အမေရိကန်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ The Masters ဂေါက်သီးပြိုင်ပွဲမှာတော့ အမေရိကန်က နာမည်ကြီး Tiger Woods က အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။
American Airlines လေကြောင်းကုမ္ပဏီကနေ ဘိုရင်း 737 Max လေယာဉ်အမျိုးအစားနဲ့ ပျံသန်းတဲ့ ခရီးစဉ်အားလုံးကို လာမယ့် သြဂုတ်လ ၁၉ ရက်နေ့ထိ ဆက်လက် ရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း ဧပြီလ ၁၄ ရက်နေ့မှာ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။
ကမ္ဘာ့အကောင်းဆုံး နာမည်ကြီး ဂေါက်သီးရိုက်အားကစားသမားတွေထဲတဦးဖြစ်တဲ့ Tiger Woods ဟာ မနေ့က The Masters ဂေါက်သီးချန်ပီယံပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ငါးကြိမ်မြောက် Masters ချန်ပီယံဆုကို ဆွတ်ခူး လိုက်ပါတယ်။
ဆိုမာလီယာက အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင်ဟာ လေကြောင်းတိုက်ခိုက်မှု အတွင်း သေဆုံးခဲ့တယ်လို့ ဆိုမာလီယာ ဒေသဆိုင်ရာ ဝန်ကြီးတဦးက ဗွီအိုအေကို ပြောပါတယ်။
၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အပေါ် ရုရှားတို့ ဝင်ရောက်နှောင့်ယှက်ခဲ့မှုနဲ့ ပတ်သက်ပြီး စာမျက်နှာ ၄၀၀ နီးပါးရှိတဲ့ အထူးစုံစမ်းရေးမှူး Robert Mueller ရဲ့ အစီရင်ခံစာကို တည်းဖြတ်ပြီး ထုတ်ပြန်တော့မယ့် အခြေအနေ ရှိပါတယ်။
၂၀၁၇ - ၂၀၁၈ ခုနှစ်အတွင်းမှာတော့ ပြည်ပပို့ကုန်နဲ့ စိုက်ပျိုးရေးပိုင်းမှာ ဦးမော့လာခဲ့တာကြောင့် ဖွံ့ဖြိုးမှုဘက် ဦးတည်ခဲ့ပေမယ့် အခုတော့ အရှိန်လျော့လာတဲ့ အနေအထားကို တွေ့နေရတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ရဲ့ မြန်မာနိုင်ငံ အစီရင်ခံချက်မှာ ဖော်ပြထားပါတယ်။
အိမ်ထောင်ဖက်ရှာတဲ့ လုပ်ငန်းတွေကို တရားမဝင် ဖွင့်လှစ်ပြီး ငွေကြေးမပြေလည်တဲ့ မိသားစုတွေက အမျိုးသမီးတွေကို အယောင်ဆောင် လက်ထပ်မှုတွေနဲ့ လှည့်ဖျားပြီး တရုတ်နိုင်ငံတွင်းမှာ ပြည့်တန်ဆာတွေ အဖြစ် အတင်းအကျပ် ခိုင်းစေတာမျိုး၊ ကိုယ်တွင်း အင်္ဂါတွေ ရောင်းချတာမျိုးတွေ လုပ်တယ်လို့ ပါကစ္စတန် မီဒီယာတခုက ဖော်ပြပါတယ်။
အင်ဒိုနီးရှား ရွေးကောက်ပွဲမှာ သမ္မတလောင်းတွေအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ လက်ရှိသမ္မတ Joko Widodo နဲ့ ပြိုင်ဖက် Prabowo Subianto တို့ရဲ့ နောက်ဆုံးစကားစစ်ထိုးပွဲအတွက် သောင်းနဲ့ချီတဲ့ အင်ဒိုနီးရှားပြည်သူတွေ စနေနေ့မှာတော့ မဲဆွယ်စည်းရုံးရေးအဖွဲ့တွေဆီမှာ စုဝေးပြီး လာရောက်အားပေးနေကြပါတယ်။
မန္တလေးသင်္ကြန်ပွဲတော် အကြိုနေ့မြင်ကွင်းများ
Sudan နိုင်ငံမှာ အာဏာရှင်အဖြစ် နှစ်ပေါင်း ၃၀ အုပ်ချုပ်လာတဲ့ သမ္မတ Omar al-Bashir ကို အာဏာသိမ်းဖြုတ်ချပြီး ယာယီခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ ကာကွယ်ရေးဝန်ကြီး ရာထူးကရုတ်တရက် နုတ်ထွက်သွားပြီးပါတယ်။
