အီရန်အနေနဲ့ စစ်ရေးပဋိပက္ခကို မလိုလားတာကြောင့် ဒေသတွင်း စစ်ဖြစ်လာနိုင်ချေတွေကို ပယ်ချလိုက်ကြောင်း အီရန် ထိပ်တန်းသံတမန် တွေက စနေနေ့မှာ ပြောတယ်လို့ အစိုးရပိုင် IRNA သတင်းမှာဖေါ်ပြပါတယ်။
သြစတြေးလျနိုင်ငံမှာ လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က တတိယမြောက်သက်တမ်းအဖြစ် စနေနေ့ ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တာကြောင့် လူတွေကို အံ့အားသင့်သွားစေပြီး ၊ အများက ထင်ကြေးပေးနေတဲ့ ဗဟိုလက်ဝဲယိမ်းဝါဒီ ပါတီက တော့ အာဏာနဲ့ အလှမ်းဝေး သွားရပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပြန်လည်ထွက်ပေါ် နေချိန်မှာပဲ အမေရိကန်က တောင်ကိုရီးယားနိုင်ငံကို ဒေါ်လာသန်း (၃၁၀)ကျော် တန်ဖိုးရှိတဲ့ လေကြောင်း ကာကွယ်ရေး ဒုံးကျည်တွေရောင်းချပေးသွားဖို့ အလားအလာ ရှိနေပါတယ်။
အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ ဆက်ဖြစ်နေချိန်မှာ ပါရှန် ပင်လယ်ကွေ့ အပေါ်က ပံျသန်းမှုတွေမှာ သတိထား အသုံးပြုဖို့ အမေရိကန် အရပ်ဖက် လေကြောင်းလိုင်းတွေကို အမေရိကန် သံတမန်တွေက သတိပေးထားပါတယ်။
မြောက်ကိုရီးယားပိုင်သင်္ဘောကို ဖမ်းဆီးလိုက်တဲ့လုပ်ရပ်က ၊ အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတကာ ဥပဒေကို ဂရုမစိုက်ဘက်က ရမ်းကားတဲ့ နိုင်ငံတခုဖြစ်တယ်ဆိုတာ ပြသနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးက အတွင်းရေးမှူးချုပ် Guterres ကို မနေ့သောကြာနေ့က ပေးပို့လိုက်တဲ့ စာထဲမှာ ဖော်ပြထားတယ်
အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာအချက်အလက်တွေကို တရုတ်အစိုးရထောက်လှမ်းရေးဆီကို လွှင့်ထုတ်ပေးခဲ့မှုနဲ့ အမေရိကန်ထောက်လှမ်းရေး CIA အရာရှိဟောင်းတဦးကို ထောင် နှစ် ၂၀ ချလိုက်ပါတယ်။
မေလ ၁၉ ရက်တွင်ကျရောက်သော ဗုဒ္ဓနေ့ကို ဆင်နွှဲနေကြသူအားလုံး ငြိမ်းချမ်းခြင်း ပျော်ရွှင်ခြင်းဖြင့် ပြည့်စုံပါစေကြောင်း အမေရိကန်ပြည်သူများကိုယ်စား နွေးထွေးသောဆုတောင်းမေတ္တာကို မိမိပို့သအပ်ပါသည်။
အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံခွင့်လျှောက်ထားတဲ့ ရွှေ့ပြောင်းအခြေချသူ အရေအတွက်များလွန်းတာကြောင့် အမေရိကန်အကောက်ခွန် နဲ့ နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေဟာ အလုပ်တွေ မနိုင်မနင်းဖြစ်နေကြတာဖြစ်ပါတယ်။
သမ္မတ Trump မြောက်အမေရိကတိုက် ကုန်သွယ်ရေးသဘောတူမှုရရှိရေး ကြိုးပမ်းမှုအတွက်လည်း အထောက်အကူ ဖြစ်သွားစေပါတယ်။ အမိမြေလုံခြုံရေးစိုးရိမ်မှုကြောင့် ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေအပေါ် ၂၀၁၈ မတ်လမှာ သမ္မတ Trump က သွင်းကုန်ခွန်ချမှတ်လိုက်တာပါ။
အာရှရဲ့ တောင်ကိုရီးယားနိုင်ငံကနေ- ဥရောပ ဖင်လန်နိုင်ငံအထိ 5G ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြိုင်အဆိုင် ကြိုးစား တီထွင်နေကြတဲ့ နိုင်ငံတွေထဲမှာ အခုနောက်ဆုံးပြိုင်ဘက်ကတော့ ဗီယက်နမ်နိုင်ငံပဲ ဖြစ်ပြီး Game နဲ့ပတ်သက်တဲ့ နည်းပညာ နယ်ပယ်ထဲကို ဝင်ရောက်ချင်တာပါ။
