ဆယ်စုနှစ်ပေါင်းများစွာအတွင်း လူတွေရဲ့ အပြုအမူကြောင့် ကမ္ဘာမှာရှိနေတဲ့ အပင်နဲ့ သတ္တဝါ မျိုးစိတ် ပေါင်း ၁ သန်း မျိုးတုန်းမယ့် အန္တရာယ်ရှိနေကြောင်း တနင်္လာနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂအစီရင်ခံစာက သတိပေးလိုက်ပါတယ်။
မိခင်ရော ကလေးပါ ကျန်းကျန်းမာမာရှိတယ်လို့ အင်မတန်ပျော်နေပုံရတဲ့ မင်းသား Harry က စောင့်ဆိုင်း နှုတ်ဆက်သူတွေကို ပြောကြားခဲ့ပါတယ်။ ပထမဆုံး သားလေး မွေးဖွားတဲ့အတွက် အင်မတန် စိတ်လှုပ်ရှား ပျော်ရွှင်ရကြောင်းနဲ့ ဆုမွန်ကောင်း တောင်းကြသူတွေကို ကျေးဇူးတင်ကြောင်း မင်းသား Harry ကပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသ အကြုံးဝင်တဲ့ အမေရိကန် ဗဟိုကွပ်ကဲရေးဒေသကို လေယာဉ်တင်သင်္ဘောအုပ်စုနဲ့ လေကြောင်း တိုက်ခိုက်ရေးတပ်ဖွဲ့ကို အမေရိကန်က စေလွှတ်ခဲ့ပါတယ်။
ထိုင်းဘုရင်သစ် Maha Vajiralongkorn ဟာ သူ့ကို လာရောက် ဆုမွန်ကောင်း တောင်းကြသူတွေကို ဘန်ကောက်မြို့တော်က နန်းတော် လေသာဆောင်ကနေ ဒီကနေ့ ထွက်ပြီး နှုတ်ဆက်ခဲ့ပါတယ်။ ၃ ရက် အခမ်းအနားတွေ ကျင်းပတဲ့ နန်းတက်ပွဲရဲ့ နောက်ဆုံးနေ့အဖြစ် ဒီကနေ့ လေသာဆောင်ထွက် နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားချင်း လိင်တူစုံမက်သူတွေ၊ အိမ်ထောင်ရေးဖောက်ပြားသူတွေနဲ့ မုဒိမ်းမှုကျူးလွန်သူတွေကို ခဲနဲ့ပေါက်သတ်တဲ့ ဥပဒေအပါအဝင် ပိုပြီးတင်းကြပ်တဲ့ ဥပဒေသစ်တွေ ကျင့်သုံးမယ်လို့ ဧပြီလ ကြေညာခဲ့ပြီးနောက် နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုကို Brunei နိုင်ငံအကြီးအကျယ် ရင်ဆိုင်ခဲ့ရတာပါ။
ရုရှားလေကြောင်းလိုင်း Aeroflot ဟာ တနင်္ဂနွေနေ့က မော်စကိုမြို့ Sheremetyevo လေဆိပ်ကနေ စတင် ပျံသန်းစဉ်မှာ လေယာဉ် မီးလောင်ကျွမ်းပြီး အဲဒီလေဆိပ်မှာပဲ အရေးပေါ် ပြည်လည် ဆင်းသက်ခဲ့ပါတယ်။
ရိုက်တာ သတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးရဲ့ အမှုနဲ့ ပတ်သက်တဲ့ သက်သေ အထောက်အထားတွေကို မြန်မာရဲတပ်ဖွဲ့က စုဆောင်းရယူတဲ့ နေရာမှာ အစ္စရေးလ် ကုမ္ပဏီ Cellebrite ရဲ့ နည်းပညာကို အသုံးပြုခဲ့တယ်လို့ ဝါရှင်တန်ပိုစ့် သတင်းစာကြီးက တနင်္ဂနွေနေ့မှာ ဖော်ပြလိုက်ပါတယ်။
စင်္ကာပူနိုင်ငံက FAST လို့ခေါ်တဲ့ နိုင်ငံခြားသား လူမှုကူညီထောက်ပံ့ရေး အိမ်အကူလုပ်သား အစည်းအရုံးက စင်္ကာပူနိုင်ငံမှာ အိမ်အကူအဖြစ် လာရောက် အလုပ်လုပ်ကိုင်ချင်တဲ့ မြန်မာအမျိုးသမီးတွေကို လေ့ကျင့် သင်ကြားပေးဖို့ စင်တာတခု ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပါတယ်။
ဘရူနိုင်းနိုင်ငံမှာ လိင်တူဆက်ဆံမှု အပါအဝင် အိမ်ထောင်ရေး ဖောက်ပြန်သူတွေကို သေသည်အထိ ကျောက်ခဲနဲ့ ပစ်ပေါက် အဆုံးစီရင်တဲ့ ရှရီယာ အစ္စလမ်ဘာသာရေး ဥပဒေကို ဆိုင်းငံ့လိုက်ကြောင်း ဘရူနိုင်းခေါင်းဆောင် ဆူလ်တန်စော်ဘွား Hassanal Bolkiah က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
ဂါဇာကမ်းမြှောင်ကနေ ပါလက်စတိုင်း စစ်သွေးကြွတွေက ဒုံးကျည် အစင်းပေါင်း ရာနဲ့ချီပြီး ပစ်ခတ်ခဲ့ပြီး အစ္စရေးလ်ဘက်ကလည်း ဂါဇာတဝန်းကို လေကြောင်းကနေ တုံ့ပြန် တိုက်ခိုက်နေပါတယ်။
