ကြာသပတေးနေ့မှာ ဆိုင်ကလုန်း Kenneth ဝင်ရောက်ပြီးနောက်ပိုင်း ၁ နာရီကို ၁၃၇ မိုင်နှုန်းနဲ့ လေပြင်းတွေ တိုက်ခဲ့တာကြောင့် အာဖရိကတိုက် တောင်ပိုင်းဒေသခံ လူဦးရေ ၇ သိန်း နီးပါး ရေကြီး မြေပြိုမှု အန္တရာယ် စိုးရိမ်ရတဲ့အကြောင်း ကူညီရေးအဖွဲ့တွေက သတိပေးနေပါတယ်။
အီရန်ရဲ့ တော်လှန်ရေးပြည်စောင့်တပ်ရဲ့ ထောက်လှမ်းရေး Drone ယာဉ်တခု အမေရိကန် လေယာဉ်တင်သင်္ဘောပေါ်ကို အောင်မြင်စွာ ဖြတ်မောင်းနိုင်ခဲ့ကြောင်း အီရန်အစိုးရ တစိတ်တပိုင်းပိုင်တဲ့ Tasnim သတင်းဌာနက စနေနေ့မှာ ကြေညာလိုက်ပါတယ်။
အမေရိကန်နိုင်ငံ ပြည်ထောင်စုအနေနဲ့ ၂၀၁၃ ကုလသမဂ္ဂ လက်နက်ကုန်သွယ်ရေး သဘောတူညီချက်ကနေ နုတ်ထွက်တယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က သောကြာနေ့ကကျင်းပတဲ့ အမေရိကန် အမျိုးသားရိုင်ဖယ်အသင်းရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ကြေငြာလိုက်ပါ တယ်။
ဆုတောင်းပွဲကို Nicosia မြို့မှာ သောကြာနေ့က ကျင်းပခဲ့ပါတယ်။ ဒီလူသတ်မှုတွေမှာ သံသယရှိသူ အသက် ၃၅ နှစ်အရွယ် စစ်ဘက်အရာရှိ တဦးကိုတော့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဒါဟာ ဆိုက်ပရပ်စ်နိုင်ငံမှာ စိတ္တဇ လူသတ်သမားတဦးကြောင့် လူတွေသေဆုံးခဲ့ရတဲ့ပထမဆုံး ဖြစ်ရပ်ပါ။
သီရိလင်္ကာနိုင်ငံ အရှေ့ပိုင်းက Kalmunai မြို့မှာ လုံခြုံရေးတပ်ဖွဲ့နဲ့ လက်နက်ကိုင်အုပ်စု တစုတို့ သောကြာနေ့ညက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွါးခဲ့တဲ့ အိမ်ကို ဒီကနေ့ ရှင်းလင်းရာမှာ အပြင်းအထန် ဒဏ်ရာရထားတဲ့ အမျိုးသမီးတဦးနဲ့ ကလေးတယောက်ကို ရှာတွေ့ခဲ့လို့ သူတို့ကို ဆေးရုံပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ပြဿနာဖြစ်အောင် လက်နက်ထောက်ပံ့နေတဲ့ ဇစ်မြစ်ကို ရှာဖွေ ဖေါ်ထုတ်ပြီး နေရာအနှံ့ အကြမ်းဖက်မှုတွေ ရပ်တံ့အောင်လုပ်ဆောင်ဖို့ ကုလသမဂ္ဂ ဌာနကြီး ၃ ခုရဲ့ အကြီးအကဲတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။
အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဟာ အခုအခါမှာဖိလစ်ပိုင်တောင်ပိုင်းနဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကို ထိုးဖေါက် ဝင်ရောက်ဖို့အတွက် မလေးရှားနိုင်ငံ Sabah ပြည်နယ်က Tawau နဲ့ Sandakan ဒေသတွေကို စုရပ်အဖြစ် ရွေးချယ်ထားတယ်လို့ မလေးရှား ရဲမင်းကြီးTan Sri Mohamad Fuzi Harun က ပြောကြားလိုက်ပါတယ်။
မန္တလေးမြို့က ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်အသစ် အဖြစ် Fr. Marco တင်ဝင်း ကိုခန့်အပ်ကြောင်း ပုပ်ရဟန်းမင်းကြီး Francis ရဲ့ မနေ့တုန်းကကြေညာချက်အပေါ် မြန်မာနိုင်ငံရဲ့ ကက်သလစ် ရဟန်းအမတ် ချားလ်စ်မောင်ဘို က ဝမ်း မြောက်စရာ သတင်းလို့ တုံ့ပြန်ကြိုဆိုတဲ့အကြောင်း ဗာတီကန်သတင်းမှာ ဖေါ်ပြထားပါတယ်။
၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် အရွေးခံမယ့်အကြောင်း ဒုသမ္မတဟောင်း Joe Biden က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်တွေကို ဖျက်သိမ်းနိုင်ရေး နိုင်ငံတကာ အသိုင်းအဝန်းက လုံခြုံရေး အာမခံချက်ပေးဖို့ လိုတဲ့အကြောင်း ရုရှားသမ္မတ Vladimir Putin က ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံမှာရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ တရုတ်ဝန်ကြီးချုပ် Li Keqiang နဲ့တေ့ွဆုံခဲ့ပါတယ်။ ၂ ဖက် အပြန်အလှန်အကျိုးအတွက် လက်တေ့ွကျတဲ့ ၂ နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ ရှေ့တိုးလုပ်သွားဖို့လိုလားတယ်လို့ အောင်ဆန်းစုကြည်က တရုတ်ဝန်ကြီးချုပ်ကို ပြောကြားခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့ တဲ့ တနင်္ဂနွေ အီစတာပွဲတော်နေ့က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး လူ ၃၅၀ ကျော်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်အတွက် သီရိလင်္ကာ သမ္မတ Maithripala Sirisena က ထိပ်တန်း လုံခြုံရေး အရာရှိ ၂ ဦးကို ရာထူးက နုတ်ထွက်ခိုင်း လိုက်ပါတယ်။
ဖမ်းဆီးခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦး ရဲ့ အယူခံမှုကို ငြင်းပယ်ခဲ့တဲ့ မြန်မာနိုင်ငံ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ပြင်တင် ရှုုတ်ချခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ လူပေါင်း ၃၅၉ ယောက်အထိ သေဆုံးခဲ့ရတဲ့ အီစတာပွဲတော်အတွင်း အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီးနောက် ကာကွယ်ရေးဝန်ကြီးနဲ့ ရဲတပ်ဖွဲ့အကြီးအကဲ တို့ကို နုတ်ထွက်ဖို့ သမ္မတ Maithripala Sirisena က တောင်းဆိုလိုက်ပါတယ်။
ဒီခရီးစဉ်ဟာ ရုရှားနိုင်ငံနဲ့ နီးကပ်စွာ ဆက်ဆံရေးအတွက် ကနဦး ခြေလှမ်းတရပ်ဖြစ်တယ်လု့ိ Kim က ပြောပါတယ်။ Vladivostok ဆိပ်ကမ်းမြို့ကို ဒီကနေ့ ရောက်ရှိလာတဲ့ ခေါင်းဆောင် ကင်မ်ကို ပြုံးပြုံးရွှင်ရွှင်တွေ့ရပြီး သူ့ကို ရုရှား တာဝန်ရှိသူတွေက စစ်တီးဝိုင်းနဲ့ ကြိုဆိုခဲ့ကြပါတယ်။
တရုတ်နိုင်ငံမှာ ကျင်းပမယ့် ခေတ်သစ်ပိုးလမ်းမ တည်ဆောက်ရေး ဆွေးနွေးမယ့် ညီလာခံကို တက်ရောက်ဖို့ ဒီနေ့ပဲ ဘေဂျင်းမြို့တော်ကို ရောက်သွားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတ Xi Jingping နဲ့ တွေ့ဆုံပါတယ်။
ရုရှားနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Su-30SM အမျိုးအစား တိုက်လေယာဉ်တွေကို မြန်မာနိုင်ငံက ဝယ်ယူမယ်လို့ ရုရှား သတင်းထောက်တွေကို ဧပြီလ ၂၃ ရက်နေ့က အတည်ပြုပြောဆိုပါတယ်။
တရုတ်နိုင်ငံမှာ ကျင်းပမယ့် ခေတ်သစ်ပိုးလမ်းမ တည်ဆောက်ရေး ဆွေးနွေးမယ့် ညီလာခံကို တက်ရောက်ဖို့ မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ပဲ တရုတ်နိုင်ငံကို ရောက်ရှိသွားပါတယ်။
ရုရှား သမ္မတ Vladimir Putin နဲ့ ထိပ်သီးဆွေးနွေးပွဲ အတွက် မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က ဒီသတင်းပတ် အတွင်းမှာဘဲ ရုရှား အရှေ့ပိုင်းက Vladivostok မြို့ကို သွားရောက်ဖို့ ရှိနေပါတယ်။
ဖိလစ်ပိုင်တောင်ပိုင်းမှာ လူပေါင်း ၁၆ ဦး သေဆုံးခဲ့ရတဲ့ ပြင်းအား ၆.၁ ရှိတဲ့ ငလျင်ကြီး လှုပ်ခဲ့ပြီး နောက်တနေ့မှာပဲ နောက်ထပ် အားပြင်းငလျင် တခု ထပ်လှုပ်ခဲ့တယ်လို့ အမေရိကန် ဘူမိတိုင်းတာရေးဌာန USGS ကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်