ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် ကနေဒါနိုင်ငံက ကနေဒါ ဒေါ်လာသန်း ၁၀၀ နီးပါးပေးမယ်လို့ ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးကြပါတယ်။
ဗြိတိသျှ ဝန်ကြီးချုပ် Theresa May ရဲ့ ဥရောပသမဂ္ဂ ကနေ ဗြိတိန်နုတ်ထွက်ဖို့ နောက်ဆုံး အဆိုပြုချက်ကို ဗြိတိသျှ လွှတ်တော်အမတ်တွေက ပြစ်တင်ရှုတ်ချနေချိန်မှာ သူ့ရဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးပါတီကလည်း ဝန်ကြီးချုပ် May ကို နုတ်ထွက်ဖို့ တောင်းဆိုမှုတွေ တိုးလာနေပါတယ်။
တယ်လီဖုံးဆက်သွယ်ရေး ကုမ္ပဏီကြီး ဖြစ်တဲ့ တရုတ်ရဲ့ Huawei Technologies အပေါ် အမေရိကန်က ကန့်သတ်မှုတွေ ချမှတ်ခဲ့ပြီးနောက် ဗြိတိသျှနဲ့ဂျပန် မိုဘိုင်းလ် တယ်လီဖုံး ကုမ္ပဏီ လေးခုတို့ကလည်း Huawei ကုမ္ပဏီကြီးက ထုတ်လုပ်တဲ့ပစ္စည်းသစ်တွေကို ရောင်းချဖို့ အစီအစဉ်တွေ ဆိုင်းငံ့လိုက်ပါတယ်။
ပုဂ္ဂလိကပိုင် Channel Mandalay TV သတင်းဌာန အသံလွှင့်သတင်းထောက် နန္ဒကို ချက်ခြင်းနဲ့ ခြွင်းချက်မရှိ မြန်မာအာဏာပိုင်တွေအနေနဲ့ ပြန်လွှတ်ပေးဖို့ နယူးယောက်အခြေစိုက် CPJ သတင်းထောက်များ ကာကွယ်ပေးရေး အဖွဲ့က မေလ ၂၂ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။
အိန္ဒိယနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသင့်ပဲလို့ ပါကစ္စတန်က ကမ်းလှမ်းလိုက်ပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး နှစ်ဦး Kyrgyzstan မှာပြုလုပ်တဲ့ ဒေသတွင်းနိုင်ငံများ ဆွေးနွေးပွဲတရပ်မှာ အလွတ်သဘော သီးခြားတွေ့ဆုံပြီး အခုလို ပြောကြားလိုက်တာပါ။
အီရန်နိုင်ငံရဲ့ ရန်အန္တရာယ်တွေနဲ့ပတ်သက်လို့ အမေရိကန်သမ္မတရဲ့ အမျိုးသား လုံခြုံရေးတာဝန်ရှိသူတွေက အထက်နဲ့ အောက်လွှတ်တော် အမတ်တွေအားလုံးကို အင်္ဂါနေ့က ရှင်းလင်းပြောကြားခဲ့ပြီးတဲ့နောက် အန္တရာယ်အဆင့်အပေါ် လွှတ်တော်အမတ်တွေကြား သဘောထားကွဲပြား နေကြပါတယ်။
အမေရိကန်လုပ်ငန်းတွေနဲ့ စီးပွားရေးမလုပ်ရတဲ့ စာရင်းထဲ Huawei ကို အမေရိကန် အစိုးရက ထည့်သွင်း ကန့်သတ်ခဲ့တဲ့အပေါ် တရုတ်အစိုးရက လက်တုံ့ပြန်ဆောင်ရွက်မှာကို အင်မတန် စိုးရိမ်တယ်လို့ တရုတ်နိုင်ငံထဲက အမေရိကန် စီးပွားရေးလုပ်ငန်းတွေကို ကိုယ်စားပြုတဲ့ ကုန်သည်ကြီးများအဖွဲ့က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
အမေရိကန် သမ္မတက တရုတ်သွင်းကုန်တွေ အပေါ် နောက်ထပ် အခွန်ကောက်မှုတွေမှာ ဖိနပ်တွေ အပေါ် ကင်းလွတ်ခွင့်ပေးဖို့ Nike၊ Under Armour နဲ့ Adidas တို့လိုကျော်ကြားတဲ့ ဖိနပ်တံဆိပ်ကြီးတွေ အပါအဝင် အမေရိကန် ဖိနပ် ထုတ်လုပ်တဲ့ လုပ်ငန်းကြီးတွေနဲ့ လက်လီရောင်းချသူ လုပ်ငန်းကြီး ၁၇၀ ကျော်က သမ္မတ Trump ကို တောင်းဆိုလိုက်ပါတယ်။
အရှေ့အလယ်ပိုင်း ဒေသမှာ အမေရိကန် စစ်အင်အား တိုးမြှင့်ချထားမှုဖို့ ဆောင်ရွက်မှုတွေကြောင့် အီရန်ကို ဟန့်တားရာ ရောက်စေပြီး အီရန် အနေနဲ့ တခြား တိုက်ခိုက်မှုတွေ လုပ်နေပေမယ့် အမေရိကန်တွေ အပေါ် တိုက်ခိုက်မယ့် အလားအလာကိုတော့ ထိန်းချုပ်ထားနိုင်တယ်လို့ အမေရိကန် ယာယီ ကာကွယ်ရေး ဝန်ကြီး Pat Shanahan က ပြောပါတယ်။
