အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးတင်းမာနေမှုတွေကြောင့် စက်ရုပ်၊ ဒရုန်းယာဉ်နဲ့ လျှပ်စစ်ကားတို့လို အဆင့်မြင့် နည်းပညာပစ္စည်းတွေအတွက် လိုအပ်တဲ့ ရှားပါးသတ္ထု ၁၇ မျိုး ရရှိနိုင်ရေး အမေရိကန်အတွက် စိုးရိမ်ဖွယ်အခြေအနေ ရှိနေပါတယ်။
AFP သတင်းအေဂျင်စီက လက်ခံရရှိတဲ့ အာဆီယံ အဖွဲ့ကြီးရဲ့ အရေးပေါ် တုံ့ပြန်အကဲဖြတ်ရေး အဖွဲ့က ရေးသားတဲ့ ပေါက်ကြားထွက်လာတဲ့ အစီရင်ခံစာကတော့ လာမယ့် သတင်းပတ်တွေ အတွင်း တရားဝင် ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။
ဖိလစ်ပိုင် အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို ကုလသမဂ္ဂဘက်က လွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုချက်ဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုလို့ ဆိုပြီး ဖိလစ်ပိုင် အစိုးရဘက်က စနေနေ့မှာ ပယ်ချလိုက်ပါတယ်။
ကုမ္ပဏီကြီးတွေအနေနဲ့ ကမ္ဘာ့စီးပွားရေးကို အထောက်အကူဖြစ်စေဖို့အတွက် သူတို့အနေနဲ့ ပေးသင့်ပေးထိုက်တာတွေကို ပေးဖို့လိုအပ်နေတယ်လို့ ဂျပန်နိုင်ငံ Fukuoka မြို့မှာပြုလုပ်နေတဲ့ G-20 လို့ခေါ်တဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီးအဖွဲ့ဝင်နိုင်ငံများရဲ့ ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ဒီကနေ့ သဘောတူလိုက်ကြပါတယ်။
အီရန်နိုင်ငံရဲ့ ရေနံလုပ်ငန်းကို အဓိက ပစ်မှတ်ထားတဲ့ အမေရိကန်ရဲ့ အခုနောက်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုကို အီရန်နိုင်ငံက ရှုတ်ချလိုက်ပြီး အမေရိကန်သမ္မတ Donald Trump အနေနဲ့ အီရန်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ အလေးအနက် မထားဘူးဆိုတာကို ပြလိုက်တာပဲလို့ ပြောဆိုလိုက်ပါတယ်။
နှစ်နိုင်ငံ သဘောတူညီချက် ရယူနိုင်ခဲ့ပြီမို့ တနင်္လာနေ့က စပြီး မက္ကဆီကို ပို့ကုန်တွေအပေါ် သွင်းကုန်ခွန် ၅ ရာခိုင်နှုန်း ချမှတ်မယ့်အစီအစဉ်ကို ဆိုင်းငံ့လိုက်ပြီလို့ သမ္မတ Trump က တွီတာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်
အီရန်နိုင်ငံရဲ့ အကြီးဆုံးကုမ္ပဏီ ဖြစ်တဲ့ ရေနံဓာတုလုပ်ငန်းကြီးကို ပစ်မှတ်ထားပြီး Trump အစိုးရက အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်ကို ချမှတ်လိုက်ပါတယ်။
နိုင်ငံတကာ အာကာသစခန်းကို ကုန်သွယ်စီးပွားဆိုင်ရာနဲ့ အရပ်သား လည်ပတ်မူတွေကို ရှေ.နှစ်ဆန်းလောက် စ ခွင့်ပြုတော့မယ်လို့NASA အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ အရာရှိတွေက ဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ အကြမ်းဖက်မူတိုက်ဖျက်ရေး အတွက်အမေရိကန်ဘက်က ပိုကူပေးရေး ဆွေးနွေးဖို့ရှိတာကြောင့် ဖိလစ်ပိုင်နဲ့တရုတ် မိတ်ဆွေသစ်ဖြစ်လာချိန် ရှိလာခဲ့တဲ့ အမေရိကန်နဲ့ တင်းမာမူတွေအပြီး၊ပြန်နီးစပ်မူတွေရှိလာနိုင်တယ်လို့ သုံးသပ်မူတွေ ရှိနေပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဆရာတော်ဦးဝီရသူကို ဖမ်းမိဖို့ သွားလာတတ်တဲ့ နေရာတွေမှာ ရှာဖွေနေတဲ့အကြောင်း နိုင်ငံတော်သမ္မတရုံးက ပြောပါတယ်။
