၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်စွက်ဖက်မှုတွေကို စုံစမ်းခဲ့တဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ရဲ့ အစီရင်ခံစာ အပြည့်အစုံကို တင်ပြဖို့ အောက်လွှတ်တော် တရားရေးကော်မတီ ဥက္ကဋ္ဌ Jerrold Nadler က ဒီနေ့ပဲ ဆင့်ခေါ်စာ ထုတ်ပြန်လိုက်ပါတယ်။
ဧပြီ ၂၅ ကနေ ၂၇ ရက်အထိကျင်းပမယ့် BRI ဆွေးနွေးပွဲတွေမှာ တရုတ်သမ္မတ Xi Jinping က ၂၆ ရက်နေ့ ကျရင် ဖွင့်ပွဲမိန့်ခွန်း ပြောကြားမှာဖြစ်ပြီး တက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ ၂၇ ရက်နေ့မှာ ထိပ်သီးဆွေးနွေးမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။
အခုခေတ်မှာ နည်းပညာတွေကြောင့် ပြောင်းလဲလာတဲ့ လုပ်ငန်းခွင် သဘာဝအရ အလုပ်သမားတွေ ကြုံတွေ့နိုင်တဲ့ အန္တရယ်တွေက လက်ရှိကျင့်သုံးနေတဲ့ မတော်တဆဖြစ်မှုတွေနဲ့ ရောဂါဖြစ်ပွားမှု ဆိုင်ရာကာကွယ်ရေး နည်းလမ်းတွေနဲ့ မလုံလောက်တော့ဘူးလို့ ကုလသမဂ္ဂ အေဂျင်စီက ပြောပါတယ်။
စစ်တပ် ခေါင်းဆောင်တွေကို သင်္ကြန်သံချပ်နဲ့ သရော်လှောင်ပြောင်ခဲ့လို့ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံရတဲ့ ဒေါင်းမျိုးဆက် သံချပ်အဖွဲ့ဝင်တွေရဲ့ အမှုကို ရုပ်သိမ်းပေးဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဧပြီ ၁၈ ရက် ကြာသပတေးနေ့က ကြေညာချက် ထုတ်ပြန်ပြီး မြန်မာအာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အဆင့်အတန်းဟာ အရင်နှစ်ကထက်စာရင် အဆင့်တစ်ဆင့် လျော့ကျသွားကြောင်း ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား နျူကလီးယား ဆွေးနွေးမှုတွေမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မပါဝင်တော့ဖို့ မြောက်ကိုရီးယားဖက်က တောင်းဆိုလိုက်ပါတယ်။
ဘုရားကျောင်းကို နဂိုကထက် ပိုခန့်ညားလှပအောင် ပြန်တည်ဆောက်မယ်လို့ အင်္ဂါနေ့ နိုင်ငံတော်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပြီး ဗုဒ္ဓဟူးနေ့ သူ့ကက်ဘိနက်အဖွဲ့နဲ့ အစည်းအဝေးမှာလည်း ဘုရားကျောင်း ပြန်လည်ပြုပြင်ရေးနဲ့ တည်ဆောက်ရေးအတွက် လိုအပ်တဲ့ရံပုံငွေ ဆိုင်ရာတွေကို သမ္မတ Macron က ဆွေးနွေးခဲ့တာပါ။
Ivory Coast နိုင်ငံမှာ လူတွေ စားသုံးဖို့ မသင့်တဲ့ ဆန် တန်ချိန် တသောင်းရှစ်ထောင်ကို ဗုဒ္ဓဟူးနေ့က ဖျက်ဆီးပစ်ခဲ့တယ်လို့ ကျန်းမာရေး တာဝန်ခံတွေက ပြောကြားကြောင်း ဘီဘီစီ - အာဖရိက သတင်းကို ကိုးကားပြီး သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
၂၀၁၅ ခုနှစ်က မလေးရှား-ထိုင်းနယ်စပ် တောတွေထဲ တွေ့ရှိခဲ့တဲ့ အစုလိုက် အပြုံလိုက်မြှုပ်နှံထားတဲ့ အလောင်းတွေနဲ့ လူမှောင်ခိုကူး ခံရသူတွေ နေထိုင် ခဲ့တယ်လို့ ယူဆထားတဲ့ စခန်းတွေနဲ့ ပတ်သက်လို့ မလေးရှား အစိုးရကနေ ဗုဒ္ဓဟူးနေ့က စတင်စုံစမ်းနေပါပြီ။
အမေရိကန်သမ္မတ Donald Trump အနိုင်ရခဲ့တဲ့ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်စွက်ဖက်မှုတွေကို စုံစမ်းခဲ့တဲ့ အထူးစုံစမ်းရေးမှူး Robert Mueller ရဲ့ စာမျက်နှာ ၄၀၀ နီးပါးရှိတဲ့ အစီရင်ခံစာကို တည်းဖြတ်ထားတဲ့ အစီရင်စာကို တရားရေးဌာနက မနက်ဖြန်မှာ ထုတ်ပြန်သွားဖို့ စီစဉ်ထားပါတယ်။
