မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့အနေနဲ့ အန္ဒိယ-မြန်မာ ချိတ်ဆက်ရေး ညီလာခံကို တက်ရောက်ပြီး နှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေးနဲ့ ဆေးကုသရေး ကိစ္စတွေ အဓိကဆွေးနွေးခဲ့ကြပါတယ်။
ဆန္ဒပြပွဲတွေ ပေါ်ပေါက်ရာက အငြင်းပွားစရာ ဖြစ်နေတဲ့ ဥပဒေကို ဆွေးနွေးမယ့် အစီအစဉ်ကို လွှတ်တော်က ရွှေ့ဆိုင်းလိုက်ရပါတယ်။ ဆန္ဒပြသူတွေ အနီးအနားမှာရှိတဲ့ ကုန်တိုက်တခုနဲ့ လမ်းတွေပေါ်မှာ လူစုကွဲသွားပေမဲ့ လှုပ်ရှားမှု အရေးနိမ့်သွားတာ မဟုတ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။
ရိုဟင်ဂျာ ဒုက္ခသည်အရေး ဖြေရှင်းရာမှာ မြန်မာနိုင်ငံကို တွန်းအားပေးဖို့ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား လက်ခံ သဘောတူခဲ့ကြကြောင်း တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ရှေ့နှစ်ထဲ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် လက်ရှိသမ္မတ Donald Trump နဲ့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့် သူတွေထဲမှာ ရှေ့တန်းရောက်နေတဲ့ ဒုသမ္မတဟောင်း Joe Biden တို့ မနေ့တုန်းက Iowa ပြည်နယ်မှာ အပြိုင်အဆိုင် စည်းရုံးရေးဆင်းခဲ့ကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က မက္ကဆီနိုင်ငံနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သဘောတူညီချက် အသစ် ရရှိကြောင်း အင်္ဂါနေ့က သတင်းထောက်တွေကို ပြောပေမဲ့ မက္ကဆီကိုနိုင်ငံကတော့ ဒီ ကိစ္စကို ဘာမှ မသိဘူးလို့လည်း ပြောထားပါတယ်။
ဆီးရီးယား နိုင်ငံမှာ Damascus က Four Seasons ဟော်တယ် ဆောက်လုပ်တာ အပါအဝင် အဆင့်မြင့်လုပ်ငန်းကြီးတွေ လုပ်ကိုင်နေတဲ့ စက်မှုလုပ်ငန်းရှင် Samer Foz ဟာ ဆီးရီးယားသမ္မတ Bashar al-Assad ကို ပိုချမ်းသာအောင် လုပ်ပေးနေတယ်လို့ စွပ်စွဲပြီး အမေရိကန်ပြည်ထောင်စုက အင်္ဂါနေ့မှာ အရေးယူဒဏ်ခတ် ကြောင်း ကြေညာလိုက်ပါတယ်။
မျှော်လင့်မထားတဲ့ အခြေအနေမျိုးတွေကြောင့်သာ မဟုတ်ဘူးဆိုရင် Huawei ကုမ္ပဏီဟာ ဒီနှစ်ကုန်မှာ ကမ္ဘာ့ နံပါတ်တစ် စမတ် ဖုန်းထုတ်တဲ့ ကုမ္ပဏီ ဖြစ်သွားခြေရှိတယ်လို့ ကုမ္ပဏီရဲ့ မဟာဗျူဟာရေးရာ အကြီးအကဲက ပြောလိုက်ပါတယ်။
မြောက် ကိုရီးယားနိုင်ငံအတွင်း လူမြင်ကွင်းမှာ စီရင် ကွပ်မျက်လေ့ရှိတဲ့ ရာနဲ့ ချီတဲ့ နေရာတွေကို ဖော်ထုတ်နိုင်ပြီလို့ ဆိုးလ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Transitional Justice Working Group က ပြောပါတယ်။
ပါကစ္စတန် သမ္မတဟောင်း Asif Ali Zardari ကို ဒေါ်လာသန်းချီပြီး ငွေမဲခဝါချမှုနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
နယူးယောက် Manhattan က မိုးမျှော်တိုက်တလုံးပေါ်မှာ တနင်္လာနေ့ နေ့လည်က ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်မောင်း သေဆုံးသွားတယ်လို့ နယူးယောက်အရာရှိတွေက ပြောပါတယ်။ မိုးရွာပြီး မြူတွေ ဆိုင်းနေချိန်မှာ ပျက်ကျခဲ့တဲ့ပါ။
ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးမှာ မြန်မာနိုင်ငံဘက်က ပြန်ခေါ်ဖို့ လိုလိုလားလား မရှိသလို ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ပြန်ပို့ရေး အစီအစဉ်ကို ကန့်ကွက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ဝေဖန်လိုက်ပါတယ်။
ရာဇဝတ်မှု ကျူးလွန်တယ်လို့ မသင်္ကာသူတွေကို တရုတ်ပြည်မကြီးမှာ အမှုရင်ဆိုင်နိုင်ဖို့ ဟောင်ကောင်ကနေ လွှဲပေးနိုင်မယ့် ဥပဒေကြမ်းကို လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ ဆက်လုပ်သွားမယ်လို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးက ဒီကနေ့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
အမေရိကန်ကို ဝင်ဖို့ မက္ကဆီကို နိုင်ငံကို ဖြတ်လာကြတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို ထိန်းချုပ်ရေး မက္ကဆီကိုဘက်က နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ပေမယ့် အခု သဘောတူညီချက်သစ် အရ ဒီပြသနာ လျော့ပါးသက်သာလာမယ်လို့ ယုံကြည်ကြောင်း အမေရိကန် သမ္မတ Donald Trump က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။
တရုတ် သမ္မတ Xi Jinping နဲ့ ကုန်သွယ်ရေး သဘောတူညီချက် မရနိုင်ဘူးဆိုရင်တော့ အမေရိကန် သမ္မတ Donald Trump အနေနဲ့ တရုတ်သွင်းကုန်တွေ အပေါ် ထပ်ပြီး အခွန်ကောက်ဖို့ စိတ်အားထက်သန်လိမ့်မယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Steven Mnuchin က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုရလာစေဖို့အတွက် အဆင့်မြင့်အရာရှိကြီးတွေ ဆွေးနွေးပွဲကို အိန္ဒိယနယ်စပ် အင်ဖါမြို့မှာ ဇွန်လ ၁၁ ရက်နေ့ကျရင် ကျင်းပသွားမယ်လို့ အိန္ဒိယနိုင်ငံထုတ် The Hindu သတင်းစာမှာဖေါ်ပြပါတယ်။
အမေရိကန် နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲအတွင်း တရုတ်နိုင်ငံရဲ့ နည်းပညာတွေကို အကာအကွယ်ပေးဖို့ စနစ်တရပ်ကို တရုတ်အစိုးရကဖန်တီး လုပ်ဆောင်သွားမယ်လို့ တရုတ်အစိုးရပိုင်သတင်းမီဒီယာက ပြောကြားလိုက်ပါတယ်။
G-20 ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ (၂၀) က ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဌတွေက ကမ္ဘာ့ စီးပွားရေးဖွံဖြိုးတိုးတက်မူအတွက် အကာအကွယ်ပေးဖို့ မူဝါဒပေါင်းစုံကျင့်သုံးသွားမယ်လို့ ကတိပြုလိုက်ကြပါတယ်။
အမေရိကန်ပြည်ထောင်စု နဲ့ လူဝင်မှုကြီးကြပ်ရေးသဘောတူညီချက်အသစ်က ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့ နဲ့ အမေရိကန် နဲ့ မက္ကဆီကိုနိုင်ငံကြား ကောင်းမွန်တဲ့ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းလိုက်နိုင်စေတယ်လို့ မက္ကဆီကို သမ္မတ Andres Lopez Obrador က ပြောကြားလိုက်ပါတယ်။
ဟောင်ကောင်ရဲ့ တရားခံလွဲှပြောင်းတဲ့ဥပဒေကို ပြင်ဆင်ဖို့ အစိုးရက အဆိုပြုတာကို ကန့်ကွက်တဲ့အနေနဲ့ လူထောင်ပေါင်းများစွာဟာ လမ်းတွေပေါ်ကို ထွက်ပြီး ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန် နှစ် နိုင်ငံကြား သဘောထားကွဲလွဲမှုတွေကို ညှိနှိုင်းဖို့ ဆွေးနွေးလိုကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဆီ စာတစောင် ရေးသားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်