တရုတ်နိုင်ငံထဲမှာ အလုပ်လုပ်နေကြတဲ့ မွတ်စလင် ၂,၀၀၀ ကို မြန်မာနိုင်ငံကို ပြန်ပို့ပေးဖို့စီစဉ်နေတယ်လို့ တရုတ်ယူနန်အာဏာပိုင်တွေက မြန်မာဘက်ကို အကြောင်းကြားစာ ပေးပို့လိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်အတွင်းမှာ ဒီမနက်ခင်းက စစ်ကောင်စီတပ်နဲ့ ကချင် KIA နဲ့ကိုးကန့် MNDAA ပူးပေါင်းတပ်တွေအကြား နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သလို ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ ကချင် KIA အကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။
စစ်ပွဲပဋိပက္ခတွေ၊ မီးလောင်ကျွမ်းမှုတွေဆက်တိုက်ရှိနေတဲ့ ချင်းပြည်နယ်ထဲက မြို့တွေမှာ ခရစ်ယာန်ဘာသာဝင်တွေ ဘာသာရေးအရအထွဋ်အမြတ်ထားတဲ့ ခရစ္စမတ်ပွဲတော်ကို မကျင်းပတော့ဘူးလို့ ခရစ်ယာန်အသင်းတော် တာဝန်ရှိသူတွေက ပြောကြပါတယ်။
မြန်မာနိုင်ငံမှာ ကူးစက်မြန် Delta ကိုဗစ်မျိုးကွဲကြောင့်ကိုဗစ်တတိယလှိုင်းအတွင်း ကူးစက်မှုဒဏ် တော်တော်လေးခံခဲ့ရတဲ့အတွက် အသစ်ထပ်ပေါ်လာတဲ့ဗီဇပြောင်း Omicron ပိုးကူးစက်ပျံ့နှံ့မှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။
တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အာဖရိကနိုင်ငံ အတော်များများ ကြွေးမြီပြဿနာ ကြုံရတာရှိပေမဲ့ ဒေသခံ ပြည်သူတွေကြားမှာတော့ တရုတ်ရဲ့ စီးပွားရင်းနှီးမှု ပုံစံကို ထောက်ခံသူတွေ ပိုများလာနေတယ်လို့ စီးပွားရေး ပညာရှင်တွေက ပြောပါတယ်။ Victoria Amunga ပေးပို့ထားတဲ့ သတင်းကို ကိုအောင်မြတ်သူက ပြောပြပေးပါမယ်။
အတိုးမပေးတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ငွေတိုက်စာချုပ်တွေကို ရောင်းချလို့ရတဲ့ငွေဟာ ၂၄ နာရီအတွင်းမှာ အမေရိကန်ဒေါ်လာ ၉ သန်းကျော် ရရှိထားတယ်လို့ NUG ဘက်က ထုတ်ပြန်ထားပြီး ဝယ်ယူသူတွေဘက်ကလည်း ဒါဟာ ပြည်သူက နုဂျီ (NUG) အစိုးရကို အသိအမှတ်ပြု ထောက်ခံကြတယ်ဆိုတာကို ပြသတာဖြစ်တယ်လို့ ဆိုပါတယ်။
လုံခြုံရေး တင်းကျပ်ထားတဲ့ကြားကပဲ ရန်ကုန်တိုင်းထဲက လှိုင်သာယာ တပ်မတော်အထည်ချုပ်စက်ရုံနားအပါအဝင် နေရာတချို့မှာ အသေးစားပေါက်ကွဲမှုတွေ ဆက်ပြီးရှိနေသလို သံလျင်၊ စမ်းချောင်း အပါအဝင် ပဲခူးတိုင်း၊ တနင်္သာရီတိုင်း မြိတ်ခရိုင်နဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့တွေမှာလည်း ပေါက်ကွဲမှုတချို့ ရှိခဲ့ကြပါတယ်။
