မေလ(၁)ရက်နေ့မှာ ကျရောက်တဲ့ မေဒေး၊ ကမ္ဘာ့အလုပ်သမားများနေ့မှာ လူတွေ စုဝေး ချီတက်ကြမှာ ဖြစ်တဲ့အတွက် ကမ္ဘာ့မြို့ကြီးတွေမှာ ရဲလုံခြုံရေးတွေ တိုးချထားပြီး ဒရုန်းယာဉ်တွေကိုပါ အသုံးပြုထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ လုံခြုံစွာနေရပ်ပြန်နိုင်ရေးအတွက် လိုအပ်တာတွေကို သိနိုင်ဖို့ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကို ရခိုင်ပြည်နယ်တွင်း သွားရောက်ခွင့်ပေးဖို့ အမေရိကန် အစိုးရက အင်္ဂါနေ့မှာ တောင်းဆို လိုက်ပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ့်ဘဇားမှာ ခိုလှုံနေကြတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံမှုရှိရှိ ဂုဏ်သိက္ခာနဲ့ အညီ ရေရှည်နေထိုင်နိုင်မယ့် အခြေအနေမျိုးကို ရခိုင်ပြည်နယ်မှာ ဖန်းတီးဆောင်ရွက်ဖို့ မြန်မာနိုင်ငံကို ဘင်္ဂလားဒေရှ့်ဘက်က ဖိအားပေးဖို့ ရှိနေပါတယ်။
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ဘက်ကို ဗဟိုပြုပြီး တနာရီမိုင် ၁၁၀ နှုန်း နီးပါးနဲ့ တိုက်ခတ်မယ့် လေပြင်းဆိုင်ကလုံးမုန်တိုင်း Fani ဟာ ဒီသီတင်းပတ်နှောင်းပိုင်းမှာ လူပေါင်း သန်း ၁၀၀ ကျော်နေထိုင်တဲ့ အိန္ဒိယ အရှေ့ပိုင်း Andra Pradesh ပြည်နယ်မြောက်ပိုင်းနဲ့ Odisha ပြည်နယ် တွေမှာ ဝင်ရောက်ဖို့ ရှိနေပါတယ်။
ဂျပန် ဧကရာစ် Akihito က သူ့ရဲ့ သား အကြီးဆုံးကို ထီးနန်း အရိုက်အရာ လွှဲပေးလိုက်ပါပြီ။ တိုကျိုမြို့တော်က Imperial နန်းတော်မှာ အင်္ဂါနေ့က နောက်ဆုံး မိန့်ခွန်းပြောတာမှာတော့ သူ့ရဲ့ နန်းစံသက် နှစ်ပေါင်း ၃၀ အတွင်း ဂျပန်ပြည်သူတွေရဲ့ ထောက်ခံမှု အပေါ်မှာ ကျေးဇူးတင်ကြောင်း ပြောဆိုသွားပါတယ်။
ဗင်နီဇွဲလားနိုင်ငံ Caracas မြို့တော်မှာ အာဏာသိမ်းဖို့ ကြိုးစားမှုတခု အခုဖြစ်နေတယ်လို့ ဗင်နီဇွဲလား ဆိုရှယ်လစ်အစိုးရက ဒီကနေ့ ပြောပါတယ်။
၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားက ဝင်နှောက်ခဲ့တဲ့အပေါ် အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller က စုံစမ်းစစ်ဆေးခဲ့တာ မတ်လက ပြီးဆုံးသွားပြီး လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်မှာ အစီရင်ခံစာကို ထုတ်ပြန်ပြီးတဲ့နောက် သူ နုတ်ထွက်မယ့်ကိစ္စ တရားဝင်ထွက်လာတာပါ။
IS အဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေးဌာန al-Furqan က အင်တာနက်ပေါ်မှာ တင်လိုက်တဲ့ ၁၈ မိနစ်ကျော်ကြာ ဗွီဒီယိုထဲမှာ IS အဖွဲ့ရဲ့ ခေါင်းဆောင်လို့ သိထားကြတဲ့ Abu Bakr al-Baghdadi လို့ဆိုသူက စကားပြောထားတာပါ။
တရုတ်နိုင်ငံကအပြန် ကမ္ဘောဒီးယားနိုင်ငံကို တနင်္လာနေ့က သုံးရက်ကြာခရီးစဉ်နဲ့ရောက် လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD အစိုးရ တက်လာပြီးကတည်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့ ကမ္ဘောဒီးယားကို ပထမဆုံးရောက်လာတဲ့ တရားဝင်ခရီးစဉ်လည်းဖြစ်ပါတယ်။
ဧပြီလ အစောပိုင်းက ကျင်းပခဲ့တဲ့ အင်ဒိုနီးရှား ရွေးကောက်ပွဲအတွင်း ပင်ပန်းဖျားနာမှုဒဏ်ကြောင့် သေဆုံးခဲ့ရတဲ့ မဲရုံး ဝန်ထမ်းပေါင်း ၃၀၀ ကျော်ရှိခဲ့ပါတယ်။
