အမျိုးသမီးအများစုပါဝင်တဲ့ ရိုဟင်ဂျာမူဆလင် ဒါဇင်နဲ့ချီ မလေးရှားနိုင်ငံကို လှေနဲ့ လူမှောင်ခိုကူးခံရမယ့်အရေးကို ဘင်္ဂလားဒေ့ရှ်ရဲက တားဆီးနိုင်ခဲ့ကြောင်း အာဏာပိုင်တွေက အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
တရုတ် နည်းပညာ ကုမ္ပဏီ ၆ ခုကို အမေရိကန် နည်းပညာနဲ့ ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချခွင့်ကို အမေရိကန်က တနလာၤနေ့မှာ ပိတ်ပင်လိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ တနလာၤနေ့က ကျင်းပတဲ့ သက်တမ်းဝက် ရွေးကောက်ပွဲမှာ မဲပေးဖို့ စာရင်းပေးသွင်းထားသူ မဲဆန္ဒရှင် ၆၂ သန်းနဲ့ အတူ သမ္မတ Rodrigo Duterte လည်း မဲပေးခဲ့ပါတယ်။
ဂျွန် လ ၁ ရက်နေ့ကစပြီး အမေရိကန်ကုန်ပစ္စည်းအမျိုးပေါင်း ၅ ထောင်ကျော်အနေနဲ့ ၅ ရာခိုင်နှုန်း ကနေ ၂၅ ရာခိုင်နှုန်းအထိ သွင်းကုန်ခွန်အသစ် ပေးဆောင်ရမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံတော်ကောင်စီရဲ့ အကောက်ခွန်ဆိုင်ရာ ကော်မရှင်က ဒီကနေ့ ကြေညာလိုက်တာဖြစ်ပါတယ်။
Sweden နိုင်ငံမှာ အမျိုးသမီးတယောက်ကို မုဒိမ်းကျင့်မှုနဲ့ စွပ်စွဲခံရတဲ့ Assange ကို 2010 ခုနှစ်တုန်းက စွဲချက်တင်သင့် မသင့် စတင်ကြားနာစစ်ဆေးခဲ့ပေမဲ့ ၂၀၁၇ ခုနှစ်မှာ Assange က ဗြိတိန်နိုင်ငံ Ecuador သံရုံးထဲမှာ ခိုလှုံခဲ့ပြီးနောက် အမှုကို ပိတ်ခဲ့ပါတယ်။
အမေရိကန်ကို တင်ပို့တဲ့ တရုတ် ထုတ်ကုန်တွေ အပေါ် သမ္မတ Donald Trump က အကောက်ခွန် စည်းကြပ်မှု သိသိသာသာ တိုးလိုက်ပြီးနောက်မှာတော့ အမေရိကန် ပို့ကုန်တွေ အပေါ်မှာလည်း တရုတ်ဘက်က လက်တုံ့ပြန်ပြီး အခွန်တိုးကောက်မယ်လို့ ခန့်မှန်းကြောင်း အမေရိကန်ဘက်က တနင်္ဂနွေနေ့မှာ ပြောဆိုထားပါတယ်။
ဗီယက်နမ်မှာ ကျင်းပနေတဲ့ ၁၆ ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနားကို တနင်္ဂနွေနေ့က သမ္မတ ဦးဝင်းမြင့် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့ပါတယ်။
ရာသီဥတု ပြောင်းလဲမှုကို အရေးယူ ဆောင်ရွက်ရေး အတွက် ဗြိတိန် နိုင်ငံ လန်ဒန်မြို့တော်က လမ်းမတွေပေါ်မှာ တနင်္ဂနွေနေ့က မိခင်တွေနဲ့ ကလေးတွေ ထောင်နဲ့ချီပြီး ချီတက် တောင်းဆိုခဲ့ကြပါတယ်။
အင်္ဂလန်ပရီမီယာလိဂ် အမှတ်ပေးဘောလုံးပွဲမှာတော့ မန်ချက်စတာစီးတီးအသင်းက အနိုင်ရပြီး ၂ နှစ်ဆက်တိုက် ချန်ပီယံဖြစ်သွားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ ရုရှားသမ္မတ Vladimir Putin ၊ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ နဲ့ အခုတပတ်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။
ရန်ကုန်ကနေ မန္တလေးကို ပျံသန်းလာတဲ့ ခရီးသည် ၈၂ ဦးပါ မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးစဉ်အမှတ် UB103 လေယာဉ်ဟာ ဒီနေ့ မနက်ပိုင်း မန္တလေး တံတားဦး လေဆိပ်ကိုဆင်းရာမှာ ရှေ့ဘီးချမရတာကြောင့်၊ ခေါင်းစိုက်အနေအထားနဲ့ ပြေးလမ်းရှပ်တိုက်ပြီး ဆင်းခဲ့ရပါတယ်။
