ပညာရေးကဏ္ဍ အပါအဝင် မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ မူဝါဒရေးရာ ကိစ္စတွေကို ဘယ်သူတွေက ဘယ်လိုပုံစံတွေနဲ့ စဉ်းစားဆုံးဖြတ်နေကြသလဲ၊ လူပုဂ္ဂိုလ် တဦးတယောက်ချင်းစီရဲ့ သဘောထားအမြင်တွေက လွှမ်းမိုးနေသလား ဆိုတာဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
တရုတ်သမ္မတရှီက ရုရှားသမ္မတ ပူတင်ကို သူရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတဦးအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ရုရှားသမ္မတ ပူတင်က တရုတ်သမ္မတရှီကို မွေးနေ့လက်ဆောင်အဖြစ်နဲ့ ရေခဲမုန့်ပေးခဲ့တယ်လို့ တရုတ်အစိုးရပိုင်မီဒီယာက ဖော်ပြပါတယ်။
ဟောင်ကောင်နဲ့ မတူတဲ့ တရားစီရင်ရေးစနစ်ရှိရာ တရုတ်ပြည်မကြီးကို လွဲှဲပြောင်းပေးမယ့်အပေါ် ဟောင်ကောင်မှာ ရှိနေကြတဲ့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းတွေ သာမက ဥပဒေရေးရာ အသိုင်းအဝန်းနဲ့ ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေး ပါတီတွေကပါ စိုးရိမ်နေကြပါတယ်။
ရေပိုင်နက်အငြင်းပွားမှုတွေ ရှိနေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောကို တရုတ်သင်္ဘောတစီးက ဝင်တိုက်မိခဲ့တယ်ဆိုတာကို တရုတ်အစိုးရက အတည်ပြုပေမဲ့ တိုက်ပြီး ရှောင်ပြေးသွားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ ငြင်းဆိုလိုက်ပါတယ်။
အမျိုးသား အမျိုးသမီး ခွဲခြားဆက်ဆံမှု ပြင်းထန်တဲ့ ဆော်ဒီ အာရေဘီးယားနိုင်ငံမှာ ကျားမ မရွေးတက်ရောက်နိုင်တဲ့ ပထမဆုံး ညကလပ် တစ်ခု ကို ဂျက်ဒါးမြို့မှာ ကြာသပတေးနေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖွင့်ပွဲကိုတော့ ဆော်ဒီ အာဏာပိုင်တွေက တားမြစ်ခဲ့ပါတယ်။
ဒိန်းမတ် နိုင်ငံက ဆိုရှယ်ဒီမိုကရက်တွေ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာကြောင့် ဥရောပတိုက်က အဓိက လက်ဝဲပါတီတွေ အတွင်းမှာ တင်းကြပ်တဲ့ လူဝင်မှု ကြီးကြပ်ရေးမူဝါဒကို ကျင့်သုံးမလားဆိုပြီး ဆွေးနွေးငြင်းခုံလာကြပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ က အိုမန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘော နှစ်စီး တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု အနေနဲ့ နိုင်ငံတကာ သဘောတူညီချက် တခုရအောင် တည်ဆောက်နေတယ်လို့ ကာကွယ်ရေး ဝန်ကြီး Pat Shanahan က ပြောပါတယ်။
ထိုင်း ဝန်ကြီးချုပ် Prayuth Chan-ocha ဟာ ဒီ လအကုန်မှာ အစိုးရအဖွဲ့သစ်နဲ့အတူ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပေမဲ့ သူ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းတုန်းက ကတိပြုခဲ့သလို ထိုင်းနိုင်ငံအတွင်း စည်းလုံးညီညွတ်မှှုကို တွေ့ရဦးမှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံ က လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေးတဲ့ ဥရောပသမဂ္ဂ EU - မြန်မာ ငါးကြိမ်မြောက် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို မနေ့က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပေးနေတဲ့ အကူအညီတွေဟာ တောင်အာရှဒေသ တည်ငြိမ်ရေးအတွက် အရေးကြီးသလို ရိုဟင်ဂျာဒုက္ခသည်တွေအတွက်လည်း အရေးကြီးတယ်လို့ USAID က ပြောကြားခဲ့ပါတယ်။
