အများပြည်သူလုံခြုံရေးဒုဝန်ကြီး တရုတ်ကမ်းခြေစောင့်တပ်အကြီးအကဲ တာဝန်တွေယူခဲ့စဉ်က Meng Hongwei အာဏာအလွဲသုံးစားလုပ်ခဲ့တယ်လို့ နိုင်ငံအရှေ့မြောက်ပိုင်း Tianjin မြို့အစိုးရရှေ့နေရုံးက ဒီကနေ့ ကြေညာခဲ့ပါတယ်။
တရုတ်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို တင်သွင်းတဲ့ ဒေါ်လာ ၂၀၀ ဘီလျံတန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်း ကနေ ၂၅ ရာခိုင်နှုန်း အထိ တိုးမြှင့်လိုက်ပါတယ်။
ကမ္ဘာ့ အကြီးဆုံးလူမှုကွန်ယက် Facebook ကိုတည်ထောင်သူ Mark Zuckerberg ရဲ့ အခန်းဖော်ဖြစ်ခဲ့ဖူးသူ Facebook ကုမ္မဏီ တွဲဖက် တည်ထောင်သူ Chris Hughes က ကုမ္မဏီ ခွဲထွက်လိုကြောင်း ကို မနေ့ ကြာသပတေးနေ့ထုတ် New York Times သတင်းစာ အတွေးအမြင် ဆောင်းပါးတပုဒ် မှာ ရေးသား ဖော်ပြပါတယ်။
အီရန်ဟာ အမေရိကန်တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ စီစဉ်နေနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိလာခဲ့တဲ့နောက် အမေရိကန်က စေလွှတ်လိုက်တဲ့ USS Abraham Lincoln လေယာဉ်တင် တိုက်ခိုက်ရေးသင်္ဘော အုပ်စုနဲ့ B-52 ဗုံးကြဲလေယာဉ် ၄ စင်းဟာ အရှေ့အလယ်ပိုင်း ဒေသကို ရောက်သွားပါပြီ။
အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲမှာ အမေရိကန်ရဲ့ USS William P. Lawrence ဖျက်သင်္ဘောကြီးနဲ့အတူ ဂျပန်လေယာဉ်တင် သင်္ဘော၊ အိန္ဒိယရေတပ်သင်္ဘော ၂ စင်းနဲ့ ဖိလစ်ပိုင်ကင်းလှည့်ရေယာဉ်တို့ဟာ တရုတ်ကသူပိုင်တယ်လို့ ကြေညာထားတဲ့ရေပြင်မှာ ပူးတွဲလေ့ကျင့်မှုတွေ လုပ်ခဲ့တယ်လို့ အမေရိကန်ရေတပ်က ကြာသပတေးနေ့က ပြောပါတယ်။
အီရန်နျူကလီးယားအရေး ၆ နိုင်ငံ သဘောတူညီချက်ပါ အချက်တချို့ကို ဆက်လက် လိုက်နာတော့မှာ မဟုတ်ကြောင်း အီရန်သမ္မတက မနေ့တုန်းက ပြောဆိုလိုက်ပြီး နာရီပိုင်းအကြာမှာပဲ အမေရိကန်သမ္မတ Donald Trump က အီရန်နိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှု အသစ်တွေ ချမှတ်လိုက်ပါတယ်။
မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင်တချို့မှာ ဒီရက်ပိုင်းအတွင်း ဆူပူမှုတွေ ဖြစ်ခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးသွားမယ့်အကြောင်း သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။အကျဉ်းသား ၄ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ထောင်ဆူပူမှုတွေ ဒုတိယနေ့အဖြစ် ကြုံခဲ့ရပြီး ဒီနေ့မှာပဲ သမ္မတရုံးက ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
နျူးကလီးယား ဆိုင်ရာ ၆ နိုင်ငံ သဘောတူညီချက်က နုတ်ထွက်မယ်လို့ အီရန် သမ္မတက ကြေညာပြီး နာရီပိုင်းအတွင်းမှာဘဲ အီရန်နိုင်ငံရဲ့ သတ္တု လုပ်ငန်းတွေ အပေါ် အမေရိကန်က ဒဏ်ခတ် အရေးယူလိုက်ပါတယ်။
ရိုက်တာသတင်းထောက် ဝလုံးနဲ့ ကျော်စိုးဦးတို့ ပြန်လွတ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် ရီပတ်ပလီကန် အထက်လွှတ်တော် အမတ် Marco Rubio က ယမန်နေ့က ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့ ညနေက ဆိုးဝါးတဲ့ ရာသီဥတုကြားမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်လာတဲ့ Biman ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်း လေယာဉ်ဟာ ပြေးလမ်းကနေ ချော်သွားခဲ့တဲ့အတွက် လူ ၁၇ ဦး ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။
နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၇နှစ် ကျခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ လွတ်မြောက်လာတဲ့အပေါ် အမေရိကန် သမ္မတ အိမ်ဖြူတော်က ကြိုဆိုလိုက်ပါတယ်။
အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ ၂၀၁၅ ခုနှစ် နိုင်ငံတကာ သဘောတူညီချက်ပါ ကန့်သတ်ချက် တချို့ကို ဆက်လက် လိုက်နာသွားတော့မှာ မဟုတ်ကြောင်း အီရန်သမ္မတ Hassan Rouhani က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။
ဆေးခြောက်ပင်စိုက်ပျိုးမှုနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အဖမ်းခံထားရတဲ့ အမေရိကန်စီးပွားရေးသမား John Fredric Todoroki ကို မန္တလေးတိုင်း မြင်းခြံခရိုင်က တရားရုံးက ချုပ်မိန့် ရမန်တိုးခဲ့ပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ တပ်မတော်ရဲ့ ဖမ်းဆီးစစ်ဆေးမှု ခံနေရသူတွေ ထဲက ၆ ဦး သေဆုံးခဲ့ရမှုအတွက် မြန်မာအာဏာပိုင်တွေအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်တယ်လို့ Human Rights Watch လူ့အခွင့်ရေး အဖွဲ့ကြီးက မေလ ၆ ရက် တနင်္လာနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဗင်နီဇွဲလား နိုင်ငံရဲ့ ပြည်နယ် ၂၅ ခုက အထူးတရားရုံးတွေအတွက် ပစ်ဒဏ်ခတ်ဖို့နဲ့ သမ္မတ Maduro ဖြုတ်ချရေးအတွက် နည်းလမ်းအားလုံးကို ရွေးချယ်စရာ အဖြစ် ဆက်ပြီး ထားရှိကြောင်း ကန် ဒုသမ္မတ Mike Pence က သတိပေးရင်း ဗင်နီဇွဲလား အပေါ် ဆုပေး ဒဏ်ပေး စနစ်ကျင့်သုံးဖို့ ရည်ရွယ်တဲ့ မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် တပ်ဖွဲ့တွေ အပေါ် အီရန်ရဲ့ ခြိမ်းခြောက်မှု ဆိုင်ရာ ရှင်းလင်းပြတ်သားတဲ့ အချက်အလက်သစ်တွေကို အမေရိကန် စစ်တပ်က ရရှိထားပါတယ်။
မတ်လ ၂၄ ရက်နေ့ကကျင်းပတဲ့ ထိုင်းနိုင်ငံရွေးကောက်ပွဲတွေမှာ ပြည်ပမှာရောက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နဲ့ အဆက်အစပ်ရှိတဲ့ Pheu ထိုင်းပါတီက မဲဆန္ဒနယ်မြေ ၁၃၆ နေရာမှာ အနိုင်ရပြီး အများဆုံးအနိုင်ရတဲ့ပါတီဖြစ် တယ်လို့ ထိုင်းရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ တရားဝင်ကြေညာလိုက်ပါတယ်။
သမ္မတဦးဝင်းမြင့်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့ ဒီကနေ့ ပြန်လွတ်လာသူတွေထဲမှာ ရိုက်တာသတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့လည်း ပါဝင်ပါတယ်။ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်မှုနဲ့ စတင်ဖမ်းဆီးခံရတဲ့ အချိန်ကနေ ရက်ပေါင်း ၅၀၀ကျော်အကြာမှာ သတင်းထောက် ၂ဦး ပြန်လွတ်လာတာပါ။
AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ဆက်စပ်မှုရှိတယ်ဆိုတဲ့ သံသယတွေနဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ကျောက်တန်းရွာကို အစိုးရစစ်တပ်ကပိတ်ဆို့ထားတာ အချိန်တပတ်လောက်ရှိလာနေပြီး ရွာသူရွာသားတွေ အစားအစာ ပြတ် လပ်နေတဲ့အကြောင်း AFP သတင်းမှာ မနေ့ကဖေါ်ပြထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံက မစ်ဇိုင်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု ပြန်ပြီး လုပ်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ တနင်္လာနေ့တုန်းက ဆွေးနွေးခဲ့ကြတယ်လို့ AFP သတင်းမှာ မနေ့ကဖေါ် ပြ ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်