိုး မဟုတ်ဘူးလို့ အမေရိကန်က အခိုင်မာပြောဆိုလိုက်ပြီး ၊ Hormuz ရေလက်ကြားထဲ လွတ်လပ်တဲ့ ရေကြောင်းသွားလာခွင့် ရှိရေးအတွက် သံတမန်ရေး နည်းနဲ့ဖြစ်ဖြစ် စစ်ရေးကြားဝင်တဲ့နည်းနဲ့ဖြစ်ဖြစ် အာမခံချက် ပေးသွားမယ်လို့ ပြောပါတယ်။
ဆူဒန်နိုင်ငံမှာ ဒီလအစောပိုင်းတုန်းက ဒါဇင်နဲ့ချီ သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့တဲ့ ဆန္ဒပြသူတွေ အပေါ် သွေးထွက်သံယို ဖြိုခွင်းခဲ့သူတွေကို ကြိုးစင်တင်မယ်လို့ ထိပ်တန်း စစ်ဗိုလ်ချုပ် တဦးက တနင်္ဂနွေနေ့မှာ ကတိပြုပြောဆိုပါတယ်။
ပင်လယ်ပြင်မှာ မျောနေတဲ့ ပလပ်စတစ်အမှိုက်တွေကို လျှော့ချသွားမယ်လို့ ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ G20 စီးပွားရေးထိပ်သီး ညီလာခံမှာ တနင်္ဂနွေနေ့က သဘောတူလိုက်ပါတယ်။
အပူချိန်လွန်ကဲမှုကြောင့် အိန္ဒိယနိုင်ငံ Bihar ပြည်နယ်မှာ ၂၄ နာရီအတွင်း လူဒါဇင်နဲ့ချီ သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက တနင်္ဂနွေ နေ့မှာ ပြောပါတယ်။ အိန္ဒိယမှာ အပူချိန် မြင့်တက်နေတာ သီတင်း ၃ပတ်လောက် ကြာနေပါပြီ။
ဟောင်ကောင်မှာ လူတွေထောင်နဲ့ချီပြီး ဒီကနေ့မှာ အနက်ရောင်ဝတ်စုံတွေ ဝတ်ဆင်ပြီး လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး ဟောင်ကောင် အုပ်ချုပ်ရေးမှူးကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံက အိန္ဒိယကို တင်သွင်းတဲ့ သွင်းကုန်တွေအပေါ် အိန္ဒိယဘက်က အခွန်တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကလေးရှိတဲ့ ဖခင်တွေက ကလေးမရှိတဲ့ အမျိုးသားတွေထက် ပညာ ပိုတတ်ကြတယ်လို့ အမေရိကန်ထုတ် စစ်တမ်း တစောင်မှာ ပြောဆိုလိုက်ပြီး အမျိုးသားတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ ဖခင်တွေ ဖြစ်ကြတယ်လို့ ဖေါ်ပြပါတယ်။
အိန္ဒိယ ကျောင်းသားတွေနဲ့ ပညာရှင်တွေ ရွှေ့ပြောင်း အခြေချလိုတဲ့ ထိပ်တန်း ရွေးချယ်မှု အဖြစ် အမေရိကန် ပြည်ထောင်စုက ဆယ်စုနှစ် ငါး ခု နီးပါးကြာ ရှိလာခဲ့ပေမယ့် အခုတော့ အမေရိကန် ပြည်ထောင်စုက လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေ ပိုပြီး တင်းကြပ်လာတာကြောင့် သောင်းချီတဲ့ အိန္ဒိယ လူငယ်တွေက အခုတော့ ကနေဒါကို ဦးတည်နေကြပါပြီ။
အိုမန် ပင်လယ်ကွေ့မှာ ရေနံတင် သဘောၤနှစ်စင်း တိုက်ခိုက်ခံရမှုအတွက် အီရန်ကို ဗြိတိန်ဘက်က အပြစ်တင်လိုက်ပြီးနောက်မှာတော့ အီရန်ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးကို စနေနေ့မှာ အီရန် အစိုးရက ဆင့်ခေါ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင် ISNA သတင်းအေဂျင်စီက ဖော်ပြပါတယ်။
နောက်ထပ်ကြည့်ရှုရန်