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ စောမြင့်ဦးလိုက်ပါလာတဲ့ ယာဉ်တန်းကို ဖားအံ-လှိုင်းဘွဲ့လမ်းမှာ မိုင်းခွဲတိုက် ခိုက်ခံခဲ့ရပြီး ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးပေမယ့် သေဆုံး ဒဏ်ရာရသူ မရှိဘူးလို့ စစ်ကောင်စီက ပြောပါတယ်။
ကချင်ပြည်နယ် မြစ်ဆုံအထက်ပိုင်းဒေသ အင်ဂျန်းယန်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA အကြားတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က တပ်တွေ လှုပ်ရှားနေတာကြောင့် ရာနဲ့ချီတဲ့ဒေသခံတွေ မြစ်ကြီးနားမြို့ကို တိမ်းရှောင်နေရပါတယ်။
နည်းပညာ အင်ဂျင်နီယာတွေကတော့ ကိရိယာတွေကို လက်တွေနဲ့စေခိုင်းရာကနေ စိတ်နဲ့ထိန်းချုပ်စေခိုင်းဖို့အထိ စမ်းသပ်နေလုပ်ဆောင်နေကြပါပြီ။ ဒီအစီအစဉ်မှာတော့ဗြိတိသျှ ကာကွယ်ရေး နည်းပညာကုမ္ပဏီတခုက ဒရုန်းယာဉ်ငယ်ကို စိတ်နဲ့ ထိန်းချုပ်ပျံသန်းတဲ့နေတဲ့အကြောင်း AP သတင်းဆောင်းပါးကို ကိုအောင်မြတ်သူက တင်ဆက်ပေးထားပါတယ်။
ရခိုင်မြောက်ပိုင်း မောင်တောမှာ မနေ့ နိုဝင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီနဲ့ လက်နက်ကိုင်အဖွဲ့တဖွဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ မြန်မာစစ်ဘက်ကတော့ ဒီတိုက်ပွဲဟာ ARSA အကြမ်းဖက်အဖွဲ့နဲ့ဖြစ်တဲ့ တိုက်ပွဲလို့ ပြောဆိုထားပေမယ့် ရခိုင်လက်နက်ကိုင် AA ဘက်ကတော့ သူတို့နဲ့ဖြစ်တဲ့တိုက်ပွဲလို့ ပြောပါတယ်။
“စစ်ကောင်စီဘက်ကလည်း သူတို့ရဲ့လှုပ်ရှားမှုတွေ၊ သူတို့ရဲ့ သဘောထား တွေ အပြောင်းအလဲ မရှိလို့ ရှိရင်တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးပေ့ါနော်။ ဒီ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရောက်ဖို့ကတော့ နည်းနည်းခက်မယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျ။” (ဗိုလ်မှူးကြီးနော်ဘူ၊ KIO ပြန်ကြားရေးတာဝန်ခံ)
ASEAN နဲ့ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့ အမေရိကန် ဒေါ်လာ ၁၀၂ သန်း ပေးအပ်မယ့် အကြောင်း အမေရိကန် သမ္မတ Joe Biden က ကြေညာခဲ့ပါတယ်။ အဖွဲ့ဝင် ၁၀ နိုင်ငံပါ ASEAN အဖွဲ့နဲ့ အင်္ဂါနေ့က အွန်လိုင်းက လုပ်တဲ့ ထိပ်သီး ဆွေးနွေးပွဲ အတွင်းမှာ ကြေညာခဲ့တာပါ။ ကိုအောင်မြတ်သူ ပြောပြပါလိမ့်မယ်။
ဂျာမဏီနိုင်ငံ ဘာလင်မြို့က Verborgene ပြတိုက်ဟာ အမျိုးသမီးပန်းပုပညာရှင် Louise Stomps ရဲ့ လက်ရာတွေကို ပြသဖို့အချိန်အတော်ကြာစီစဉ်ခဲ့ရပါတယ်။ နာဇီခေတ်အပါအဝင် ခေတ်အလိုက် ဘေးဖယ်ခြင်းခံရတဲ့ အမျိုးသမီးတဦးရဲ့ အနုပညာကို ပြသထားဖို့ ကြိုးပမ်းတာပါ။ ကိုအောင်မြတ်သူက တင်ဆက်ပေးထားပါတယ်။
