တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ အစဉ်တစိုက်ပါဝင်ရန် ဦးတည်တယ်လို့ အခြေခံ ဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း ဆောင်ရွက်နေတာဟာ အမျိုးသားရေးဆိုတာထက် အမျိုးသားနိုင်ငံရေးဖြစ်တယ် လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အမေရိကန်နဲ့ တရုတ်ကြား လတ်တလော ကုန်သွယ်ရေးဆွေးနွေးပွဲတွေ မအောင်မြင်ရတဲ့အပေါ် အမေရိကန်မှာ လုံးဝတာဝန်ရှိတယ်လို့ တရုတ်ဘက်က ပြောဆိုလိုက်ပါတယ်။
အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူ အားလုံးနီးပါးဟာ ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာ၊ အီးမေးလ်နဲ့ တယ်လီဖုန်းနံပါတ်တွေကို အခုအခါမှာ ထည့်သွင်းဖော်ပြ လျှောက်ထားရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။
တောင်တရုတ်ပင်လယ်ပြင်အတွင်း တပ်အင်အားအသုံးပြုမှုတွေ၊ နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး သဘောထားတင်းမာနေတာတေအပေါ် သတိထားကြဖို့ Shangri-La Dialogue လို့ခေါ်တဲ့ နှစ်စဉ်ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်အဖွဲ့တွေက ပြောကြားလိုက်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ အီရန်နိုင်ငံရဲ့ ဥသျှောင် အယာတိုလာ အလီ ခါမေနီနဲ့ အခုလအကုန်မှာတွေ့ဆုံမှာဖြစ်ပြီး ဂျပန်အစိုးရအနေနဲ့ အမေရိကန် နဲ့အီရန်နိုင်ငံကြားမှာ ကြားဝင်စေ့စပ်ပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။
စင်္ကာပူနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ Shangri-La Dialogue လို့ခေါ်တဲ့ အာရှဒေသ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ကမ္ဘာ့နိုင်ငံအတော်များများက ကာကွယ်ရေးဝန်ကြီးတွေ ဇွန်လ ၁ ရက်နေ့မှာ တက်ရောက်လာကြပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချက် သမ္မတ Milos Zeman နဲ့လည်း တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ အင်္ဂါနေ့မှာတော့ စီးပွားရေး ဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဖို့ ရှိပါတယ်။
စပိုင်နိုင်ငံ Madrid မြို့မှာ စနေနေ့က ကျင်းပခဲ့တဲ့ UEFA Champion League ဘောလုံးဗိုလ်လုပွဲမှာ Liverpool အသင်းက Tottenham Hotspur အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ဗိုလ်စွဲသွားပါတယ်။
ထိုင်းနိုင်ငံမှာ ကလေးသူငယ် လိင်ကုန်ကူးမှုတွေ မြင့်တက်လာနေပြီး ဒီပေါ်က အမြတ်ထုတ်တဲ့ webcam စင်တာတွေ များလာတယ်ဆိုတဲ့ အစီရင်ခံချက်တွေကို ကိုင်တွယ်ဖြေရှင်းနေရတာနဲ့ အတူ အဓမ္မပြုကျင့်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးကျူးလွန်မှု ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ မျှဝေမှု အတွက် ပြစ်ဒဏ်တွေ တိုးမြှင့်လိုက်ပါတယ်။
နိုင်ငံတကာ စီးပါွးရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ နိုင်ငံစုံ ကူးသန်းရောင်းဝယ်ရေးစနစ်ကို အကာအကွယ်ပေးဖို့အတွက် “စိတ်မချရတဲ့ ကုမ္ပဏီများ စာရင်း” ထုတ်ပြန်မှာဖြစ်တယ်လို့ ပြောခွင့်ရ Feng ကပြောဆိုသွားပါတယ်။
