သမ္မတ Donald Trump နဲ့ ခေါင်းဆောင် Kim Jong Un တို့ Vietnam နိုင်ငံ Hanoi မြို့တော်မှာ တေ့ွဆုံဆွေးနွေးနိုင်ဖို့ အမေရိကန်မှာ ဦးဆောင်ညှိနှိုင်းခဲ့သူ Kim Hyok-chol နဲ့ တခြားထိပ်တန်းတာဝန်ရှိသူ ၄ ယောက်ကို သုတ်သင်ခဲ့တယ်လို့ တောင်ကိုရီးယားရဲ့ အရောင်းရဆုံး သတင်းစာကြီးထဲမှာ ဖော်ပြခဲ့တာပါ။
အမေရိကန်သမ္မတ Donald Trump က အထူးစစ်ဆေးရေးမှူး Robert Mueller ရဲ့အစီရင်ခံစာအရ သူဟာ အပြစ်ကင်းသူ တယောက်ဖြစ်ကြောင်း ထပ်တလဲလဲ ပြောဆိုရင်း စုံစမ်းမှုကို ဦးဆောင်တဲ့ FBI ထောက်လှန်းရေးအကြီးကဲဟောင်း Mueller ဟာ ပြဿနာရှာသူတယောက်အဖြစ် တိုက်ခိုက်ပြောဆိုပါတယ်။
မြန်မာသမ္မတ ဦးဝင်းမြင့်ဟာ ဒေလီမြို့ အိန္ဒိယ သမ္မတအိမ်တော် Rashtrapati Bhavan မှာ ကြာသပတေးနေ့က ကျင်းပတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ဒုတိယသက်တမ်း ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi အနေနဲ့ ဒုတိယသက်တမ်း ဝန်ကြီးချုပ် တာဝန်ဆက်ယူဖို့ နယူးဒေလီမြို့တော်က သမ္မတ အိမ်တော်မှာ မနေ့ကပဲ ကျမ်းကျိန်လိုက်ပါပြီ။
အစ္စရေးလ်နိုင်ငံမှာ လွှတ်တော်ကို ဖျက်သိမ်းပြီး၊ ပထမဆုံးအကြိမ်အဖြစ် ဒုတိယအကြိမ် ရွေးကောက်ပွဲတွေ အချိန်စောကျင်းပဖို့ ဒီနေ့ပဲ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။
Hungary နိုင်ငံ Budapest မြို့တော်ကို ဖြတ်စီးနေတဲ့ Danube မြစ်ထဲမှာ အပျော်စီးသင်္ဘောနဲ့ တိုက်မိလို့မှောက်သွားတဲ့ ရှုခင်းအလှကြည့်သင်္ဘောပေါ်က တောင်ကိုရီးယား ကမ္ဘာလှည့်ခရီးသည် ၇ ယောက်သေဆုံးသွားပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ကျောင်းအုပ်ကြီးရဲ့ လိင်မှုဆိုင်ရာ စော်ကားမှုခံရတယ်လို့ တိုင်ကြားခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသူလေးကို မီးရှို့သတ်ဖို့ ကြိုးစားမှုမှာ ပါဝင်နေသူ ၁၆ ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတွေက ဗုဒ္ဓဟူးနေ့မှာ တရားစွဲဆိုလိုက်ပါတယ်။
အစ္စရေးလ် နိုင်ငံမှာ ပါလီမန်ကို ဖျက်သိမ်းဖို့ ပါလီမန် အမတ်တွေက အခု ကြာသပတေးနေ့ မနက်စောစောမှာဘဲ မဲခွဲဆုံးဖြတ်လိုက်ကြပါပြီ။
ရခိုင်ပြည်နယ်က တကျော့ပြန် စစ်ဆင်ရေးတွေမှာ မြန်မာစစ်တပ်ဟာ အရပ်သားတွေအပေါ် ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေကို တမင်သက်သက် ကျုးလွန်နေကြောင်းလည်း Amnesty International အဖွဲ့ရဲ့ အရှေ့နဲ့ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ Nicholas Bequelin က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲက လာမယ့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလရောက်မှ ကျင်းပမှာ ဖြစ်ပေမယ်လို့လည်း ရီပတ်ပလီကန် သမ္မတ Donald Trump နဲ့ သူ့ကို အနိုင်ဖို့ ကြိုးစားနေတဲ့ ဒီမိုကရက် ကိုယ်စားလှယ်လောင်းတွေထဲမှာ ဦးဆောင်နေတဲ့ ဒုတိယ သမ္မတဟောင်း Joe Biden တို့ကတော့ အပြန်အလှန် ထိုးနှက်ပြောဆိုနေကြပါပြီ။
နိုင်ငံပေါင်း ၂၈ နိုင်ငံပါဝင်တဲ့ အီးယူ ဥရောပသမဂ္ဂမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အီးယူလွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီးတဲ့နောက် အခု ဥရောပခေါင်းဆောင်တွေဟာ သူတို့နှစ်သက်တဲ့ သူကို အီးယူရဲ့ ထိပ်တန်းရာထူးတွေအတွက် ရွေးချယ်ဖို့ လုပ်နေကြပါတယ်။