Oman ပင်လယ်ကွေ့မှာ ကြာသပတေးနေ့က တိုက်ခိုက်ခံခဲ့ရတဲ့ ရေနံတင်သင်္ဘော နှစ် စင်းထဲက တစင်းရဲ့ ဝမ်းဗိုက်မှာ ကပ်ထားတဲ့ မပေါက်ကွဲသေးတဲ့ သံလိုက်မိုင်းကို အီရန်ကင်းလှည့်သင်္ဘောက ဖယ်ရှားနေတယ်လို့ အမေရိကန်ရေတပ်ကပြောပြီး Video ကို ထုတ်ပြန်ခဲ့ပါတယ်။
အီရန်ကမ်းလွန်က မဟာဗျူဟာကျတဲ့ ရေလမ်းမှာရှိတဲ့ အိုမန်ပင်လယ်ကွေ့မှာ ကြာသပတေးနေ့က ရေနံတင်သင်္ဘော ၂ စင်း အတိုက်ခိုက်ခံခဲ့ရတာဟာ အီရန်ရဲ့ လက်ချက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အပြစ်တင် ပြောကြားလိုက်ပါတယ်။
အရှေ့အလယ်ပိုင်း နိုင်ငံတွေဆီကို ဒေါ်လာ ဘီလီယံများစွာ တန်ဖိုးရှိတဲ့ အမေရိကန် လက်နက်တွေ ရောင်းချတာကို ဟန့်တားဖို့ ရည်ရွယ်တဲ့ ဆုံးဖြတ်ချက်နှစ်ရပ်ကို အမေရိကန် အထက်လွှတ်တော်က ကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ ကိုယ်ပိုင် အာကာသယာဉ်စခန်းငယ်လေး တစ်ခုကို အာကာသအတွင်း လွှတ်တင်ဖို့ ရှိကြောင်း အိန္ဒိယ အာကာသ အေဂျင်စီ အကြီးအကဲ K Sivan က ကြာသပတေးနေ့က သတင်းထောက်တွေကို ပြောပါတယ်။
အီရန်နိုင်ငံ ကမ်းလွန်က ရေကြောင်းအချက်အခြာဒေသ အိုမန်ပင်လယ်ကွေ့မှာ တိုက်ခိုက်မှုကြောင့် ရေနံတင်သင်္ဘော ၂ စင်း ထိခိုက်ပျက်စီးသွားပါတယ်။
ရိုဟင်ဂျာမွတ်ဆလင် ၆၅ ယောက်ကို မလေးရှားနိုင်ငံကို တရားမဝင်ပို့ဆောင်ဖို့ကြိုးစားတဲ့ ထိုင်းစက်လှေ Captain နဲ့ မြန်မာ ၅ ယောက်ကို လူကုန်ကူးမှုနဲ့ ထိုင်းအစိုးရက တရားစွဲလိုက်ပါတယ်။
ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်ကို ဒဏ်ခတ် အရေးယူမယ့် ဥပဒေမူကြမ်း တခုကို အမေရိကန် နိုင်ငံရေး ပါတီကြီး ၂ ခုက ထိပ်တန်းလွှတ်တော် အမတ် ၂ ယောက်က ပူးတွဲအဆိုပြုလိုက်ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ကြားက အရှိန်မြင့်လာတဲ့ တင်းမာမှုတွေ လျော့ပါးရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စိတ်ရှည်သည်းခံမှု မရှိဘူးဆိုရင် အရှေ့အလယ်ပိုင်းဒေသမှာ နောက်ထပ် စစ်ရေးပဋိပက္ခတွေနဲ့ ကြုံရနိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က သတိပေးလိုက်ပါတယ်။
အလိုရှိသူတွေ လွှဲပြောင်းပေးဖို့ရေးဆိုင်ရာ ဥပဒေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ဟောင်ကောင်မှာ ဗုဒ္ဒဟူးနေ့က ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီးတဲ့နောက် အမေရိကန် ပြည်ထောင်စုက ပါဝင်ပတ်သက်သူ အဖွဲ့တွေအားလုံး ထိန်းထိန်းသိမ်းသိမ်း ရှိဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာဘက်က လိမ်ညာနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က စွပ်စွဲပြောကြား လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်