IS စစ်သွေးကြွအုပ်စုထဲ ဝင်ရောက်ခဲ့တဲ့ပြစ်မှု ထင်ရှားတယ်ဆိုပြီး ပြင်သစ်နိုင်ငံသား ၃ဦးကို အီရတ်နိုင်ငံ တရားရုံးတခုမှာ သေဒဏ်ချမှတ် လိုက်ပါတယ်။ အဲဒီ ၃ ဦးကတော့ Kevin Gonot, Leonard Lopez နဲ့ Salim Machou တို့ဖြစ်ကြပြီး သူတို့ဟာ အီရတ်နိုင်ငံမှာ ပထမဆုံး သေဒဏ်ပေးခံရတဲ့ ပြင်သစ်နိုင်ငံသားတွေပဲ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရေးမှာ သြဇာကြီးမားပြီး၊ ဘုရင့်အတိုင်ပင်ခံကောင်စီဝင်တဦးလည်းဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း Prem Tinsulanonda ဟာ ဒီကနေ့မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။
တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Terry Branstad က သူ့ရဲ့ တိဘက်ဒေသခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံအနေနဲ့ တိဘက်ဘုန်းတော်ကြီး Dalai Lama နဲ့ တွေ့ဆုံဆွေးနွေးဖို့တိုက်တွန်းခဲ့ကြောက်း အမေရိကန် သံရုံးပြောခွင့်ရက စနေနေ့ကပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ ဒီကနေ့ဟာ အမေရိကန်စစ်မှုထမ်းတွေကို ဂုဏ်ပြုတဲ့ အောက်မေ့ဘွယ်နေ့ဖြစ်ပြီး၊ ဒီကနေ့မှာတော့သူတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ Rolling Thunder လို့ခေါ်တဲ့ မော်တော်ဆိုင်ကယ်အဖွဲ့ဟာ မြို့တော်ဝါရှင်တန်ဒီစီက အမျိုးသားရင်ပြင်ကြီးတဝိုက်မှာ လှည့်လည်မောင်းနှင်ပြီး ချီတက်ကြမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဒီမိုကရက်ပါတီ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်နဲ့ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ Chuan Leekpai က Pheu Thai ပါတီအမတ် Sompong Amornvivat ကို ၂၅၈ မဲ- ၂၃၅ မဲနဲ့အနိုင်ရပြီး ထိုင်းအောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် စနေနေ့မှာ ရွေးချယ် ခံရပါတယ်။
ကမ္ဘာ့ နိုင်ငံပေါင်း ၃၀ ကျော်ကို ဖြတ်ပြီး မိုင်ပေါင်း ၃ သောင်းကျော်ကို ဆိုင်ကယ်စီးပြီး ခရီးနှင်မယ့် မြန်မာလူငယ် ၂ဦးရဲ့ ခရီးစဉ်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ စတင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ အင်္ဂလန်ထိသွားမယ့် MOTOURLOGUE - ဆိုင်ကယ် ခရီးနှင်မယ့် သူတွေကတော့ စိုင်းဇွမ်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့ ဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံရဲ့ သမ္မတသစ်အဖြစ် Cyril Ramaphosa ဒီကနေ့ စနေနေ့မှာ ကျမ်းသစ္စာကျိန်ဆိုပါတယ်။ မြို့တော် Pretoria မှာကျင်းပတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဒေသတွင်းခေါင်းဆောင်တွေနဲ့ ဧည့်သည်တော် ၃ သောင်းလောက် တက်ရောက်လာတာပါ။
ပိုလန်နိုင်ငံမှာ ကျင်းပနေတဲ့ အသက် ၂၀ အောက် ကမ္ဘာ့ဖလားဘောလုံးပွဲမှာတော့ ယူကရိန်းက အမေရိကန်ကို နိုင်သွားပါတယ်။ ယူကရိန်း နဲ့ အမေရိကန်တို့ အုပ်စု အဖွင့်ပွဲစဉ်အဖြစ်နဲ့ သောကြာနေ့က ကစားကြတာမှာ ယူကရိန်းက အမေရိကန်ကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွားပါတယ်။
အိန္ဒိယနိုင်ငံမှာ Gujfrat ပြည်နယ်မှာ အဆောက်အအုံတခု မနေ့က မီးလောင်ခဲ့တာကြောင့် ကျူရှင်လာတက်နေကြတဲ့ အသက် ၂၀ ဝန်းကျင် ကျောင်းသူကျောင်းသား ၂၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ လူ ၃ ဦးကို ဖမ်းဆီးထားတယ်လို့ အိန္ဒိယရဲတို့က ဒီကနေ့ပြောပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ ဂျပန်နိုင်ငံကို ၄ ရက်တာ နိုင်ငံတော် ခရီးစဉ်နဲ့ ဒီကနေ့ အစောပိုင်းမှာ ရောက်ရှိပါတယ်။ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Taro Kono က သမ္မတ Trump နဲ့ သမ္မတကတော် Melania တို့ကို ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့တာပါ။
