ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra က မြန်မာနိုင်ငံ့အရေး ကြားဝင်ဖို့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ သူ တွေ့ဆုံခဲ့တာကို ဝန်ခံပြောဆိုပြီး တွေ့ဆုံမှုဟာ ထိုင်းနိုင်ငံဘက်က စိုးရိမ်မှုတွေကို အခြေခံ တွေ့ဆုံခဲ့တာလို့ စနေနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာကို ပြောဆိုပါတယ်။
မြစ်ကြီးနားအကျဉ်းထောင်မှာ ဆန္ဒပြမှုနဲ့ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၁၃ ဦးကို ထောင်ဒဏ် ၃ နှစ်ခွဲစီ ထပ်တိုးပြစ်ဒဏ်ချမှတ် လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အ ကျဉ်း သားများကွန်ရက် -PPNMက ဗွီအိုအေကို ပြောပါတယ်။
မလေးရှားနိုင်ငံမှာ တရားဝင် အထောက်အထား မရှိသူတွေကို အော်ပရာစီ စစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးရာမှာ မေလ ၂၄ ရက်နေ့ မနက်က ဂျိုဟိုးမြို့မှာ အဖမ်းဆီးတွေလုပ်ခဲ့ပြီး နိုင်ငံခြားသားတွေကို စစ်ဆေးခဲ့ပါတယ်။ ဒီထဲမှာ အထောက်အထားမဲ့ လူ ၁၀၀ကျော် ဖမ်းမိပြီး၊ ဒီထဲမှာ မြန်မာ ၅၀ ကျော် ပါဝင်ပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေ သိမ်းယူထားတဲ့ တာလောကြီးကျေးရွာနဲ့ မြစ်ကြီးနားအနီး KIA တပ်ရင်း ၁၁ ကို စစ်ကောင်စီက ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KIA က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို နေရာထပ်မံ ပြောင်းရွှေ့လိုက်တယ်လို့ မီဒီယာတချို့မှာ သတင်းထပ်မံ ထွက်ပေါ်လာပါတယ်။ ဒီသတင်းကို အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ် နေဆဲပါ။ နေပြည်တော် အချုပ်ထောင်ကိုပဲ ထောင်ဝင်စာပစ္စည်းတွေ ပို့ခဲ့ရတယ်လို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ အများစုနေထိုင်ရာ ဘူးသီးတောင်နဲ့ မောင်တော မြို့နယ်တွေထဲ အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် (AA) ကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ရိုဟင်ဂျာ အရပ်သားတွေ ထိခိုက်သေဆုံးပြီး နေအိမ်တွေ ဖျက်ဆီးခံရတဲ့ သတင်းတွေ သီတင်းပတ်တွေနဲ့ချီ ဆက်တိုက် ထွက်လာနေတာ ဖြစ်ပါတယ်။
ရခိုင်မှာကြီးထွားလာနေတဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ အခြေအနေနဲ့ နှစ်ဘက် အသိုင်းအဝန်းရဲ့ ရှေ့အလားအလာတွေအကြောင်းကို မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တခုကျော်ကြာ နေထိုင်ခဲ့ပြီး ငြိမ်းချမ်းရေး၊ ပညာရေးနဲ့ လေ့လာရေး အလုပ်တွေ လုပ်နေတဲ့ Jessica Olney ကို ကိုငြိမ်းချမ်းအေးက Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်လာအောင်၊ တည်ငြိမ်အောင်နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် လိုအပ်တာ ပံ့ပိုးနိုင်ဖို့ ထိုင်းနိုင်ငံအနေနဲ့ လုပ်နေပါတယ်လို့ ဝန်ကြီးချုပ် Srettha ကပြောပါတယ်။
မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ အရပ်သား အရပ်သားပြည်သူ ထိခိုက်နစ်နာမှုပိုများလာတဲ့အတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အကာအကွယ်ပေးဖို့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ဒီကနေ့ ပူးတွဲ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်မြို့နဲ့ မန္တလေးမြို့ကိုသွားတဲ့ အဓိက မီးရထားလမ်းက ပဲခူးတိုင်း၊ ဖြူးမြို့နယ်နားဖြတ်သွားတဲ့ မီးရထားလမ်းအပိုင်းမှာ ဒီကနေ့ မိုင်းခွဲခံရပြီး ရထားလမ်း ပျက်စီးသွားတဲ့အတွက် ခရီးစဉ်တွေ ယာယီရပ်နားထားတယ်လို့ ရထားပို့ဆောင်ရေး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
မေလ ၁၉ ရက်က KNU တပ်မဟာ ၆ တပ်တွေရှိတဲ့ ကော့ကရိတ်မြို့နယ် ဒူးပလာယာခရိုင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ဖူ့ချိမူ တပ်စခန်းကို KNLA/ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် ထွက်ပြေးတဲ့ စစ်သားတွေဖြစ်ပါတယ်။
လူမျိုးရေးအခြေခံ ပဋိပက္ခတွေအရင်ကတည်းကရှိနေတဲ့ ရခိုင်ပြည်နယ်မှာ အခုနောက်ထပ်ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ရိုဟင်ဂျာ ၄ သောင်းခွဲလောက်ရှိနေပြီလို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်