တချိန်တည်းမှာဘဲ တခြားနိုင်ငံတွေကို ပျံ့နှံ့လာနိုင်တဲ့ သီရိလကာၤနိုင်ငံရဲ့ အကြွေးပြသနာကြောင့် ကမ ္ဘာမှာ အဓိက ငွေချေးသူ တရုတ်ရဲ့ အခန်းကဏ္ဍဟာ စောင့်ကြည့်စရာ ကိစ္စသစ် တရပ် ဖြစ်လာပါတယ်။ ဗွီအိုအေ တရုတ်ဌာနရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က ရာထူးကနုတ်ထွက်ကြောင်း ကြာသပတေးနေ့မှာ ကြေညာလိုက်ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ်သစ်တဦး အစားထိုး ရာထူး ရယူပြီးချိန်မှာလည်း ရုရှား ကျူးကျော်စစ်ကို တွန်းလှန်နေရတဲ့ ယူကရိန်းကို ဗြိတိန်ဘက်က ခိုင်ခိုင်မာမာ ဆက်လက် ထောက်ခံဖို့ မျှော်လင့်ကြောင်း ယူကရိန်းက ပြောဆိုလိုက်ပါတယ်။
တောင်အာရှနိုင်ငံတွေမှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အပူဆုံး ရာသီဥတုကို ကြုံခဲ့ရပါတယ်။ဒီလိုအပူလှိုင်းမျိုးဟာဆိုရင် လူတွေ အားအင် ကုန်ခန်းစေရုံတင် မဟုတ်ဘဲ လူတွေရဲ့ ဘဏ္ဍာရေး အခြေအနေကိုလည်း ယိုယွင်းကျဆင်းစေပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
လနဲ့ချီ ဝိုင်းရံတိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းရဲ့ မဟာဗျူဟာမြောက် ဆိပ်ကမ်းမြို့ Mariupol ကို ရုရှားတို့ ထိန်းချုပ်လာပြီး မြို့တွင်းမှာ ပိတ်မိနေတဲ့ အရပ်သား ဘယ်လောက် ကျန်နေသေးသလဲဆိုတာကို မသိကြောင်း အကူအညီ ပေးရေး လုပ်သားတွေကလည်း ပြောပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
မြန်မာနိုင်ငံမှာလည်း စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း တိုက်ပွဲတွေကြောင့် လာမယ့် လပိုင်းတွေ အတွင်း စားနပ်ရိက္ခာ မလုံလောက်မယ့် အရေးကို စိုးရိမ်နေကြပါတယ်။
အမေရိကန် - အာဆီယံ အထူး ထိပ်သီး အစည်းအဝေး ကျင်းပဖို့ ရှိနေချိန်မှာဘဲ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှု အပါအဝင် အာဆီယံ ဒေသတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ယိုယွင်းကျဆင်းမှုတွေကို အမေရိကန်ဘက်က ဝေဖန်ပြောဆိုဖို့ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ HRW က တိုက်တွန်းပါတယ်။ မသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။
ကင်ညာမှာ အသက် ၉ နှစ်အောက်ကလေးတွေစောင့်ရှောက်ခွင့်ကို မိခင်တွေက အလိုအလျောက်ရရှိနေတာ အခုဖခင် ဖြစ်သူတွေလည်း ထိန်းသိမ်း စောင့်ရှောက်နိုင်ကြောင်း ကင်ညာ တရားရုံး တခုက ဆုံးဖြတ်လိုက်ပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပါမယ်။
ယူကရိန်း နိုင်ငံတွင်းက စိုက်ပျိုးမြေ အများအပြားကို ရုရှား တပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး ကမ္ဘာတလွှားမှာ စားနပ်ရိက္ခာ ပြသနာဖြစ်စေတဲ့အကြောင်းရင်း တခုပါ။ ယူကရိန်းရဲ့ သီးနှံတွေကို မှီခိုနေရတဲ့ နိုင်ငံတွေ အနေနဲ့ အစားအစာ ရှားပါးမှုနဲ့ ရင်ဆိုင်ရနိုင်ကြောင်း ကုသလမဂ္ဂက သတိပေးထားပါတယ်။ မသိင်္ဂီထိုက် တင်ပြမှာပါ။
စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြကြလို့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အကျဉ်းထောင်တွင်းမှာ နည်းမျိုးစုံနဲ့ ဖိနှိပ်မှုတွေကို အဆိုးရွားဆုံး ကြုံတွေ့နေရတယ်လို့ ပြန်လွတ်လာသူတွေ၊ နီးစပ်သူတွေနဲ့ ထောင်တွင်းကထွက်လာတဲ့ ရေးသားချက်တွေအရ သိရပါတယ်။
ရုရှားကျုးကျော်စစ်ကြောင့် ယူကရိန်း နိုင်ငံတွင်း လူသားချင်းစာနာထောက်ကူမှု လိုအပ်ချက်ဟာလည်း ပိုပြီး ကြီးထွားလာနေပါတယ်။ အကူအညီပေးနေတဲ့ အမေရိကန် ပရဟိတ အဖွဲ့အစည်းတွေလည်း ဒုက္ခသည်တွေအတွက် လှူဒါန်းတာတွေ လျော့နည်းလာတဲ့ ပြသနာကို ရင်ဆိုင်နေရပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
တရုတ်ရဲ့ အကြီးဆုံးကုန်သွယ်ဘက် ဖြစ်လာတဲ့ အဖွဲ့ဝင် ၁၀ နိုင်ငံပါ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ဟာ ၂၀၂၀ ပြည့်နှစ်အတွင်း ဥရောပသမဂ္ဂကို ကျော်လွန်ခဲ့တာပါ။
မြန်မာ့ ဆန်နဲ့ ဆန်ကွဲ ပြည်ပ တင်ပို့မှုဟာ ပြီးခဲ့တဲ့ ၆ လတာ အတွင်း တန်ချိန် ၁ ဒသမ ၂ သန်းထိ ရောက်ရှိခဲ့ပြီး ပြည်ပ ဈေးကွက် ဝယ်လိုအားလည်း တက်နေပါတယ်။
ရုရှားရဲ့ကျူးကျော်မှုကို ယူကရိန်းဘက်ကနေ ကူညီ တိုက်ခိုက်မယ့်သူ ထောင်နဲ့ချီပြီး နိုင်ငံတကာကနေ ရောက်ရှိလာခဲ့ကြတာပါ။ စစ်သားဟောင်းတွေ အများအပြားပါဝင်ပြီး ယူကရိန်းကို လာရတဲ့ အကြောင်းအရာကလည်း မျိုးစုံ ရှိပါတယ်။ ဗွီအိုအေ သတင်းထောက် Celia Mendoza ပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
စက်သုံးဆီ ဈေးတက်တာကြောင့် ကုန်စည်ပို့ဆောင်ခကိုလည်း ၂ ဆနီးပါး တိုးလိုက်ရကြောင်း ကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း အဝန်းအဝိုင်းက ပြောပါတယ်။
အခုအချိန်ထိ အခြေအနေကို စီမံခန့်ခွဲထားနိုင်တဲ့ ယူကရိန်း အာဏာပိုင်တွေရဲ့ ခိုင်ခိုင်မာမာ ကြိုပမ်းဆောင်ရွက် အောင်မြင်မှုကို ချီးကျူးပါတယ်။ ဗဟိုဘဏ်ဟာ သိပ်ပြီး ထိထိရောက်ရောက် လုပ်ငန်း ဆောင်ရွက်နေတာကို သိရှိထားပါတယ်။
အမေရိကန် နိုင်ငံ ဝါရှင်တန် ဒီစီ ဧရိယာက ယူကရိန်း အမေရိကန် လူမှုအသိုင်းအဝိုင်းက ခရစ်ယာန် ဘုရားကျောင်း တခု အကူအညီနဲ့ ယူကရိန်း အတွက် လူသားချင်းစာနာထောက်ကူမှု ဆိုင်ရာ အကူအညီ အထောက်အပံ့တွေ ပေးအပ်နိုင်ရေး အလှူငွေရှာနေကြပါတယ်။ Saqib Ul Islam ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်
ကုန်ကြမ်းနဲ့ ကုန်ထုတ်လုပ်မှု စာရိတ်စက တက်လာပြီး ဝယ်လိုအား ကျမှုနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်တွင်းက အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်း တချို့ကတော့ လုပ်ငန်း ဆက်လက် ရှင်သန်ရေး အတွက် ကြိုးစားနေကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြပေးထားပါတယ်။
ကလေးတွေက ငိုပြီး စားစရာ တောင်းကြလို့ သူတို့ကို အိပ်ဆေး ပေးရပါတယ်။ အရင်ကတော့ ကျနော်တို့ဟာ ချမ်းသာ ပြည့်စုံခဲ့ပါတယ်။ နောက်ပိုင်းမှာ မိုးခေါင်ရေရှား ဖြစ်တယ်၊ စစ်ကြောင့် အရွယ်ကောင်း အမျိုးသားတွေ သေဆုံးရတယ်။
နောက်ထပ်ကြည့်ရှုရန်