သီရိလင်္ကာနိုင်ငံမှာ တနင်္ဂနွေနေ့က ခရစ်ယာန်တွေ အထွဋ်အမြတ်ထားတဲ့ Easter Sunday နေ့မှာ လူပေါင်း အယောက် ၃၀၀ ကျော် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရစေတဲ့ ဗုံးဖေါက်ခွဲမှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း အထောက်အထားမပြဘဲ IS အစ္စလာမ်မစ်အဖွဲ့က ကြေညာလိုက်ပါတယ်။ IS ပိုင်တဲ့ Amaq သတင်းဌာနက တဆင့်အခုလို ကြေညာလိုက်တာပါ။
အမေရိကန်သမ္မတ Donald Trump ဟာ လာမယ့်ဇွန်လမှာ နိုင်ငံတော်ခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံကို သွားဖို့ရှိပြီး အဲလိဇဘက် ဘုရင်မကြီးနဲ့ရော ဝန်ကြီးချုပ် Theresa May နဲ့ပါ တွေ့ဆုံမှာဖြစ်ပါတယ်။
ရိုက်တာသတင်းထောက်တွေရဲ့ နောက်ဆုံးအယူခံကို နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပလပ် လိုက်ပါတယ်။ သူတို့ လွတ်မြောက်ဖို့ နောက်ထပ်တရားဝင်နည်းလမ်း တွေနဲ့ ကြိုးစားဆောင်ရွက်သွားမယ်လို့ အကျိုးဆောင်ရှေ့နေတွေက ဆိုပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့် သတင်းပေးပို့ထားပါတယ်။
UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ၊ IOM အပြည်ပြည်ဆိုင်ရာ လူဦးရေပြောင်းရွှေ့မှုဆိုင်ရာ အကြီးအကဲ António Vitorino နဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Mark Lowcock တို့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသွားရောက်မှာ ဖြစ်ပါတယ်
မြောက်ကိုးရီးယားခေါင်းဆောင် Kim Jong Un ဟာ ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံဖို့ ရုရှားကိုသွားရောက်မယ်လို့ မြောက်ကိုးရီးယား နိုင်ငံပိုင်သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
မနက်ဖြန် April လ ၂၃ ရက်နေ့မှာ ကျင်းပမယ့် တရုတ် ရေတပ်အနှစ် ၇၀ ပြည့် အခမ်းအနားမှာ မြန်မာအပြင်၊ Australia၊ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ India၊ ရုရားစတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံက စစ်သင်္ဘော ၁၈ စင်းပါဝင် စစ်ရေးပြကြမှာဖြစ်ပါတယ်။
နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် အပြစ်ပေးတာ ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အယူခံနောက်ဆုံးအဆင့်ကို မတ်လတုန်းက သူတို့ရဲ့ အကျိုးဆောင်တွေက နေပြည်တော် တရားလွှတ်တော်ချုပ်မှာ ကြားနာခဲ့တာ ဖြစ်ပြီး အခု အင်္ဂါနေ့မှာတော့ အမိန့်ချတော့မှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံက ကျောင်း နှစ်သောင်း ခုနှစ်ထောင်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်ရေး ကော်မတီတွေ ဖွဲ့စည်းဖို့ တနင်္ဂနွေနေ့မှာ အစိုးရက ညွှန်ကြားထားပါတယ်။
ယူကရိန်း နိုင်ငံမှာ တနင်္ဂနွေနေ့က ဒုတိယ အကျော့ ကျင်းပတဲ့ သမ္မတ ရွေးကောက်ပွဲကနေ မဲပေးသူတွေကို ကောက်ယူထားတဲ့ စစ်တမ်း အရတော့ ဟာသ သရုပ်ဆောင် Volodymyr Zelenskiy က လက်ရှိ သမ္မတ Petro Poroshenko ကို ပြတ်ပြတ်သားသား အနိုင်ရကြောင်း ဖော်ပြနေပါတယ်။
