ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခဲ့သူတွေ အခုအခါ နေရပ်ပြန်လာကြပေမဲ့ စစ်လက်ကျန် လက်နက်တွေ အန္တရာယ်ကို စိုးရိမ်နေကြပါတယ်။ အာဏာပိုင်တွေက နေရပ်ပြန်ခိုင်းပေမဲ့ လုံခြုံရေးနဲ့ အခြေခံလိုအပ်ချက်တွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကရင်နီဒေသမှာ မြေမြှုပ်မိုင်း အပါအဝင် စစ်လက်နက် အကြွင်းအကျန်တွေရဲ့ အန္တရာယ်ကြောင့် ထိခိုက်သေဆုံးသူ အများအပြား ရှိနေတယ်လို့ ဒေသခံတွေနဲ့ လက်နက်ကိုင် အင်အားစုတွေက ပြောပါတယ်။ မိုင်းရှင်းလင်းရေးအတွက် နည်းပညာနဲ့ ပစ္စည်းကိရိယာ လိုအပ်ချက်တွေ ရှိနေတာကလည်း စိန်ခေါ်မှုတခု ဖြစ်နေတာပါ။
ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra က စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အတိုက်အခံအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာဟာ ထိုင်းအစိုးရနဲ့ ပတ်သက်မှုမရှိဘူးလို့ မကြာသေးခင်ကမှ ထိုင်းနိုင်ခြားရေးဝန်ကြီးသစ် ဖြစ်လာတဲ့ Maris Sangiampongsa က ဒီနေ့ပဲ ပြောလိုက်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေဟာ မံစီ၊ ဗန်းမော်နဲ့ မိုးမောက်မြို့ နယ်ရှိ တပ်စခန်းနဲ့ ရဲစခန်းတွေကို ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းနဲ့ တပ်စခန်းနဲ့ ရဲစခန်း ၅ ခုကို သိမ်းယူခဲ့ကြောင်း KIA က ပြောပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လို့ စာသင်ကျောင်းပျက်စီးမှု ထိခိုက်ဒဏ်ရာရမှုရှိတယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ နောက်ထပ်လုပ်လာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသားတွေ ပြည်ပထွက်အလုပ်လုပ်ခွင့် ယာယီပိတ်ပင်လိုက်တဲ့နောက် ထိုင်းနိုင်ငံဘက်ကို နယ်စပ်ကတဆင့် တရားမဝင် ဝင်ရောက်သူပိုများလာနေပါတယ်။ ထိုင်းမြန်မာနယ်စပ် တာခ့်ခရိုင် မယ်လမနဲ့ဖွတ်ဖရမြို့နယ်အတွင်း သောကြာနေ့ကစလို့ အထောက်အထားမဲ့မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
မြန်မာနိုင်ငံ ပဋိပက္ခတွေအတွင်းက အရပ်သားပြည်သူတွေအတွက် လူသားချင်းစာနာကူညီမှု လိုအပ်ချက်တွေကြီးမားနေပြီး ရံပုံငွေကြေးလိုအပ်ချက်ကြောင့် ကူညီရေးလုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
အာရက္ခတပ်တော် AA နဲ့ဖြစ်တဲ့တိုက်ပွဲတွေကနေ စစ်ကောင်စီတပ်သား ၈၀ ကျော်ဟာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်ထွ ကို လက်နက်ခဲယမ်းတွေနဲ့တကွ ထွက်ပြေးခိုလှုံလာကြတာကြောင့် လက်နက်တွေကို ကမ်းခြေစောင့်တပ်က သိမ်းယူပြီး နယ်ခြားစောင့်တပ်ကိုလွှဲပြောင်းပေးလိုက်ကြောင်ကြောင်း ဘင်္ဂလားသတင်းဌာနတွေမှာဖော်ပြထားပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ဟာ မကြာခင်ရက်ပိုင်းအတွင်းက RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် ခေါင်းဆောင်နဲ့တွေ့ဆုံသလို လွန်ခဲ့တဲ့ ၂ လခန့်ကလည်း ကချင်၊ ကရင်၊ ကရင်နီ အဖွဲ့တွေအပြင် NUG ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေအတွင်း ထိခိုက်သေကျေမှုတွေ ရှိနေတယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ဗွီအိုအေကို ပြောဆိုခဲ့တာပါ။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် , စကခ ၁၅ , က ဒု တပ်မမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ဒီလ ၄ ရက်နေ့မှာ လက်နက်ချအညံ့ခံခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ စံချိန်တင်အောင် အပူဒဏ်ခံခဲ့ရတာကြောင့် မွေးမြူရေး လုပ်ငန်းတွေမှာပါ ထိခိုက်မှုတွေ ကြုံနေရပါတယ်။ ကမ္ဘာမှာအပူဆုံး စာရင်းဝင် ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက မွေးမြူရေးလုပ်ငန်းတွေမှာဆိုရင်လည်း အပူဒဏ်ကြောင့် မွေးမြူရေး တိရစ္ဆာန်တွေ ထိခိုက်သေဆုံးရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်