တရုတ် ဆက်သွယ်ရေးနည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Huawei ကုမ္ပဏီဟာ အမေရိကန် အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှု တခုဖြစ်တယ်ဆိုပြီးတော့ အမေရိကန်ပြည်ထောင်စုက အမည်မည်းစာရင်း သွားလိုက်တဲ့ ဆုံးဖြတ်ချက်ကို ကုမ္ပဏီ တည်ထောင် သူက ပယ်ချလိုက်ပါတယ်။
နယူးဇီလန်နိုင်ငံ၊ Christchurch မြို့က မွတ်ဆလင်ဗလီ၂ခုမှာ မတ်လက သေနတ်နဲ့ ဝင်ပစ်ခဲ့မှုနဲ့ စွပ်စွဲခံထားရတဲ့ ကိုယ့်ကိုယ်ကို လူဖြူကြီးစိုးရေးဝါဒီအဖြစ် ကြေညာထားသူကို နယူးဇီလန် အာဏာပိုင်တွေက အကြမ်းဖက်ဝါဒစွဲလုပ်ရပ် ကျူးလွန်မှုနဲ့ စွဲချက်တင် လိုက်ပါပြီ။ အဲဒီပစ်ခတ်မှုတွေကြောင့် လူပေါင်း ၅၁ ယောက် သေဆုံးခဲ့ရတာပါ။
အမေရိကန်နဲ့ အီရန်ကြား အပြန်အလှန် ထိုးနှက် ပြောဆိုမှုတွေ ရှိနေချိန်မှာဘဲ ယူရေနီယံ သန့်စင် စွမ်းရည်ကို လေးဆတိုး ထားတယ်လို့ အီရန်ဘက်က တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ လက ကျင်းပခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ Joko Widodo က မဲပေါင်း ၅၅ ဒသမ ၅ ရာခိုင်နှုန်း ရရှိခဲ့ပြီး ပြန်လည် ရွေးချယ်ခံရကြောင်း အင်ဒိုနီးရှားရွေးကောက်ပွဲကော်မရှင် KPU ကအင်္ဂါနေ့က ကြေညာခဲ့ပါတယ်။
ရေပြင်နယ်နိမိတ်ပိုင်ဆိုင်တယ်လို့ အလွန်အကျူးပြောနေတဲ့ Scarborough ကျောက်တန်းတွေနား ရေမိုင် ၁၂ မိုင်အကွာလောက်အထိကို USS Preble စစ်သင်္ဘော သွားရောက်ခဲ့တယ်လို့ အမှတ် ၇ ရေတပ်မဟာရဲ့ပြောခွင့်ရ တပ်မှူးကြီး Clay Doss ကပြောပါတယ်။
Huawei smartphone တွေမှာ Google ရဲ့ Android operating စနစ်အပါအဝင် software၊ hardware နဲ့ နည်းပညာ အထောက်အကူအားလုံး အသုံးပြုခွင့် လိုင်စင်ကို Google မိခင်ကုမ္ပဏီ Alphabet က ရပ်ဆိုင်းလိုက်ပါတယ်။
အမေရိကန် သမ္မတ Donald Trump ကို တရားစွဲဆိုနိုင်ရေး ပြောလာတဲ့ ပထမဆုံးသော ရီပတ်ပလီကန်ဖြစ်တဲ့ Michigan လွှတ်တော် အမတ် Justin Amash ဟာ ဘာမှ အရေးမပါသူလို့ အမေရိကန် သမ္မတ Trump က တနင်္ဂနွေနေ့မှာ ပုတ်ခတ် ပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ရက်ပေါင်း ၄၀နီးပါး အကြီးအကျယ် ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကတော့ တနင်္ဂနွေနေ့မှာ ပြီးဆုံးသွားပြီး၊ မဲပေးသူတွေကို ကောက်ယူတဲ့ စစ်တမ်းတွေအရ ဝန်ကြီးချုပ် Narendra Modi ရဲ့ပါတီက ဒုတိယ အစိုးရသက်တမ်းအတွက် အနိုင်ရမယ့်သဘော ရှိနေပါတယ်။
အမေရိကန် ပြည်ထောင်စု တောင်ပိုင်း Atlanta မြို့က Morehouse College က ဘွဲ့ရကျောင်းသား ၄၀၀ နီးပါးကတော့ ဘယ်လိုမှ မျှော်လင့်မထားတဲ့ ရက်ရောလှတဲ့ လက်ဆောင်တခုကို တနင်္ဂနွေနေ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ရရှိခဲ့ပါတယ်။
သြစတြေးလျ နိုင်ငံမှာ လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က တတိယမြောက်သက်တမ်းအဖြစ် စနေနေ့ ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တာကြောင့် နိုင်ငံရေးသမားတွေ အံ့အားသင့်ခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်