၁၇ နှစ်ကြာ အာဖဂန်စစ်ပွဲကို အဆုံးသတ်ပြီး အမေရိကန် နဲ့ တာလီဘန်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ရှေ့ဆက်နိုင်ဖို့အတွက် အမေရိကန်အနေနဲ့ တာလီဘန်ဘက်က လက်တွေ့ကျတဲ့ ကမ်းလှမ်းချက်ကို လက်ခံသင့်တယ်လို့ တာလီဘန်အဖွဲ့ခေါင်းဆောင်က ပြောလိုက်ပါတယ်။
အမေရိကန်က အိန္ဒိယနိုင်ငံကို လာမယ့် လာမယ့်ဇွန်လ ၅ ရက်နေ့ကစပြီး အိန္ဒိယနိုင်ငံအပေါ် ကုန်သွယ်ရေး အထူးခံစားခွင့် ပေးနေတာတွေကို ရပ်တန့်တော့မယ်လို့ သမ္မတထရမ့်က ပြောလိုက်ပေမယ့်လည်း အိန္ဒိယ အနေနဲ့ အမေရိကန်နဲ့ ခိုင်မာတဲ့စီးပွားရေးတွေ တည်ဆောက်ဖို့ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ အိန္ဒိယအစိုးရက ပြောလိုက်ပါတယ်။
UEFA ဥရောပချန်ပီယံလိဂ် ဘောလုံးဖိုင်နယ်ကိုတော့ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ဒီကနေ့ ကစားကြမှာဖြစ်ပြီး အင်္ဂလန်က လီဗာပူးလ် နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ဗိုလ်လုကြမှာပါ။
အမေရိကန်သမ္မတ Donald Trump ဟာ နိုင်ငံတော်ခရီးစဉ်နဲ့ လာမယ့် တနင်္လာနေ့မှာ ဗြိတိန်နိုင်ငံကို ၃ ရက်ကြာ သွားရောက်မှာပါ။ သမ္မတ Trump နဲ့ ဝန်ကြီးချုပ် ထရီဆာမေတို့ တွေ့ဆုံတဲ့အခါ ပြေလည်မှုရှိဖို့ ၂ ဦး ၂ ဘက် ဆန္ဒရှိနေကြတယ်လို့ သူတို့ရဲ့ အကြံပေးတွေကပြောပါတယ်။
အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ သတင်းထောက်တစ်ဦးရဲ့ ရုံးနဲ့ အိမ်ကို ဝင်ရောက်ရှာဖွေဖမ်းဆီးတာကြောင့် သတင်းလွတ်လပ်ခွင့်အပေါ် မေးခွန်းထုတ်တာတွေကနေ နောက်ဆုံး ဒီမြို့ရဲအရာရှိချုပ် နုတ်ထွက်ဖို့တောင်းဆိုတာတွေပါ ရှိလာနေပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan နဲ့ အာဖဂန်သမ္မတ Ashraf Ghani တို့ သောကြာနေ့မှာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပါတယ်။ ဆော်ဒီအာရေးဗျနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ အစ္စလာမ်မစ်နိုင်ငံများ ထိပ်သီးညီလာခံ တက်ရောက်ရင်း ညီလာခံပြင်ပမှာ တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်အတွင်း လူလုပ်ကျွန်းတွေအပေါ် တရုတ်က အလွန်အကျွံ စစ်တပ်ချထားတဲ့အပေါ်မှာ စနေနေ့ မိန့်ခွန်းကြီးပြောခဲ့အခါ ထည့်ပြောသွားမယ့်အကြောင်း၂ နိုင်ငံအကြီးအကဲတွေ မတွေ့ဆုံခင် Shanahan က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေက ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားခဲ့တဲ့ ဒီ ဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကနေ ပြန်ပို့ဖို့နဲ့ နေထိုင်ခွင့်ကတ်တွေ ထုတ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ဂျပန်နိုင်ငံမှာ မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲလိုက်ပါတယ်။
ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ထမ်း Satoshi Oyama၊ Kawasaki မြို့မှာ ဓားထိုးမှုနဲ့ သေဆုံးသွားတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီဝန်ထမ်းရဲ့ ဇနီးဖြစ်သူဆီ စာရေးသားပေးပို့ခဲ့ကြောင်း သမ္မတရုံးက သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်