ဂါဇာမှာရှိတဲ့ စစ်သွေးကြွတွေကို လေကြောင်းကနေ အကြီးအကျယ် ဆက်ထိုးစစ်ဆင်ဖို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က အစ္စရေးလ်စစ်တပ်ကို အမိန့်ပေးလိုက်ပြီး၊ ဂါဇာနယ်စပ်ကိုလည်း သံချပ်ကာကားတွေ၊ အမြောက်တွေ အပါအဝင် အစ္စရေးတပ်တွေကိုလည်း စေလွှတ်လိုက်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ဘူလ်ဂေးရီးယားနိုင်ငံ နဲ့ မြောက်ပိုင်း မက်ဆီဒိုနီးယားနိုင်ငံတွေကို ၃ ရက်ကြာ ခရီးအဖြစ် သွားရောက်နေပြီး၊ အဲဒီခရီးစဉ်ရဲ့ ပထမနေ့ဖြစ်တဲ့ ဒီကနေ့မှာတော့ ဘူလ်ဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့ကို ရောက်ရှိခဲ့ပါတယ်။
ဒီကနေ့ တနင်္ဂနွေနေ့ ထိုင်းနိုင်ငံမှာ ဘုရင်သစ် Maha Vajiralongkorn ဘန်ကောက်မြို့တွင်း တိုင်းခန်းလှည့်လည် နှုတ်ဆက်နေတာကို ပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။ ေ
အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်း ပြည်နယ်တခုမှာ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှု အတွင်း အစ္စလာမ္မစ် အစွန်းရောက် IS စစ်သွေးကြွ ၅၀ ထိ သေဆုံးခဲ့ကြောင်း အာဖဂန် အာဏာပိုင်တွေက စနေနေ့မှာ ပြောဆိုပါတယ်။
အမေရိကန်နဲ့ ရုရှားကြား ခိုင်မြဲတဲ့ မဟာမိတ်အဖြစ် ပူးပေါင်းခြင်းက ကမ္ဘာကြီးအတွက် ပိုမိုလုံခြုံစိတ်ချရပြီး ကောင်းမွန်တဲ့ ကမ္ဘာ့အသိုင်းဝိုင်းကို ဖြစ်ပေါ်စေလိမ့်မယ်လို့ သမ္မတ ထရမ့်က စနေနေ့မှာ တွစ်တာကတဆင့် ပြောဆိုလိုက်ပါတယ်။
ဒီဂျစ်တယ် ငွေကြေး ရောင်းဝယ်ခြင်းကို ဗဟိုဘဏ်က ခွင့်ပြုမထားကြောင်းနဲ့ တရားဝင် ငွေကြေးအဖြစ် သတ်မှတ်မထားဘူးလို့လည်း ပြောဆိုထားပါတယ်။ ဒီဂျစ်တယ် ငွေကြေးတွေကိုတော့ လူမှုကွန်ယက် Facebook မှာ အကောင့်ဖွင့်ပြီး မြန်မာငွေနဲ့ အရောင်းအဝယ် လုပ်နေတာတွေ တွေ့ရပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Odisha ပြည်နယ်ကို သောကြာနေ့မှာ ဝင်ရောက်တိုက်ခတ် ဖျက်စီးခဲ့တဲ့ ဆိုင်ကလုန်း Fani က မုန်တိုင်းငယ် အဖြစ် အားပျော့လာပြီး စနေနေ့မှာတော့ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက် တိုက်ခတ်ပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Odisha ပြည်နယ်မှာ Fani ဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး ၁၂ ယောက် သေဆုံးသွားခဲ့ပါတယ်။ ဒီမုန်တိုင်းဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အိန္ဒိယနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားအပြင်းဆုံးဖြစ်ပါတယ်။
ထိုင်းဘုရင် မဟာဝဇီယာလောင်ကွန်းရဲ့ ဘိသိက်ခံနန်းတက်ပွဲ အခမ်းအနားကို ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ထိုင်းဘုရင် မဟာဝဇီယာလောင်ကွန်းရဲ့ နန်းတက်ပွဲအခမ်းအနားကို ဒီကနေ့ စနေနေ့က စတင်ပြီး ၃ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက တာတိုပစ် ဒုံးကျည်တချို့ကို ကိုးရီးယားကျွန်းဆွယ် အရှေ့ဘက်ပင်လယ်ထဲ ဒီကနေ့ပဲ စမ်းသပ်ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။ အရှေ့ပိုင်း Wonsan မြို့ကနေ ဒေသစံတော်ချိန် မနက် ၉ နာရီကျော်လောက်မှာ ပစ်လိုက်တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ် က ကြေညာချက်မှာ ပြောထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်