မက္ကဆီကို အနေနဲ့ အမေရိကန်ထဲရွှေ့ ပြောင်းလာသူတွေကို မတားဆီးပေးရင် သွင်းကုန်ခွန် တိုးကောက်မယ်လို့ အမေရိကန် သမ္မတက ခြိမ်းခြောက်ခဲ့တာနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအရာရှိတွေ ဆွေးနွေးခဲ့ရာမှာ ဘာသဘောတူချက်မှ မရဘဲ ဖိအားဆက်ပေးတာတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ဟန်ဂေရီနိုင်ငံမှာ ရောက်နေပြီး ဒီနေ့ ဒေသစံတော်ချိန် မနက် ၉ နာရီမှာ ဟန်ဂေရီဝန်ကြီးချုပ် Mr. Viktor Orban နှင့် ဘူဒါပတ်စ်မြို့ ဟန်ဂေရီဝန်ကြီးချုပ်ရုံးမှာတွေ့ဆုံတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံ တီယန်နန်မင် အရေးအခင်းနဲ့ မြန်မာနိုင်ငံက ရှစ်လေးလုံး လှုပ်ရှားမှုတွေက သင်ခန်းစာယူစရာ ဘာတွေများ ကျန်ရစ်ခဲ့ပါသလဲ၊ ဒီလှုပ်ရှားမှုတွေဟာ အချည်းအနှီးဖြစ်ခဲ့သလား၊ အပြောင်းအလဲတွေအတွက် တွန်းအားတွေ ဖြစ်ခဲ့သလား ဆိုတာတွေကို ဗွီအိုအေရဲ့ ဇွန်လ ၈၊ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။
ဗြိတိန်နိုင်ငံတောင်ပိုင်း၊ Portsmouth ဆိပ်ကမ်းမြို့မှာ ဒီကနေ့ကျင်းပတဲ့ D-Day ကမ်းတက်တိုက်ပွဲ ၇၅ နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားကို ဗြိတိန်ဝန်ကြီးချုပ် Theresa May၊ ကနေဒါဝန်ကြီးချုပ် Justin Trudeau၊ ဂျာမန်ဝန်ကြီးချုပ် Angela Merkel တို့နဲ့အတူ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ်ထရမ့်ပ်လည်း တက်ရောက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြား ပိတ်မိနေတဲ့ အရပ်သား ပြည်သူတွေကို အကာအကွယ် ပေးဖို့နဲ့ စစ်ဒဏ် ခံစားနေရတဲ့ ပြည်သူတွေဆီကို လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေ အမြန်ဆုံး ရောက်ဖို့ မြန်မာ အစိုးရနဲ့ AA ရခိုင် လက်နက်ကိုင် အဖွဲ့အနေနဲ့ ဆောင်ရွက်သင့်တယ်လို့ Fortify Rights အဖွဲ့ကြီးက ပြောလိုက်ပါတယ်။
စကာၤပူနဲ့ မလေးရှားနိုင်ငံတို့မှာ လုပ်ငန်းဖျက်သိမ်းလိုက်တဲ့ စက်ဘီး အငှား ကုမ္ပဏီတွေ ဖြစ်တဲ့ ofo နဲ့ oBike တို့က စက်ဘီး အစီးရေ ၁ သောင်းကို မြန်မာနိုင်ငံက လိုအပ်နေတဲ့ ကျောင်းသားတွေကို လှူဒါန်းဖို့ မြန်မာ အကူအညီပေးရေး အဖွဲ့ ဖြစ်တဲ့ Lesswalk က ဝယ်ယူလိုက်ပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်ကိုရောက်နေတဲ့ အမေရိကန်သမ္မတ Donald Trump နဲ့ ဗြိတိန်ဝန်ကြီးချုပ် Theresa May တို့ ဒီကနေ့ တွေ့ဆုံခဲ့ကြသလို၊ နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးမြှင့်နိုင်ဖို့ ဆန္ဒရှိနေတယ်ဆိုတာကိုလည်း နှစ်ဘက်စလုံးက ပြသခဲ့ကြပါတယ်။
ချက်သမ္မတနိုင်ငံကို သုံးရက်ကြာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက ချက်နိုင်ငံခြားရေးဝန်ကြီး Tomas Petricek နဲ့ တွေ့ဆုံသလို၊ ချက်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးညီလာခံကိုလည်း တက်ရောက် ခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝ က တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရတဲ့ Tiananmen အရေးအခင်း နှစ်ပတ်လည်နေ့ ဖြစ်တဲ့ ဒီကနေ့မှာ အထိမ်းအမှတ် အခမ်းအနားပွဲတွေ မလုပ်နိုင်အောင် အစိုးရက ဘေကျင်းမြို့တဝိုက် လုံခြုံရေး တင်းကျပ်ထားပါတယ်။
တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ တုန်းက တရုတ် အစိုးရရဲ့ Tiananmen ရင်ပြင်မှာ သဘောထား ဆန့်ကျင်သူတွေကို သွေးထွက်သံယို ဖြိုခွင်း နှိမ်နင်းမှုကို ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့ကြတဲ့ တရုတ် ပြည်သူတွေရဲ့ သူရဲ့ကောင်းတွေကို အမေရိကန် ပြည်ထောင်စုက တနလာၤနေ့မှာ ဂုဏ်ပြုလိုက်ပါတယ်။
G5 ကွန်ယက်တွေ တည်ထောင်ဖို့ လုပ်နေတဲ့ ဥရောပ မဟာမိတ်တွေ အနေနဲ့ လုံခြုံရေးဆိုင်ရာ အန္တရာယ်ရှိတဲ့ တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ ဟွာဝေ Huawei ကို သတိထားဖို့ အမေရိကန် ပြည်ထောင်စုက ထပ်မံသတိပေးလိုက်ပါတယ်။
နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်း ပျံသန်းပြေးဆွဲနိုင်ဖို့ အလားအလာ အပါအဝင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေးနဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ခေါင်းဆောင် Kim Jong Un တက်ရောက်တဲ့ အနုပညာဖျော်ဖြေပွဲအကြောင်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းကထုတ်တာမှာ သတင်း Video ထဲမှာ Kim Yong-chol ကိုလည်း တေ့ွခဲ့ရပါတယ်။ ဒါပေမဲ့ Kim Jong-Un ရဲ့ ညာလက်ရုံး ထောက်လှမ်းရေးအကြီးအကဲဟောင်း Kim Yong-chol ရာထူးချခံရတာ ဖြစ်နိုင်ပါတယ်။
လန်ဒန်မြို့တော်ကို ရောက်လာတဲ့ သမ္မတ Trump နဲ့ သမ္မတကတော် Melania Trump တို့ကို ဗြိတိန်ဘုရင်မကြီးက Buckingham နန်းတော်မှာ တေ့ွဆုံပြီး နေ့လည်စာနဲ့ တည်ခင်းဧည့်ခံတာ ဖြစ်ပါတယ်။ နန်းတော်ကို ရောက်လာချိန်မှာ သမ္မတကို ကြိုဆိုတဲ့အနေနဲ့ အနားက Green Park ပန်းခြံမှာ အမြောက် ၂၁ ချက် ပစ်ဖောက်ခဲ့ပါတယ်။
နိုင် နိုင်ငံကြား တင်းမာနေတဲ့ အခြေအတွေ လျော့ကျသွားအောင် အမေရိကန်ပြည်ထောင်စု အနေနဲ့ စည်းမျဉ်းစည်းကမ်း ကြိုတင်သတ်မှတ် မထားဘဲ အီရန်နိုင်ငံနဲ့ ဆွေးနွေးလိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်တွင်းမှာ ရခိုင်လက်နက်ကိုင်တပ် AA ကို တိုက်ခိုက်နေတာက နယ်မြေ တည်ငြိမ်မှု စစ်ဆင်ရေး ဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောဆိုလိုက်ပါတယ်။ မနေ့ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ရဲ့ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦးက သတင်းထောက် တယောက်ရဲ့ အမေးကို အခုလို ဖြေကြား သွားတာပါ။
ဂျပန်နိုင်ငံမှာ နိုင်ငံခြားသား ကျွမ်းကျင်လုပ်သားဗီဇာနဲ့ သွားရောက် အလုပ်လုပ်ကြမယ့် မြန်မာနိုင်ငံက အလုပ်သမား ၁ဝဝဝ ကျော်ကို လာမယ့် သြဂုတ်လကစလို့ ပထမအသုတ်အဖြစ် တရားဝင် စေလွှတ်သွားဖို့ ရှိပါတယ်။
မြန်မာနိုင်ငံ အထက်ဖက် စစ်ကိုင်းတိုင်းမှာ တရားမဝင် ခိုးထုတ်တဲ့ သစ်တန်(၃၂၀)ကျော်ကို မြန်မာအာဏာပိုင်တွေက မေလအတွင်း ဖမ်းမိ သိမ်းဆည်းလိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။
နှစ်နိုင်ငံ တင်းမာမှုတွေ လျှော့ချနိုင်ရေး အတွက် အမေရိကန်ဘက်က အီရန်နဲ့ ခြွင်းချက်မရှိ အလုံးစုံ ဆွေးနွေးလိုတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။
အမေရိကန် သမ္မတ Donald Trump ရဲ့ တနလာၤနေ့ စတင်မယ့် ဗြိတိန်နိုင်ငံ နိုင်ငံတော် ခရီးစဉ် အတွက် ဗြိတိန်မှာ ပြင်ဆင်နေချိန်မှာဘဲ အမေရိကန်နဲ့ ဗြိတိန်ကြားက အထူးဆက်ဆံရေးဆိုတဲ့ အပေါ် အာရုံစိုက်စရာ ဖြစ်လာပါတယ်။
နောက်ထပ်ကြည့်ရှုရန်