အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့အဖွဲ့တွေကို နိုင်ငံခြားသား စေတနာ့ဝန်ထမ်းတွေက စစ်ပညာတွေသင်ကြားပေးနေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက အတည်ပြုပြောပါတယ်။ အခုလို သင်ကြားပေးတာဟာ နွေဦးတော်လှန်ရေးအပေါ် အကျိုးသက်ရောက်မှု ရှိလာမယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။
"တချို့ဆို ဗမာလိုတောင် မပြောဘူး။ တရုတ်လိုပဲ ပြောနေတယ်။ ဒီ ၅ လပိုင်းအတွင်းမှာ ပိုများတာထင်တယ်။ မြဝတီ ရွှေကုက္ကိုဘက်ခြမ်းကဟာတွေဖြစ်ဖို့ များတယ်။ နယ်စပ်ဘက်မှာတော့ အဲ့ဒီအဆောက်အဦးတော့ တွေ့တာပဲ၊ တည်ခိုခန်းလိုလို ဘာလိုလိုနဲ့ ဆောက်နေတာ။ ကာစီနိုထင်တယ်၊ တချို့ဟာတွေက ဆောက်လုပ်ဆဲတွေလည်း ရှိတယ်။” (ဒေသခံ)
၂၀၂၃ ခုနှစ်ထဲ မြန်မာအပါအဝင် ကမ္ဘာတဝန်းမှာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အဖွဲ့အစည်းအပေါ်အကြမ်းဖက်ခံရမှု ဒါမှမဟုတ် ဖျက်ဆီးခံရမှု ၂,၅၆၂ ခု အထိဖြစ်ခဲ့ပြီး ဒါဟာ ၂၀၂၂ ခုနှစ်ထက် အကြိမ်ရေ ၅၀၀ မြင့်တက်လာတာဟာ၂၅ % အထိတိုးလာကြောင်း မှတ်တမ်းပြုစုထားတဲ့ အစီရင်ခံစာသစ်တစောင်က မေလ ၂၂ ရက် (ဗုဒ္ဓဟူးနေ့) က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ထဲက တရားမဝင် စီးပွားလုပ်ငန်းတွေရှိရာ ရွှေကုက္ကိုမြို့သစ်နဲ့ဆက်စပ်ပြီး ငွေကြေးဆိုင်ရာပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ထိုင်းသွင်းကုန်ထုတ်ကုန်ဘဏ် EXIM ဘဏ်က သူတို့အနေနဲ့ ရွှေကုက္ကိုမှာ ငွေကြေးထောက်ပံ့တာမျိုးမရှိကြောင်း ဗွီအိုအေကို ဗုဒ္ဓဟူးနေ့ကငြင်းပါတယ်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ လက်နက်ကိုင်အဖွဲ့ အာရက္ခတပ်တော် (AA) အနေနဲ့ ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို အဓမ္မ ရွှေ့ပြောင်းထွက်ပြေးစေတာနဲ့ လူ့အခွင့်အရေးချိုးဖောက်တွေကို ရပ်တန့်ပြီး နိုင်ငံတကာဥပဒေတွေကို လိုက်နာဖို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရိုဟင်ဂျာ ၂၈ ဖွဲ့က မေ ၂၂ ရက်က ပူးတွဲကြေညာပါတယ်။
ရခိုင်ဒေသစစ်ပွဲအတွင်း သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးကြပြီး အရပ်သားတွေအပေါ် အကြမ်းဖက်ကျူးလွန်သူတဲ့ စစ်တပ်နဲ့ တခြားတာဝန်ရှိလက်နက်ကိုင်အဖွဲ့တွေကို ဒဏ်ခတ်အရေးယူမယ်လို့ အမေရိကန်ပြည်ထောင်စုက သတိပေးပါတယ်။
အွန်လိုင်း ငွေကြေးအလိမ်အညာ ရာဇဝတ်လုပ်ငန်းတွေကို တားဆီးဖို့ မိုဘိုင်းဖုံး ဘဏ်အကောင့် ၁၀၆ သန်းရဲ့အချက်အလက်တွေကို စိစစ်သွားမယ်လို့ ထိုင်းအစိုးရကပြောကြောင်း ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
ကန့်ကွက်မှုတွေကြောင့် ဆယ်စုနှစ်တခုကျော်ကြာ ရပ်ဆိုင်းထားခဲ့ရတဲ့ ကချင်ပြည်နယ် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ပြန်စဖို့ စစ်ကောင်စီက ပြင်ဆင်နေတဲ့ သတင်းကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကြား စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်မယ့် ရေရှည် အဖြေတခု လိုအပ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆက်လက် အာရုံစိုက်သွားမယ့်အကြောင်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong က ဘင်္ဂလားဒေ့ရှ် နိုင်ငံ Dhaka မြို့ကို သွားရောက်တဲ့ ခရီးစဉ်မှာ ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း မြို့တွေ မီးရှို့ခံရတာ ရိုဟင်ဂျာတွေသာမက ဒေသနေ ပြည်သူတွေ အိမ်ယာစွန့်ခွာရတာတွေ တိုးလာပြီး အကြမ်းဖက်မှုနဲ့ လူမှု အသိုက်အဝန်းများအကြား တင်းမာမှုတွေတိုးလာတဲ့ သတင်းတွေကြောင့် အမေရိကန်ကစိုးရိမ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်လိုက်ပြီးတဲ့နောက် KIA ဌာနချုပ်လိုင်ဇာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပြီး ဝိုင်းမော်၊ မြစ်ကြီးနား မြို့တွေမှာ စစ်ရေးတင်းမာနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ထိုင်ဝမ် နိုင်ငံတကာ မှတ်တမ်းရုပ်ရှင်ပွဲတော်မှာ မြန်မာပြည်ဖွါးဖြစ်ပြီး ထိုင်ဝမ်မှာ ပညာသင်ခဲ့တဲ့ဒါရိုက်တာ Midi Z ရဲ့ Clinic အမည်ရှိ ရုပ်ရှင်က အာရှအမြင်ကဏ္ဍမှာ အဓိက Gran Prix ဆုကြီး ရရှိသွားတယ်လို့ globalvoices.org အဖွဲ့ရဲ့ သတင်းစာမျက်နှာမှာ အင်္ဂါနေ့က တင်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်