မြန်မာနိုင်ငံတွင်းအွန်လိုင်းရာဇဝတ်မှုတွေဟာ အမေရိကန်နိုင်ငံသားတွေကိုပါ ပစ်မှတ်ထားလာတယ်လို့ USIP ထုတ်ပြန်တဲ့ “ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနေတဲ့ အရှေ့တောင်အာရှ အခြေစိုက် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ” အကြောင်း အစီရင်ခံစာ မိတ်ဆက်ပွဲမှာ ပြောပါတယ်။ ကိုငြိမ်းချမ်းအေးက တင်ပြပါမယ်။
“မနှစ်က အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ ဆုံးရှုံးကြောင်း တိုင်ကြားမှုတွေ ရှိပါတယ်။ ဒါက တိုင်ကြားမှုရှိတဲ့ ပမာဏသက်သက်ပါ။ လိမ်လည်ခံရတဲ့ သားကောင် အများစုက သတင်းပို့တိုင်ကြားတာမျိုး မရှိပါဘူး။ ဆိုတော့အမေရိကန်မှာ ဒေါ်လာဘီလီယံနဲ့ချီ ဆုံးရှုံးနေတာပါ။" (Jason Tower-USIP မြန်မာဆိုင်ရာ ညွှန်ကြားရေးမှူး)
တနင်္သာရီနဲ့ ဘုတ်ပြင်းကြား စစ်ကောင်စီရဲ့ ပွိုင့် ၁၀၂၀ ခြေကုပ်စခန်းကို မေ ၁၁ ရက် မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့ အဲဒီစခန်းက ဘုတ်ပြင်းမြို့အခြေစိုက် စကစ (၁၃) လက်အောက်ခံ ခမရ (၅၅၅)၊ (၅၅၉) နဲ့ (၄၃၂) တို့ ပူးပေါင်းအထိုင်ချတဲ့ စခန်းဖြစ်ကြောင်း Black Cobra Column ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေရှိရာ ရခိုင်ပြည်နယ်မှာ သောက်သုံးရေရှားပါးမှုကြောင့် နောက်ဆက်တွဲ ရောဂါတွေ ရင်ဆိုင်နေရပြီး၊ သေဆုံး၊ နာမကျန်းသူတွေ ရှိနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
တိုင်းရင်းသားအဖွဲ့တချို့ အပါအဝင် မြန်မာ အတိုက်အခံအဖွဲ့တချို့က ကိုယ်စားလှယ်တွေနဲ့ ဂျပန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဒုတိယ အကြီးအကဲ မစ္စတာ Komura Masahiro ဒီကနေ့ မေလ ၁၄ ရက် မနက်ပိုင်းက တွေ့ဆုံခဲ့တယ်လို့ ဂျပန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်ဆလင်တွေကို စစ်သားအဖြစ် အတင်းအကျပ် စုဆောင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မမှန်ကြောင်း AA အာရက္ခတပ်တော်က ငြင်းဆန်လိုက်ပါတယ်။
အာရှ ပစိဖိတ်ဒေသမှာ ပဋိပက္ခတွေအကြား ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ IDP အရေအတွက် လေးနှစ်ဆက်တိုက်တိုးလာပြီး တသန်း ခွဲလောက်ရှိတဲ့အထဲမှာ မြန်မာနိုင်ငံကအရေအတွက် အများဆုံး ၁ သန်း ၃ သိန်း လောက်ရှိတဲ့အကြောင်း ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးသူများ လေ့လာစောင့်ကြည့်ရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသတွင်း အခြေစိုက် လှုပ်ရှားနေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြား ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်ရေးပဋိပက္ခတွေ ကြီးထွားလာနေတာနဲ့အမျှ အရပ်သား သေဆုံးမှုတွေလည်း တိုးလာနေပါတယ်။ မနေ့တုန်းကလည်း မုံရွာမြို့က တိမ်းရှောင်လာတဲ့ စစ်ရှောင်ဒုက္ခသည်တွေရှိရာ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားဝင်းထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူတွေတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မကြာသေးခင်က မြန်မာအရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး နယ်စပ်ဒေသက မြန်မာဒုက္ခသည်တွေအရေး ဆွေးနွေးခဲ့ကြပါတယ်။
နှစ်ဆန်းတရက်နေ့က လွတ်ငြိမ်းခွင့်ပေးပြီးမှ ဒေါက်တာခလမ်ဆမ်ဆွမ်ကိုငြိမ်းချမ်းရေးမှာကူညီဖို့ဆိုပြီး စစ်ကောင်စီက ပြန်လည်ခေါ်ယူထားတာ တလနီးပါးရှိနေပေမဲ့လို့ ဘယ်လိုအခန်းကနေပါဝင်မလဲဆိုတာက ခုအချိန်အထိ ရှင်းရှင်းလင်းမသိရဘူးလို့ ကချင်ဘာသာရေးအဖွဲ့တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။
KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းဟာ အသည်းရောဂါကို နာတာရှည်ခံစားနေရရာက မေလ ၁၃ရက်နေ့ ညနေပိုင်းမှာ ကွယ်လွန်သွားတာပါ။ KIA စစ်ဦးစီးချုပ်ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အခုလို အတည်ပြုပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်