ရွေးကောက်ပွဲရလဒ် ကြေညာဖို့ နီးလာတာနဲ့အမျှ အင်ဒိုနီးရှားမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေ လုံခြုံရေး အထူးသတိ ပြုကြဖို့ ဂျာကာတာမှာရှိတဲ့ အမေရိကန်သံရုံးက သတိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲရလဒ်တွေကို အင်ဒိုနီးရှား ရွေးကောက်ပွဲကော်မရှင် KPU က မေ ၂၂ ရက်မှာ ကြေညာဖို့ ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၂ သိန်း ခွဲလောက်ကို ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂက အထောက်အထား ကဒ်ပြားတွေ ထုတ်ပေးလိုက်ပါတယ်။
လိင်တူစုံမက်သူတွေ တရားဝင် လက်ထပ်ခွင့်ပြုတဲ့ ဥပဒေကြမ်းကို ထိုင်ဝမ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ လိင်တူချစ်သူတွေကို တရားဝင်လက်ထပ်ခွင့်ပြုသလို လက်ထပ်ထားကြောင်း အစိုးရဌာနတွေမှာ တရားဝင်မှတ်ပုံတင်ခွင့်ပြုတဲ့ ဥပဒေကို လွှတ်တော်မှာ မဲအများစုနဲ့ ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။
အရေးပေါ် အခြေအနေအတွက် မလိုအပ်တဲ့ အမေရိကန် ဝန်ထမ်းတွေ အီရတ်နိုင်ငံက ထွက်ခွာကြဖို့ အမေရိကန် ပြည်ထောင်စုက အမိန့်ထုတ်လိုက်ပါတယ်။
မြန်မာနိုင်ငံ ကြည်း၊ ရေ၊ လေ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်ကို တွစ်တာက ဖယ်ရှားလိုက်ပါတယ်။
သဘောတူညီချက် ရရှိလုနီးပါး ဖြစ်ခဲ့ပြီးမှ တရုတ်နိုင်ငံဘက်က ပျက်ကွက်ခဲ့ကြောင်း သမ္မတ Trump က မနေ့တုန်းကပဲ အိမ်ဖြူတော်မှာ ပြောဆိုသွားတာပါ။ ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဘိုးရှိတဲ့ တရုတ်သွင်းကုန်တွေအပေါ် အခွန်တွေ တိုးမြှင့်ကောက်ခံဖို့ ဆုံးဖြတ်ခဲ့တဲ့ အပေါ်မှာလည်း သမ္မတက ကာကွယ်ပြောဆိုသွားပါတယ်။
အရေးပေါ် တာဝန်ယူထားသူတွေကလွဲလို့ ကျန်ဝန်ထမ်းတွေအားလုံး အီရတ်နိုင်ငံက ထွက်ခွာကြဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ညွှန်ကြားလိုက်ကြောင်း ဘဂ္ဂဒက်မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက ဒီနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး ဆွေးနွေးမှုတွေ ပျက်သွားပြီဆိုတာကို အမေရိကန် သမ္မတ Donald Trump က ငြင်းပယ်လိုက်ပြီး ကမ္ဘာ့ စီးပွားရေး အကြီးဆုံး နှစ်နိုင်ငံကြား ကုန်သွယ်ရေး စစ်ပွဲလို့ အများစုက ခေါ်ဆိုနေကြတာကိုလည်း အသေးအဖွဲ အငြင်းပွားမှုအဖြစ် ပြောဆိုလိုက်ပါတယ်။
ရန်ကုန်မြစ်ပေါ်က အလုံဆိပ်ကမ်းမှာ ကုန်တင်ကုန်ချ လုပ်ငန်းတွေလုပ်ဆောင်ရေး အိန္ဒိယ ကုမ္ပဏီ Adani ကို ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း၂၉၀နဲ့ လုပ်ဆောင်ဖို့ မြန်မာအစိုးရက ခွင့်ပြုလိုက်တဲ့အကြောင်း Hindu Business Line သတင်းမှာ မနေ့က ဖေါ်ပြထားပါတယ်။
ကချင်ပြည်နယ်က ထွက်တဲ့ ပယင်းကျောက်ထဲမှာ Ammonite အမိုနိုက်လို့ ခေါ်တဲ့ ကမ္ဘာဦးက ရေသတ္တဝါ တမျိုးဖြစ်တဲ့ ခရုမျိုးစိတ် ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိခဲ့ရပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၉ သန်းတုန်းက ပင်လယ်ကမ်းစပ်မှာ ပိတ်မိပြီး သေဆုံးခဲ့တဲ့ ပင်လယ် သတ္တဝါ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောဆိုကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်