အာဖရိကပင်လယ်ထဲက La Palma ကျွန်းပေါ်မှာ တလကျော်ကြာ တစိမ့်စိမ့်ပေါက်ကွဲနေတဲ့ မီးတောင်ချော်တွေကြောင့် လူနေအိမ်တွေနဲ့စိုက်ခင်းတွေ ပျက်စီးကုန်ပြီး လူပေါင်း ၆၀၀၀ ကျော်ကို အရေးပေါ် ရွေ့ပြောင်းဖို့အမိန့်ထုတ်ထားပါတယ်။ ကိုအောင်မြတ်သူက ပြောပြပေးမှာပါ။
“နိုင်ငံအချို့ရဲ့ ကန့်သတ်မှုကြောင့် တန်းတူရည်တူမထားတဲ့ အစည်းအဝေးကို သွားရောက် တက်ရောက်တာက ပိုပြီးတော့ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို စော်ကားရာကျတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ တက်ဖို့၊ မတက်ဖို့ မသေချာပါဘူး။” (ဗိုလ်ချုပ်ဇော်မင်းထွန်း၊ သတင်းပြန်ကြားရေးတာဝန်ခံ)
နိုင်ငံရေးအစွန်းရောက်တွေ၊ အကြမ်းဖက်အုပ်စုတွေရဲ့ လှုံ့ဆော်မှုနဲ့ တရားရုံးအသီးသီးမှာ တရားစွဲဆိုခံရ၊ အရေးယူခံရသူ အယောက် ၄,၀၀၀ ကျော်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ စစ်ကောင်စီက ကြေညာခဲ့ပေမဲ့ ညပိုင်းအတွင်းမှာပဲ ပြန်လည်ဖမ်းဆီးခံရသူတွေ အများအပြားရှိနေပြီး ဒီလိုလုပ်တာကို နားမလည်နိုင်ကြောင်း မိခင်တဦးက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး နှစ်ပါးရဲ့ လူမှုကွန်ယက်ကတဆင့် တရားအကြောင်း ဟောပြောပို့ချချက်တွေ နာမည်ကြီးနေပါတယ်။ ကိုဗစ်ကာလ ဘုန်းတော်ကြီး နှစ်ပါးရဲ့ တိုက်ရိုက် ဟောကြားချက်တွေကို ကြိုက်နှစ်သက်သူတွေ ရှိသလိုပဲအငြင်းပွားမှုတွေလည်း ရှိနေပါတယ်။ ရိုက်တာ သတင်းတပုဒ် ကို ကိုအောင်မြတ်သူ ပြောပြပါလိမ့်မယ်။
“ဘယ်လိုပဲဖြစ်စေ ကျနော်တို့နိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်တာနဲ့အညီ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အာဆီယံထိပ်သီး အစည်းအဝေးနဲ့ အာဆီယံအစည်းဝေးများကိုလည်း အာဆီယံရဲ့အခြေခံမူများနဲ့အညီ ဆက်လက် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော် ယူဆပါတယ်။” (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)
ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်မှုတွေကြောင့် ဇူလိုင်လကတည်းက ပိတ်ထားရတဲ့ ရခိုင်နဲ့ ဘင်္ဂလားဒေရှ့်နယ် စပ်ကုန်သွယ်ရေးဂိတ်တွေကို ဒီနေ့ အောက်တိုဘာ ၁၄ ရက်မှာ ကိုဗစ်ကပ်ရောဂါစည်းကမ်းသတ်မှတ်ချက်နဲ့အညီ ပြန်လည် ဖွင့်ပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်