ဗီယက်နမ် နိုင်ငံမှာ ကျင်းပမယ့် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနားကို တက်ရောက်ဖို့နဲ့ တရားဝင် အလုပ်သဘော ခရီးစဉ် ရောက်ရှိနေတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်စွမ်းဖုတို့ စနေနေ့က တွေ့ဆုံခဲ့ပါတယ်။
ယီမင်စစ်ပွဲမှာ ပါဝင်နေသူတွေအားလုံးကြား အပစ်အခတ်ရပ်စဲမှု သဘောတူညီချက် ရရှိရေးနဲ့ ဆိပ်ကမ်းမြို့ ၃ ခုကနေ တပ်ဆုတ်ရေး သဘောတူထားတဲ့ Hodeida သဘောတူညီချက်က စစ်ပွဲပြီးဆုံးရေးအတွက် လက်တွေ့ကျတဲ့ ပထမဆုံးခြေလှမ်းဖြစ်ကြောင်း Lollesgaard ပြောပါတယ်။
ပါကစ္စတန် နိုင်ငံတွင်းမှာ တရုတ် စီမံခန့်ခွဲတဲ့ အာရေးဗျ ပင်လယ် Gwadar ရေနက် ဆိပ်ကမ်း အနီးက ကြယ် ၅ ပွင့် ဟိုတယ်တခုကို စနေနေ့တုန်းက အကြမ်းဖက်ဝါဒီတွေ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန် အာဏာပိုင်တို့က ပြောပါတယ်။
လူမှောင်ခို ခေါင်းဆောင်လို့ သံသယရှိသူ တယောက်နဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ မြန်မာအမျိုးသား ၂၇ ယောက်ကို ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ် Hat Yai မြို့မှာ စနေနေ့ ဖမ်းမိကြောင်း Bangkok Post သတင်းစာမှာ ဖော်ပြထားပါတယ်။
တောင်အာဖရိကနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲရဲ့ မဲအရေအတွက် ၉၉ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်မှာတော့ - လက်ရှိအာဏာရ အာဖရိက အမျိုးသားကွန်ဂရက် (ANC) ပါတီက မဲအများစုနဲ့ ဦးဆောင်နေပါတယ်။ မဲရလဒ်တွေကို ဒီကနေ့ တရားဝင်ကြေငြာပြီးချိန်မှာတော့ ရွေးကောက်ပွဲအောင်ပွဲတွေ ကျင်းပသွားဖို့ရှိနေပါတယ်။
အမေရိကန်နဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို တိုက်ခိုက်တာတွေကို သင့်တော်သလို တုံ့ပြန်သွားမှာဖြစ်တယ်ဆိုတာကို အီရန်အနေနဲ့ နားလည်ဖို့အရေးကြီးတယ်လို့ လက်ရှိအမေရိကန်ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ Patrick Shanahan က သောကြာနေ့မှာ ပြောပါတယ်။
ရောဂါကူးစက် ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ သားသတ်ရုံမှာရှိနေတဲ့ ဝက်တွေအားလုံးကို သုတ်သင်ရှင်းလင်းပြီး ရောဂါပိုး သန့်စင်အောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဟောင်ကောင်ကျွန်း အစားအစာနဲ့ ကျန်းမာရေးဌာန အကြီးအကဲ Sophia Chan က မနေ့နှောင်းပိုင်းမှာပဲ ပြောဆိုလိုက်တာပါ။
သောကြာနေ့ မဲတွေ ရေတွက်ပြီးချိန်မှာ တောင်အာဖရိကနိုင်ငံရဲ့ အာဏာရပါတီက အနိုင်ရပြီး အာဏာကို ၆ ကြိမ်ဆက်တိုက်ထိန်းထားနိုင်မယ့် အခြေအနေရှိနေပါတယ်။ သောကြာနေ့မှာ မဲ ၇၆ ရာခိုင်နှုန်း ရေတွက်ပြီးချိန်မှာ သမ္မတ Cyril Ramaphosa ဦးဆောင်တဲ့ ANC ပါတီက မဲ ၅၇ ရာခိုင်နှုန်းကို ရရှိထားပါတယ်။
အီရန်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေးညှိနှိုင်းမှာ မဟုတ်ကြောင်း အီရန်ရဲ့ တော်လှန်ရေးပြည်စောင့်တပ် ထိပ်တန်းအရာကြီးရဲ့ ပြောဆိုချက်ကို အီရန်သတင်းဌာန Tasnim က ကိုးကား ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်