အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Heather Nauert ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့ သူ့အနေနဲ့ အလေးအနက် စဉ်းစား ထားကြောင်း အမေရိကန်သမ္မတ Donald Trump က ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေ တိုးတက်စေမယ့်၊ ကျူးလွန်သူတွေ ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ခံမှုရှိစေမယ့် လုပ်ဆောင် ချက်တွေအပေါ် အဓိကအာရုံစိုက်ဖို့ အရေးကြီးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။
ဘင်္ဂလားဒေရှ့်ဘက် ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက စိစစ်ပြီးသား ၆ ထောင်ထဲက ပထမ အသုတ် လူပေါင်း ၂ ထောင်ကျော်တို့ အခုလ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံဘက်ကို စပြီး ပြန်ကြဖို့ စီစဉ်ထားပါတယ်။
ပျက်ကျသွားခဲ့တဲ့ Lion Air လေကြောင်းလိုင်းရဲ့ အမှတ်စဉ် JT-610 လေယာဉ် အပျက်အစီးတွေကြားကနေ ခရီးစဉ် အချက်အလက် မှတ်တမ်းတင် Black Box တခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှားရေတပ်က ရေငုပ်သမားတွေက ပြောပါတယ်။
ယူကရိန်းနိုင်ငံက ထိပ်တန်းခေါင်းဆောင်တွေ အပါအဝင် လူပေါင်း ၃၂၂ ယောက်နဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ၆၈ ခုကို ရုရှားက ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်လိုက်ပါတယ်။
ရိုဟင်ဂျာမူစလင်တွေ နေရပ်ပြန်မယ်ဆိုရင် သူတို့အတွက်လုံခြုံမှု မရှိရုံသာမက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ ဘာသာရေးလွတ်လပ်ခွင့် အပါအဝင် အခြေခံလူ့အခွင့်ရေးတွေ အတွက်ပါ အာမခံချက်မရှိဘူးလို့လည်း ပြောပါတယ်။
Khashoggi ကို သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျမှာ အဖမ်းခံနေရသူ ၁၈ ယောက်ကို လွှဲပြောင်းပေးဖို့ တူရကီဘက်က ဖိအားတွေ ပေးနေချိန်မှာပဲ အစ္စတန်ဘူလ် ရှေ့နေချုပ် Ifran Fidan ရဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သတင်းအကျဉ်းချုပ် (၁၀.၃၁.၂၀၁၈)
ယီမင်နိုင်ငံမှာ ၃ နှစ်ကျော်ကြာ တိုက်ခိုက်မှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရေရှည် အဖြေရှာနိုင်ရေး ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေကို အားပေးထောက်ခံတဲ့ အနေနဲ့ အပစ်အခတ် ရပ်စဲဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျာကာတာကနေ တနလာၤနေ့ မနက်ပိုင်းမှာ ပျံတက်သွားပြီးနောက် မိနစ်ပိုင်း အကြာမှာ ပင်လယ်ထဲ ပျက်ကျခဲ့တဲ့ လေယာဉ် ရှိရာနေရာကို ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့တွေ တွေ့ရှိထားပြီလို့ ယူဆရပါတယ်။
စနေနေ့က သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် ဝတ်ပြုဆုတောင်းသူ ၁၁ ဦး သေဆုံးခဲ့ရတဲ့ Pittsburgh က Tree of Life ဂျူးဘုရားကျောင်းကို အင်္ဂါနေ့မှာ အမေရိကန် သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania Trump တို့ သွားရောက်ခဲ့ပါတယ်။
