ခရီးသည် ၁၃၆ ယောက် တင်ဆောင်လာတဲ့ မိုင်ယာမီလေကြာင်းလိုင်းက ဘိုးရိမ်း ၇၃၇ လေယာဉ်ကြီးဟာ အမေရိကန်အရှေ့ပိုင်း ဖလော်ရီဒါပြည်နယ်က Jacksonville မြို့ Naval Air စစ်လေယာဉ်ကွင်းမှာ ဆင်းသက်တဲ့အချိန် လမ်းချော်ပြီး Saint John မြစ်ထဲကို ချော်ကျသွားတယ်လို့ ပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။
ဥတုရာသီပြောင်းလဲမှု ပြဿနာနဲ့ လောင်စာဆီ၊ မြေသြဇာ နဲ့ တခြား သီးထွက်ကောင်းဖို့ လိုအပ်တဲ့ အရာတွေ အလုံအလောက်မရှိတာကြောင့် ဒီနှစ် သီးထွက် တန် ၅ သန်းအောက် ရောက်သွားတဲ့အကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP နဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့အစည်း FAO တို့ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာစာမှာ ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဖွန်နီဆိုင်ကလုံး မုန်တိုင်းကြောင့် သေဆုံးသူအနည်းဆုံး ၃ ဦး သေဆုံးရှိပြီး Odisha ပြည်နယ် ကမ်းရိုးတန်း တလျှောက်မှာ မနေ့တုန်းက မိုးပြင်းလေပြင်းတွေ ကျခဲ့ပါတယ်။
ရုရှားသမ္မတ Vladimir Putin နဲ့ အမေရိကန်သမ္မတ Donald Trump တို့ တနာရီကျော်ကြာအောင် ဖုန်းပြောခဲ့ကြပြီး ဗင်နီဇွဲလားရေး အပါအဝင် တခြားကိစ္စရပ်တွေ ဆွေးနွေးခဲ့ရာမှာ သိပ်ကို အပြုသဘောဆောင်တဲ့အကြောင်း Trump က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ကူးအသွင်ပြောင်းရေး၊ စစ်မှန်တဲ့ အရပ်သားအစိုးရပေါ်ပေါက်ရေးစတဲ့ကိစ္စတွေကို အမေရိကန် ပြည်ထောင်စုကဆက်ပြီး ကူညီပံ့ပိုးသွားမယ်လို့ မြန်မာနိုင်ငံကို ၃ ရက်ကြာခရီးစဉ်နဲ့ ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဌာနကြီး အမြဲတန်း အတွင်းဝန် David Haleက ပြောလိုက်ပါတယ်။
ဒုက္ခသည်တွေနေရပ်ကို ပြန်လာတဲ့အခါ လုံခြုံစိတ်ချမှုရှိပြီး လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားခွင့်တွေကို အာမခံနိုင်ဖို့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်တွေဘက်က အဓိကထားဆွေးနွေးခဲ့ပါတယ်။
ဒီကနေ့ကျရောက်တဲ့ ကမ္ဘာသတင်းလွတ်လပ်ခွင့်နေ့မှာ သတင်းလွတ်လပ်မှုတိုးတက်စေရေး အခမ်းအနားတွေကို ကမ္ဘာတဝန်းမှာ ကျင်းပနေကြပါတယ်။ အမုန်းစကားနဲ့ အတုအယောင်သတင်းပြဿနာကို အခုနှစ်မှာ အဓိက မီးမောင်းထိုးတင်ပြနေကြပါတယ်။
ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ဖြစ်နေတဲ့ လူသားချင်းစာနာစရာအခြေအနေတွေကို ကိုယ်တွေ့သိမြင်နိုင်ဖို့ မေလ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သွားရောက်မယ့် ခရီးစဉ်ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက သတင်းထုတ်ပြန်ပါတယ်။
အမေရိကန် စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှု ပြဿနာတွေပိုပြီး ဆိုးလာတဲ့အကြောင်း ပင်တဂွန်စစ် ဌာနချုပ်ရဲ့ အစီရင်ခံစာသစ် တစောင်ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး ဒီပြဿနာတွေကို တင်းတင်းကျပ်ကျပ်ကိုင်တွယ် ဖြေရှင်းဖို့ ယာယီကာကွယ်ရေးဝန်ကြီး Patrick Shanahan ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် Juan Guaido က စစ်တပ်ခေါင်းဆောင်တွေ သူ့ဘက်ပါအောင် မလုပ်နိုင်ခဲ့တဲ့နောက် အာဏာသိမ်းဖို့ ဘယ်ကြိုစားမှုမျိုးကို မဆိုဆန့်ကျင်ကြဖို့ ဗင်နီဇွဲလားစစ်တပ်ကို သမ္မတ Nicolas Maduro က ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ ဟူးကောင်းတောင်ကြားဒေသထွက် ပယင်းတလုံးထဲမှာ လွန်ခဲ့တဲ့နှစ် ၉၉ သန်း ဒိုင်နိုဆောတွေရှိတဲ့ ခေတ်က အသက်ရှင်နေထိုင်တဲ့ ကင်းခြေများ Millipede မျိုးစိတ်တမျိုးရဲ့ အပိုင်းအစလေးကို သုတေသန ပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။
ကမ္ဘာကျော်အနုပညာရှင် လီယိုနာဒို ဒါဗင်ချီ ကွယ်လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာပြည့် အထိမ်းအမှတ်အခမ်းအနားတွေကို အီတလီနဲ့ပြင်သစ်နိုင်ငံတွေမှာ မနေ့က စတင်ကျင်းပနေပါပြီ။
အိန္ဒိယနိုင်ငံအရှေ့ပိုင်း Odisha ပြည်နယ်ဆီကို တဖြေးဖြေး ဦးတည်သွားနေတဲ့ Fani ဆိုင်ကလုံးမုန်တိုင်း ဖြတ်သန်းသွားမယ့် လမ်းကြောင်းတလျှောက်မှာ နေထိုင်သူ လူပေါင်းက သန်းတရာကျော် ရှိနေပါတယ်။
၂၀၁၆ အမေရိကန်ရွေးကောက်ပွဲမှာဝင်နှောင့်ယှက်ခဲ့တဲ့ ရုရှားနဲ့ Trump စည်းရုံးရေးတာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ရှိ မရှိ အစီရင်ခံနဲ့ပါတ်သက်တဲ့ အောက်လွှတ်တော်ကြားနာပွဲကို ရှေ့နေချုပ် William Barr တက်ရောက်ခြင်းမရှိပါဘူး။
ဗင်နီဇွဲလားနိုင်ငံမှာ ယာယီသမ္မအဖြစ် ကြေညာထားတဲ့ အတိုက်အခံခေါင်းဆောင် Juan Guaido က ဒီနေ့စတင်မယ့် ဆန္ဒပြ လှုပ်ရှားမှုကနေ အထွေထွေသပိတ်တရပ်အထိ ဆင်နွှဲသွားမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ လူထုအုံကြွမှုနဲ့ သမ္မတ Maduro အစိုးရကို ရာထူးကနေ အမြန်ဆုံးဖယ်ရှားနိုင်ဖို့ အတိုက်အခံခေါင်းဆောင်က တိုက်တွန်းလိုက်တာပါ။
William Barr ကတော့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ တခုလုံးကို ဖြစ်နိုင်သမျှ အမြန်ဆုံး ထုတ်ပြန်ချင်တယ် ဆိုပြီး Robert Mueller ရဲ့ မေတ္တာရပ်ခံချက်ကို ပယ်ချခဲ့ပါတယ်။
ဗင်နီဇွဲလား နိုင်ငံမှာ ဖြစ်ပွားနေတဲ့ မငြိမ်မသက်မှုတွေ ရပ်တန့်ဖို့ အတွက် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့ အဆင်သင့်ဘဲ ရှိနေပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ တချို့မှာ အပစ်ရပ်စဲရေးကို တိုးချဲ့လိုက်တဲ့ အတွက် မြန်မာနိုင်ငံ စာနာမှု ပူးပေါင်းဆောင်ရွက်ရေး ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Knut Ostby က ကြိုဆိုလိုက်ပါတယ်။
အရေးတကြီး အဖြစ်ဆုံး သတင်းသမား ၁၀ ဦးထဲမှာ မြန်မာနိုင်ငံမှာ ရခိုင်ပဋိပက္ခ အရေး သတင်းယူမှုကြောင့် နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဥပဒေနဲ့ အရေးယူ ခံခဲ့ရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့လည်း ပါဝင်ပါတယ်။
အင်တာနက်မှာ လျို့ဝှက်ချက်တွေကို ဖွင့်ချနေတဲ့ WikiLeaks ဝဘ်ဆိုဒ်ထူထောင်သူ Julian Assange ကို လွန်ခဲ့တဲ့ ၇ နှစ်က အီကွေဒေါသံရုံးမှာ မခိုလှုံခင်မှာ အာမခံပေးထားတာကို ချိုးဖောက်မှုနဲ့ လန်ဒန်မြို့တော်က တရားရုံးက ထောင်ဒဏ် သီတင်းပတ် ၅၀ ကျခံဖို့ စီရင်ချက် ချလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်