ဖိလစ်ပိုင်ပင်လယ်ထဲမှာ အမေရိကန်နဲ့ ရုရှားစစ်သင်္ဘော ၂ စီးတိုက်မိမလိုဖြစ်ခဲ့ပြီးနောက် ဒီဖြစ်ရပ်ဟာ အန္တရာယ်များပြီးမဆင်မခြင်လုပ်ရပ် ဖြစ်တယ်လို့ ၂ ဖက်လုံးက အပြန်အလှန်စွပ်စွဲပြောကြားနေကြပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အီရန်အစိုးရတို့ကြား တင်းမာနေမှုတွေ ပြေလျော့အောင် ကြိုးစားဖို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ဟာ အီရန်ကို သွားရောက်မှာ ဖြစ်ကြောင်း ဂျပန်အစိုးရပြေခွင့်ရ က ကြာသပတေးနေ့မှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဆီကို ဦးတည်ပြီး အလယ်ပိုင်းအမေရိကတိုက် နိုင်ငံတွေက ရွှေ့ပြောင်းသူတွေ တိုးလာနေတာကို အခုထက်ပိုပြီး တားဆီးပေးဖို့ အမေရိကန်က မက္ကစီကိုနိုင်ငံကို ကြာသပတေးနေ့မှာ ပိုပြီးတွန်းအားပေးလာပါတယ်။
၄၅ ရက်ကြာ အမှိုက်ရှင်းခဲ့တဲ့ နီပေါအစိုးရ တောင်တက်လေ့လာရေးအဖွဲ့အနေနဲ့ အစားအသောက်ထုတ်တဲ့ပစ္စည်းတွေ၊ ဗူးခွံတွေ၊ ကျွင်းကျန် အောက်ဆီဂျင် ဆလင်ဒါဗူးတွေနဲ့ တခြား စွန့်ပစ်အမှိုက်တွေကို ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
လုပ်ကြံသတင်းတွေဟာ လူမျိုးရေးခွဲခြားတဲ့ဝါဒ၊ အကြမ်းဖက်ဝါဒ ဒါမှမဟုတ် ဥတုရာသီပြောင်းလဲမှုတို့ထက် ပိုကြီးမားတဲ့ ပြဿနာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံသားထက်ဝက်က သတ်မှတ်တယ်ဆိုတာ အသစ်ထွက်လာတဲ့ လူထုသဘောထားစစ်တမ်း ကောက်ယူချက်တခုမှာ တွေ့ရပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့က စစ်မှုထမ်းဟောင်းတွေကို ဂုဏ်ပြုချီးကျူး ပြောဆိုကြသလို မဟာမိတ်နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း အထူး ဖော်ပြ ပြောဆိုကြပါတယ်။
Denmark နိုင်ငံရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Social Democrats ပါတီခေါင်းဆောင်ဟာ အသက်အငယ်ဆုံး နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
အိန္ဒိယ နိုင်ငံမှာ လေထုညစ်ညမ်းမူကြောင့် နှစ်စဉ် (၅) နှစ်အောက် ကလေးပါင်း (၁) သိန်း သေဆုံးနေရတယ်လို့ လေ့လာမူ တစ်ခုမှာ တွေ့ရှိလိုက်ပါတယ်။
သမ္မတ Putin က သမ္မတ Xi ရဲ့ ရုရှားခရီးစဉ်ဟာ သူတို့ အိမ်နီးချင်း (၂) နိုင်ငံအကြား ဆက်ဆံရေးမှာ အထူးအရေးပါတယ်၊ သမ္မတ Xi ကိုယ်တိုင်ပါဝင်လာတာကြောင့် မကြုံစဖူး ဆက်ဆံရေး အထွဋ်အထိပ်ကို ရောက်လာခဲ့တယ်လို့ ထုတ်ပြောခဲ့ပါတယ်။
အမေရိကန်နဲ့ တရုတ်ကြားက ကုန်သွယ်ရေးစစ်ပွဲဟာ ရှေ့လာမယ့်နှစ် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက် ပါတယ်။
နောက်ထပ်ကြည့်ရှုရန်