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်း စက်မှုဇုံက ဖုယွင် အထည်ချုပ် စက်ရုံမှာ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား ၃၀ ကို အလုပ်ပြန်ခန့်ဖို့ စက်ရုံဘက်က သဘောတူလိုက်တာကြောင့် သီတင်းပတ်နဲ့ချီ ကြာမြင့်ခဲ့တဲ့ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
တူရကီ နိုင်ငံ အစ္စတန်ဘူးလ်မြို့က ဆော်ဒီ ကောင်စစ်ဝန်ရုံးထဲမှာ ဆော်ဒီ သတင်းထောက် Jamal Khashoggi ကို သတ်ဖို့ ဘယ်သူက ညွှန်ကြားခဲ့သလဲ ဆိုတာကို ဆော်ဒီအာရေးဗျဘက်က ထုတ်ပြန်ပေးဖို့ တူရကီ သမ္မတ Recep Tayyip Erdogan က ဒီကနေ့ အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။
Pennsylvania က ဂျူးုဘုရားကျောင်းမှာ လူပေါင်း ၁၁ ဦး အသတ်ခံရတာနဲ့ သမ္မတ Trump ကို ထောက်ခံသူက သမ္မတကို ဝေဖန်သူတွေဆီ ဖေါက်ခွဲရေးပစ္စည်းတွေပါတဲ့ ပါဆယ်ဗုံးတွေ ပေးပို့တယ်လို့ စွပ်စွဲထားမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတွင်းမှာ အမျက်ဒေါသတွေ ပိုထွက်အောင် မီဒီယာတွေက လုပ်နေတယ်လို့ သမ္မတ Trump က အပြစ်တင်ဝေဖန်လိုက်ပါတယ်။
ခရီးသည်နဲ့လေယာဉ်ဝန်ထမ်းစုစုပေါင်း ၁၈၉ဦး လိုက်ပါလာတဲ့ အင်ဒိုနီးရှား Lion Air လေကြောင်းခရီးစဉ် JT 610က လေယာဉ်တစီးဟာ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာကနေထွက်ခွါပြီး ၁၃မိနစ်အကြာမှာ ပင်လယ်ပြင်အတွင်း ပျက်ကျခဲ့ပါတယ်။
ဂင်းနစ်ကမ္ဘာ့စံချိန်တင်မယ့် နီလာလုံးချောပါဝင်တဲ့လည်ဆွဲတကုံးကို နယူးယောက်မြို့က ခရစ်တီးလေလံရုံမှာ ပြသထားပါပြီ။
အမေရိကန် သမ္မတ Donald Trump ကို ဝေဖန်သူတွေထံ ဖောက်ခွဲပစ္စည်းတွေပါတဲ့ အထုပ် အနည်းဆုံး ၁၃ ထုပ်ပေးပို့ခဲ့သူလို့ စွပ်စွဲခံထားရတဲ့ Cesar Sayoc ကို ဒီကနေ့ တနလာၤနေ့မှာ ပထမဆုံး ရုံးထုတ်ဖို့ ရှိနေပါတယ်။
ခရီးသည်နဲ့ လေယာဉ် အမှုထမ်း ၁၈၉ ယောက် လိုက်ပါသွားတဲ့ Lion Air လေကြောင်းလိုင်း လေယာဉ် တစင်း အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျကာတာကနေ ပျံတက်ပြီး ၁၃ မိနစ် အကြာမှာ ပင်လယ်ထဲကို ပျက်ကျသွားခဲ့တယ်လို့ အင်ဒိုနီးရှား ဘေးဒုက္ခစီမံခန့်ခွဲမှု ဌာနက ပြောပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ အကြိတ်အနယ် မဲဆွယ်စည်းရုံးနေကြပါတယ်။ လစ်လပ်နေရာ ၁၃ နေရာ ယှဉ်ပြိုင်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ရွေးကောက်ပွဲ ကော်မရှင်ဘက်က ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် မမေခက စုစည်းတင်ပြထားပါတယ်။
ဥရောပသမဂ္ဂ EU ရဲ့နိုင်ငံတကာရေးရာနဲ့ ကုန်သွယ်ရေးရာပူးပေါင်းအဖွဲ့ဟာ အောက်တိုဘာ ၂၈ ရက်မှာ မြန်မာနိုင်ငံကို လာ ရောက်ပြီး စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်