အမေရိကန် သမ္မတ Donald Trump နဲ့ နောက်တကြိမ် ထပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ ကိစ္စက အမေရိကန်ဘက်က မှန်ကန်တဲ့ သဘောထားနဲ့ လာမှပဲ စိတ်ဝင်စားတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ပြောဆိုလိုက်တဲ့အကြောင်း နိုင်ငံပိုင် KCNA သတင်းရဲ့ ဒီကနေ့ ဖေါ်ပြချက်ကို ကိုးကားပြီး ရိုက်တာစ်သတင်းမှာ ရေးသားထားပါတယ်။
ဆူဒန်နိုင်ငံမှာလည်း ရာဇဝတ်ပြစ်မှု စွပ်စွဲချက်တွေကို အရေးယူနိုင်တဲ့ ဥပဒေတွေရှိနေတာကြောင့် al-Bashir ကို ICC ထံ လွှဲပြောင်းပေးမှာ မဟုတ်ကြောင်း Abedeen က ပြောတာပါ။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ အမေရိကန် ရေနံကုမ္ပဏီအနေနဲ့ လူ့အခွင့်အရေးကို အလေးပေး မြှင့်တင်ဆောင်ရွက်ဖို့ အဲဒီ လုပ်ငန်းရှင်အဖွဲ့က ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးကြရတဲ့ စစ်ဘေးရှောင် ဒုက္ခသည် အရေအတွက် တိုးပွါးလာနေတဲ့အပေါ် ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့က စိုးရိမ်ပူပန်တဲ့ အကြောင်း မနေ့က သတင်းထုတ် ပြန်ပါတယ်။
ဆူဒန်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အပေါ် ဆန္ဒပြသူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက သတိထားစောင့်ကြည့်နေကြပြီး နိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးဆောင်ရွက်ဖို့ လိုလားနေကြပါတယ်။
အင်တာနက်မှာ အချက်အလက်တွေကို ဖွင့်ချနေတဲ့ WikiLeaks ဝဘ်ဆိုဒ် ထူထောင်သူ Julian Assange ကို ဗြိတိန်နိုင်ငံမှာ ဖမ်းဆီးလိုက်တဲ့အပေါ် အမေရိကန် လွှတ်တော်အမတ်တွေ ကြိုဆိုလိုက်ကြပါတယ်။ အမေရိကန်က တရားစွဲဆိုထားတဲ့ အမှုတွေနဲ့ ရင်ဆိုင်နိုင်အောင် အမြန်ဆုံး လွဲှပြောင်းပေးဖို့လည်း မနေ့တုန်းကပဲ တောင်းဆိုလိုက်ကြတာပါ။
နက္ခတ္တဗေဒ ဆိုင်ရာ ရူပဗေဒပညာရပ်မှာ ထူးခြားတဲ့ အောင်မြင်မှုအဖြစ် အလင်းနှစ် သန်းပေါင်း ၅၀ လောက်ရှိတဲ့အကွာအဝေးမှာ ရှိတဲ့ black hole လို့ခေါ်တဲ့ တွင်းနက်ကြီးရဲ့ ဓါတ်ပုံကို နိုင်ငံတကာသိပ္ပံပညာရှင်တွေပါဝင်တဲ့အဖွဲ့က ပထမဆုံး ပြသနိုင်ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံလွှတ်တော်ထဲက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြောင့် ဒီမိုကရေစီအခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းရယူပိုင်ခွင့်အတွက် အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ ပြည်တွင်းပြည်ပ NGO (၂၀) က ထောက်ခံလိုက်ပါတယ်။
အမေရိကန်သမ္မတ Trump က သူဟာ မြောက်ကိုရီးယားနဲ့ နျူကလီယားလက်နက် ဆိုင်ရာ သဘောတူညီမှု ရအောင်ကြိုးစားဖို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ နောက်တကြိမ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပလိုတဲ့ ဆန္ဒရှိကြောင်း သမ္မတအိမ်ဖြူတော်မှာ တောင်ကိုရီးယား သမ္မတ Moon Jae-in နဲ့အတူပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်