အိန္ဒိယနိုင်ငံအနောက် ဘင်္ဂလားပြည်နယ်က Burdwan မြို့မှာ ၂၀၁၄ခုနှစ်တုန်းက ဖြစ်ပွါးခဲ့တဲ့ ပေါက်ကွဲမှုတခုနဲ့ပတ် သက် ပြီးဆက်နွယ်မှုရှိတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာသုံးဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ မှာရှိတဲ့အထူးတရားရုံးက ထောင်ဒဏ် ဆယ်နှစ်ဆီချမှတ်လိုက်ကြောင်း AFP သတင်းမှာ မနေ့က ဖေါ်ပြထားပါတယ်။
IS စစ်သွေးကြွတွေက ဘာသာရေးအရ ပိုင်ဆိုင်တဲ့နယ်မြေလို့ ကြေညာထားတဲ့ ဆီးရီးယားနဲ့ အီရတ်နိုင်ငံက နယ်မြေတွေ အရေးနိမ့်ကျဆုံးခဲ့တာနဲ့ပတ်သက်ပြီး ကလဲ့စားချေကြဖို့ IS အဖွဲ့ခေါင်းဆောင်က သူ့အဖွဲ့ဝင်တွေကို သတင်းစကား ပြောထားတဲ့ ဗွီဒီယိုတခု မနေ့က ထွက်လာပါတယ်။
မြန်မာစစ်ဘက်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို ဒဏ်ခတ်ပိတ်ဆို့တဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ အရေးယူမှုကို နောက်ထပ် တနှစ်သက်တမ်းတိုးလိုက်ပါပြီ။
ထိုင်းဘုရင်ကြီး Bhumibol Adulyadej ၂၀၁၆ အောက်တိုဘာလမှာ နတ်ရွာစံသွားပြီးတဲ့နောက်မှာ Rama မင်းဆက်ရဲ့ ၁၀ ယောက်မြောက် ဘုရင်အဖြစ် သားတော် Vajiralongkorn က စည်းမျဉ်းခံ ဘုရင်စနစ်အရ ထီးနန်း အရိုက်အရာကို ဆက်ခံမှာ ဖြစ်ပါတယ်။
အီရန်ရဲ့ နိုင်ငံတကာနဲ့ ရေနံကုန်သွယ်ရေး ပျက်သွားအောင် အမေရိကန်ဘက်က လုပ်နေတာဟာဆိုရင် အီရန် အစိုးရကို ဖြုတ်ချပြီး အီရန်ဘက်က အညံ့ခံ ဒူးထောက်လာအောင် ကြိုးပမ်းမှု ဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီး Mohammad Javad Zarif က စွပ်စွဲလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် Poway မြို့က ဂျူးဘုရားကျောင်း ပစ်ခတ်မှုမှာ တဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့စေမှု စွပ်စွဲချက်နဲ့ အသက် ၁၉ နှစ် အရွယ် ကောလိပ်ကျောင်းသား တဦးကို ဖမ်းဆီးထားပါတယ်။
တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ဒုတိယ အကြိမ် BRI ခါးပတ်လမ်းမကြီး စီမံကိန်း အစည်းအဝေးကို တက်ရောက်နေတဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တနင်္ဂနွေနေ့မှာတော့ တရုတ်ရဲ့ ထိပ်တန်း နိုင်ငံရေး အကြံပေး Wang Yang နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း တရုတ်ပိုင် ရှင်ဟွာသတင်းက ဖော်ပြပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Poway မြို့ ဂျူးဘုရားရှိခိုးကျောင်းမှာ မနေ့ စနေနေ့ က သေနတ်သမားတဦး ဝင်ရောက် ပစ်ခတ်တာကြောင့် တယောက် သေဆုံးပြီး ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း မူဘောင်အောက်မှာ ရေရှည်ဘဏ္ဍာရေး အစီအစဉ်၊ ရံပုံငွေ လုံလောက်မှုဖို့နဲ့ ဒေသတွင်း ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်တွေကို ကြိုတင်သတိပေးမယ့် စနစ်ကောင်း တရပ်ရှိဖို့ အရေးကြီးတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။
ယူကရိန်း ခေါင်းဆောင်သစ်နဲ့ တွေ့ဆုံခဲ့ရင် ယူကရိန်း အရှေ့ပိုင်းက ပဋိပက္ခအရေးကို ဆွေးနွေးမယ်လို့ ရုရှား သမ္မတက ပြောဆိုခဲ့ပါတယ်။ ရုရှား သမ္မတ Vladimir Putin နဲ့ ရုရှား သမ္မတ အဖြစ် ရွေးကောက်ခံထားရသူ Volodymyr Zelenskiy တို့ကြား တွေ့ဆုံ ဆွေးနွေးဖို့ ရက်သတ်မှတ်ထားတာတော့ မရှိသေးပါဘူး။
နောက်ထပ်ကြည့်ရှုရန်