ခရစ်ယာန် ဘာသာဝင်တွေရဲ့ ယေရှုခရစ်တော် ပြန်လည်ရှင်ပြန်ထမြောက်ရာ Easter ပွဲတော်နေ့မှာ သီရိလင်္ကာက ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေမှာ လူအများအပြား သေဆုံးခဲ့ရတဲ့ ဖောက်ခွဲတိုက်ခိုက်မှု အပေါ် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေက ရှုတ်ချပြောဆိုလိုက်ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ခရစ်ယာန် ဘုရားကျောင်း ၃ ကျောင်းနဲ့ ဟိုတယ် ၃ ခုမှာ ဒီကနေ့ အီစတာပွဲတော်နေ့ ဗုံးပေါက်ကွဲမှု ၆ခု ဖြစ်ခဲ့တဲ့အတွက် လူ နှစ်ရာကျော် သေဆုံးပြီး ၄၀၀ ဦး ကျော်ဒဏ်ရာရခဲ့ပါတယ်။
အမေရိကန် အထူးစုံစမ်းရေးမှူး Robert Mueller ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော်ရဲ့ လက်ရှိ ဝန်ထမ်းတွေနဲ့ ဝန်ထမ်းဟောင်းတွေကို သမ္မတ Donald Trump ပြင်းပြင်းထန်ထန် ထိုးနှက်ဝေဖန်ပါတယ်။
မနက်ဖြန် ဧပြီလ ၂၂ ရက်နေ့မှာ ကျရောက်မယ့် မြေကမ္ဘာအတွက် နိုင်ငံရေးနဲ့ ပြည်သူ့ လှုပ်ရှားမှု ကမ္ဘာလုံးဆိုင်ရာနေ့မှာ နိုင်ငံပေါင်း ၁၉၂ နိုင်ငံက လူပေါင်း သန်း ၁ ထောင်ကျော် ပါဝင်လှုပ်ရှားကြမယ်လို့ ခန့်မှန်းထားကြပါတယ်။
အမေရိကန် အထက်တန်းကျောင်း တကျောင်းမှာ ကျောင်းသူ၊ ကျောင်းသား ၁၃ ယောက် သေဆုံးခဲ့ရတဲ့ အနှစ် ၂၀ ပြည့် အထိမ်းအမှတ် အောက်မေ့ဘွယ် အခမ်းအနားတရပ်ကို မနေ့က စနေနေ့က အဲဒီကျောင်းနားက ပန်းခြံမှာ ကျင်းပခဲ့ပါတယ်။
ထိုင်းရေမိုင် ၂၀၀ သီးသန့် စီးပွားဇုန်အတွင်း အမေရိကန်နိုင်ငံသားနဲ့ ထိုင်းနိုင်ငံသူစုံတွဲ နေထိုင်တဲ့ ရေပေါ်အိမ်ကို ထိုင်းရေတပ်က စနေနေ့က ဝင်ရောက်စီးနင်း သိမ်းယူလိုက်ပါတယ်။ အဲဒီစုံတွဲကို နိုင်ငံပိုင်နက်ကျုးလွန်မှု၊ အချုပ်အခြာအာဏာထိပါးမှုနဲ့ တရားစွဲမယ်ဆိုရင် သေဒဏ် ကျခံနိုင်ဖွယ် ရှိနေပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက်စွန့်လွှတ်ရေး အလေးအနက်ထား လုပ်ဆောင်ဖို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton တိုက်တွန်းသွားတာဟာ အဓိပါယ်မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်မှာ ကူးစက်ပြန့်ပွါးနေတဲ့ အီဘိုလာရောဂါတိုက်ဖျက်ရေးလုပ်ကိုင်နေတဲ့ Butembo မြို့က ဆေးရုံတခုကို သေနတ်သမားတွေ သောကြာနေ့က ဝင်တိုက်ခဲ့တဲ့အတွက် ကင်မရွန်းနိုင်ငံသား ကူးစက်ရောဂါဆိုင်ရာ ဆရာဝန် Richard Mouzoko သေဆုံးသွားတယ်လိ့ု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကပြောပါတယ်။
၂၀၁၆ ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲကာလအတွင်း ရုရှားနိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုတွေရှိမရှိကို စုံစမ်းတဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ရဲ့ အစီရင်ခံချက်ဟာ လက်ရှိ အမေရိကန်ထောက်လှမ်းရေးအရာရှိတွေနဲ့ အရင်က ထောက်လှမ်းရေး အရာရှိတွေရဲ့ ကောက်ချက်ချမှုတွေ တော်တော်များများကို ခိုင်မာသွားစေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ မူဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂နိုင်ငံ ကိုယ်စားလှယ်တွေရဲ့ ၄ ကြိမ်မြောက်အစည်းအဝေးကို နေပြည်တော်မှာ မေလ ၃ ရက်နေ့ကျရင် ကျင်းပပါလိမ့်မယ်။
လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ်လို့ ရဲကို တိုင်ကြားတဲ့ ဘင်္ဂလားဒေ့ရှ်ကျောင်းသူကို မီးရှို့သတ်တဲ့အမှုကို အရေးယူဖြေရှင်းဖို့ နိုင်ငံတဝှမ်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး ပြစ်မှုကျူးလွန်သူအားလုံးကို အရေးယူဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hassina က ကတိပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်