အကယ်ဒမီ မီးလင်းရွှေဈေးနှုန်း အောက်တိုဘာ ၅ ရက်မှာ တကျပ်သားကို ကျပ် ၁,၈၄၀,၀၀၀ လောက် ကျဆင်းသွားပေမဲ့ ဒီနေ့ အောက်တိုဘာ ၆ ရက်မှာတော့ ကျပ် ၁,၉၃၀,၀၀၀ ကို ပြန်ရောက်လာပါတယ်။ အမေရိကန်ဒေါ်လာကလည်း မနေ့က ပြင်ပဈေးကွက်မှာ တဒေါ်လာကို ၁,၉၅၀ ကျပ်ကနေ ၂,၁၀၀ ကို ပြန်ရောက်သွားပါတယ်။