မလေးရှားနိုင်ငံဟာ ချမ်းသာတဲ့ နိုင်ငံကြီးတွေရဲ့ အမှိုက်စွန့်ပစ်ရာ နေရာတခု ဖြစ်မလာစေရေး ဆောင်ရွက်ချက် အဖြစ်နဲ့ ပြန်လည်အသုံးပြုလို့ - Recyclable လုပ်လို့ မရတဲ့ စွန့်ပစ် ပလတ်စတစ် မက်ထရစ် တန်ချိန် ၃ ထောင်လောက်ကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ သြစတြေးလျ စတဲ့ နိုင်ငံတွေဆီ ပြန်ပို့မယ်လို့ ပြောဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်နားက ကျောင်းကားမှတ်တိုင်တခုမှာ ဒီကနေ့ လူတယောက်က ဓားနဲ့လိုက်ထိုးတာကြောင့် အမျိုးသား တယောက်နဲ့ ကျောင်းသူလေးတဦး သေဆုံးပြီး ကျောင်းသားငယ်အများစုဖြစ်တဲ့ နောက်ထပ် ၁၆ ယောက်ထက်မနည်း ဒဏ်ရာရ သွားတယ်လို့ ဂျပန်တာဝန်ရှိသူတွေကပြောပါတယ်။
အစ္စရေးလ် နိုင်ငံရဲ့ ဝန်ကြီးချုပ် အဖြစ် ၅ ကြိမ်မြောက် သက်တမ်း ဆက်လက် တာဝန်ထမ်းဆောင်နိုင်မယ့် အလားအလာတွေ ပြီးခဲ့တဲ့ လက ရှိခဲ့ပေမယ့်လည်း ဝန်ကြီးချုပ် Netanyahu အနေနဲ့ အစိုးရတရပ် မဖွဲ့နိုင် ဖြစ်နေတာနဲ့ အတူ တနလာၤနေ့မှာတော့ အစ္စရေးလ် အနေနဲ့ လွှတ်တော် ရွေးကောက်ပွဲသစ် တရပ် ကျင်းပရဖို့ ပိုပြီး နီးစပ်လာနေပါတယ်။
မြောက်ကိုရီးယားရဲ့ မကြာခင်က ဒုံးကျည် စမ်းသပ်မှုဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်သလားဆိုတဲ့ အပေါ် အမေရိကန် သမ္မတ DonaldTrump နဲ့ ဂျပန် ဝန်ကြီးချုပ် Shinzo Abe တို့ မတူကွဲပြားတဲ့ ရှုမြင်ချက်တွေကို မနေ့ တနလာၤနေ့က ပြောဆိုခဲ့ကြပါတယ်။
အခုကျင်းပပြီးစီးတဲ့ အိန္ဒိယရွေးကောက်ပွဲမှာ အနိုင်ရပြီး ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်းအတွက် မေလ ၃၀ မှာ ကျင်းပမယ့် ကျန်းသစ္စာကျိန်ဆိုပွဲ အခန်းအနားကို တက်ရောက်ဖို့ ဝန်ကြီးချုပ် Narendra Modi က BIMSTEC အဖွဲ့ဝင် ၆ နိုင်ငံက ခေါင်းဆောင်တွေကို ဖိတ်ကြားလိုက်ပါတယ်။
ဗြိတိန်၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေမှာ EUထဲက ခွဲထွက်လိုတဲ့ အမျိုးသားရေးပါတီတွေက အများစု အနိုင်ရပါတယ်။ ဗြိတိန်မှာ Nigel Farage ဦးဆောင်တဲ့ Brexit ပါတီ၊ ပြင်သစ်မှာ Marine Le Penဦးဆောင်တဲ့ National Rallyပါတီနဲ့ အီတလီမှာ Matteo Salvini ဦးဆောင်တဲ့ Legaပါတီတို့က ကိုယ်စားလှယ်တွေ အများစု အနိုင်ရခဲ့ကြတာပါ။
ဥရောပ ပါလီမန် အတွက် အခရာကျတဲ့ ရွေးကောက်ပွဲ နောက်ဆုံးနေ့ ဖြစ်တဲ့ မနေ့ တနင်္ဂနွေနေ့မှာတော့ ဥရောပ နိုင်ငံ ၂၁ နိုင်ငံက မဲဆန္ဒရှင်တွေ မဲပေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံတွင်းမှာ Toyota က ကားတပ်ဆင် ထုတ်လုပ်ရေး စက်ရုံဖွင့်တော့မယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဂျပန် သတင်းတွေမှာ တနင်္ဂနွေနေ့က ဖော်ပြနေကြပါတယ်။
သီရိလကာၤ နိုင်ငံမှာ လူပေါင်း ၂၅၈ ယောက် သေဆုံးခဲရတဲ့ အီစတာနေ့ တိုက်ခိုက်ခံရမှုမှာ တာဝန်ရှိတယ်လို့ စွပ်စွဲခံထားရတဲ့ အစ္စလာမ္မစ် အဖွဲ့ရဲ့ လက်ကျန်တွေကို ၄ ရက်ကြာ ရှာဖွေမှု အတွင်း သံသယ ရှိသူ ၁၀၀ လောက်ကို သီရိလင်္ကာ စစ်တပ်က ဖမ်းဆီးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်