မိုနာလီဇာ ပန်းချီကားနဲ့ ကျော်ကြားတဲ့ Renaissance ပန်းချီပညာရှင် Leonardo da Vinci ဟာ ADHD လို့ လူသိများတဲ့ အာရုံစူးစိုက်ရခက်တဲ့ ဂနာမငြိမ်ရောဂါ ရှိလောက်တယ်လို့ ဗြိတိန်နိုင်ငံက စိတ်ပညာပိုင်းဆိုင်ရာ ပါမောက္ခတယောက်က သုံးသပ်ပါတယ်။
နျူကလီယားဆွေးနွေးပွဲ ရှေ့မတိုးနိုင်ဖြစ်နေတာကို မြောက်ကိုရီးယားက အမေရိကန်ပြည်ထောင်စုရဲ့အပြစ်လို့ ပြောလိုက်ပြီး လက်နက်ဖျက်သိမ်းရေး တောင်းဆိုချက်ကို အမေရိကန်အစိုးရက မရုပ်သိမ်းသမျှ ဘယ်တော့မှ ဆွေးနွေးပွဲ ပြန်မစတော့ဘူးလို့ ပြောကြားလိုက်ပါတယ်။
အီရန်ရဲ့ ခြိမ်းခြောက်နိုင်ဖွယ်ရှိတဲ့ အန္တရာယ်က ကာကွယ်ဖို့အတွက် အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်တပ်တွေ ထပ်မံ စေလွှတ်မယ့်အကြောင်း အမေရိကန်သမ္မတ Donald Trump က သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ ၄ ရက်တာ ဂျပန်ခရီးစဉ် စတင်လိုက်ပြီး ဒီခရီးစဉ်အတွင်း အခမ်းအနားတွေနဲ့ အားကစားပွဲတွေ အသားပေး တက်ရောက်ဖို့ စီစဉ်ထားပါတယ်။ ဒီခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပေးမယ့် သဘောတူညီချက်တွေ ရယူဖို့က အဓိက ထားသွားရောက်မှာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။
ချက် ဝန်ကြီးချုပ် Andrej Babis ရဲ့ ဖိတ်ကြားချက်နဲ့ ၄ ရက်ကြာ ခရီးစဉ်သွားရောက်မှာ ဖြစ်ပြီး ချက် သမ္မတ Milos Zeman၊ နိုင်ငံခြားရေးဝန်ကြီး Tomas Petricek၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့လည်း စီစဉ်ထားကြောင်း Radio Prague သတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ် UNDP၊ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR နဲ့ မြန်မာအစိုးရတို့ကြား ပူးပေါင်းဆောင်ရွက်ဖို့ နောက်ထပ်သက်တမ်း ၁ နှစ်တိုးမယ့်အပေါ် ကျေနပ်အားရကြောင်း UNHCR မဟာမင်းကြီး Filippo Grandi ကပြောကြားခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် Theresa May က ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။ EU နဲ့ ဝန်ကြီးချုပ် May အစိုးရကြား ရရှိထားတဲ့ ဗြိတိန်နုတ်ထွက်ရေး Brexit သဘောတူညီချက်တွေကို ဗြိတိန်ပါလီမာန်မှာ ၃ ကြိမ် ပယ်ချခံခဲ့ရပြီးနောက် ရာထူးကနေ ဆင်းပေးမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။
အမေရိကန် သမ္မတ Doanld Trump က တရုတ်နိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေး စစ်ပွဲကြောင့် ထိခိုက် နစ်နာနေတဲ့ အမေရိကန် လယ်သမားတွေကို နောက်ထပ် ထောက်ပံ့ကြေး ၁၆ ဘီလီယံ ပေးမယ်လို့ ကြာသပတေးနေ့က ပြောပါတယ်။
အမေရိကန် သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်ခဲ့တဲ့ သတင်းပေါက်ကြားမှုမှာ အဓိက တာဝန်ရှိသူအဖြစ် စွပ်စွဲခံထားရသူ WikiLeaks တည်ထောင်သူ Julian Assange အပေါ် ရာဇဝတ်မှု ဆိုင်ရာ စွဲချက်အသစ်တွေ တင်မယ်လို့ အမေရိကန် အစိုးရ ရှေ့နေတွေက ပြောပါတယ်။
အီရန်က ခြိမ်းခြောက်နေတာတွေကို ဟန့်တားတဲ့ အနေနဲ့ အမေရိကန် ပြည်ထောင်စုက ငါးထောင် ကနေ တသောင်းကြား အရေအတွက်ရှိတဲ့ တပ်တွေကို အရှေ့အလယ်ပိုင်း ဒေသကို စေလွှတ်မယ့် သတင်းတွေထွက် နေတာနဲ့ ပတ်သက်ပြီး ယာယီ ကာကွယ်ရေးဝန်ကြီး Pat Shanahan က ငြင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်