မြန်မာ သက္ကရာဇ် ၁၃၈၁ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့မှာ အကျဉ်းသား ၉၅၅၁ ဦးကို သမ္မတ ဦးဝင်းမြင့်က ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ပါတယ်။
ဒီကနေ့ ဧပြီလ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ ၀ အထူးဒေသ ၂ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ပေမယ့် သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
ဂျာမဏီ၊ Austria နဲ့ အီတလီနိုင်ငံတွေမှာ ရှိတဲ့ UniCredit Bank AG ဘဏ် ၃ ခုက ဒဏ်ကြေးငွေ စုစုပေါင်း ငွေပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ပေးဆောင်ပြီး ကြေအေးဖို့ သဘောတူလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ OFAC ဌာနက ဧပြီလ ၁၅ ရက် တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြင်သစ်နိုင်ငံရဲ့ အထင်ကရ အထိမ်းအမှတ် ဖြစ်တဲ့ ပါရီမြို့လယ်က Notre Dame Cathedral ဘုရားကျောင်းကြီး မီးအကြီးအကျယ် လောင်ကျွမ်း ပျက်စီးသွားခဲ့တာ အတွက် ၅ နှစ်အတွင်း ပြန်လည်တည်ဆောက်ပေးမှာ ဖြစ်ကြောင်း ပြင်သစ်သမ္မတ Emmanuel Macron က အင်္ဂါနေ့မှာ ကတိပေး ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံတဝန်း ဒေသအများအပြားမှာ လေးရက်ကြာ ဆင်နွှဲနေကြတဲ့ မဟာသင်္ကြန်ပွဲတော်ကတော့ ဒီကနေ့ ပြီးဆုံးသွားပါပြီ။ လူပေါင်းများစွာ ပါဝင်ဆင်နွှဲတဲ့ မဟာသင်္ကြန်ပွဲတော် ဖြစ်တာနဲ့အညီ ထိခိုက် ဒဏ်ရာရ သေဆုံးတဲ့ဖြစ်ရပ်တွေလည်းရှိပါတယ်။
ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က အထင်ကရ Notre Dame ရှေးဟောင်းဘုရားကျောင်းကြီးမှာ တနင်္လာနေ့က မီးလောင်တာကို မီးသတ်သမား ၄၀၀ ကိုးနာရီကျော်ကြာ ကြိုးစား ငြိမ်းသတ်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့၂၀၁၆ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလ အတွင်း ရုရှားနိုင်ငံက ဝင်ရောက် စွက်ဖက်မှုတွေ ရှိမရှိဆိုတာကို စုံစမ်းစစ်ဆေးခဲ့တဲ့ အထူးစုံစမ်းစစ်ဆေးရေးမှုး Robert Mueller ရဲ့ စာမျက်နှာလေးရာ နီးပါးရှိတဲ့ အစီရင်ခံစာကို တည်းဖြတ်ပြီး ကြာသပတေးနေ့မှာ ထုတ်ပြန်မယ်လို့ အမေရိကန်တရားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။
ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာမူဆလင်တွေကိုနှိမ်နင်းခဲ့တဲ့ကိစ္စတွေမှာတာဝန်ရှိတဲ့ မြန်မာစစ်တပ်က အကြီးတန်းအရာရှိ တွေကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ်တွေက နောက်တကြိမ်ထပ်ပြီး တိုက်တွန်းလိုက်ကြတဲ့အကြောင်း ဧပြီလ၁၁ရက်နေ့ကထုတ်ပြန်တဲ့ကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။
အမေရိကန်သတင်းမီဒီယာ ထူးချွန်မှုအတွက် အထင်ကရ အကျဆုံး ဆုတွေထဲက တခုဖြစ်တဲ့ Pulitzer ဆု ၂ ဆုကို ရိုက်တာသတင်းဌာနက တနင်္လာနေ့က ချီးမြှင့်တာ ခံခဲ့ရပါတယ်။
မြောက်ကိုရီးယား Nuclear အရေးနဲ့ပတ်သက်လို့ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ဆွေးနွေးမှုတွေ ပြန်စနိုင်အောင် သူ့ဖက်က အတတ်နိုင်ဆုံး ကြိုးစားမယ်လို့ တောင်ကိုရီးယားသမ္မတ Moon Jae-in က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်