အနောက်နိုင်ငံတွေဟာ ရုရှားနဲ့ ဆက်ဆံရေးကို တချီတည်း အားလုံးအဆုံးသွားစေချင်တာကြောင့် ရုရှားဟာ မရပ်မဖြစ် မဟာဗျူဟာလက်နက်လျှော့ချရေး စာချုပ် (START) အသစ်ကို ရပ်လိုက်ရတာ ဖြစ်တယ်လို့ ရုရှား သမ္မတ ပူတင်က ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်ရဲ့ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း ကမ္ဘာ့ရေးရာဆိုင်ရာခေါင်းဆောင်မှု ဆောင်ရွက်သူများအယောက် ၅၀ စာရင်းမှာ Indianapolis မြို့က မြန်မာ-အမေရိကန်လူမှုရေးအသင်း (BACI) ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး ချင်းတိုင်းရင်းသား Elaisa Vahnie လည်း ပါဝင်ဂုဏ်ပြုခံရပါတယ်။
အစ္စရေးအုပ်ချုပ်တဲ့ ပါလက်စတိုင်းဒေသမှာ အစ္စရေးဘက်က အခြေချနေထိုင်မှု တိုးချဲ့တာနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်းဖော်ပြတဲ့ ကြေညာချက်တစောင်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက တနင်္လာနေ့မှာ တညီတညွတ်တည်း အတည်ပြုလိုက်ပါတယ်။
ယူကရိန်းကို ရုရှားကျုးကျော်ခဲ့တဲ့ စစ်ပွဲ တနှစ်ပြည့်ဖို့ ရက်ပိုင်းပဲအလိုမှာပဲ သမ္မတ Joe Biden ဟာ ကြိုတင် မကြေညာဘဲ ဒီနေ့ ယူကရိန်းနိုင်ငံမြို့တော် Kyvi ကို ရောက်ရှိသွားပါတယ်။
မကြာသေးခင်က ပြင်းထန်တဲ့ငလျင်ဒဏ်ကြောင့် လူပေါင်း ၄၆,၀၀၀ ကျော်သေဆုံးခဲ့ပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြတဲ့ တူရကီနဲ့ဆီးရီးယား ၂ နိုင်ငံကို အမေရိကန် ပြည်ထောင်စုက နောက်ထပ် ဒေါ်လာသန်း ၁၀၀ အကူအညီပေးလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ ရုရှားကို လက်နက်ခဲယမ်းတွေပေးဖို့ စဉ်းစားနေတယ်လို့ အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်းကယူဆထားပြီး ရုရှားနဲ့စစ်ရေးအရ တရုတ်ကပါဝင်ပတ်သက်လာမယ်ဆိုရင် ပြဿနာအကြီးအကျယ်ဖြစ်လာနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သတိပေးလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ ထောက်လှမ်းရေးမိုးပျံပူဖောင်း အမေရိကန်လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့တဲ့လုပ်ရပ်အတွက် တရုတ်ထိပ်တန်းသံတမန် Wang Yi က တောင်းပန်တာမရှိခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောလိုက်ပါတယ်။
အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ညနေပိုင်းမှာ အစောဆုံးထားပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖို့ ရှိနေပါတယ်။ မြောက်ကိုရီးယားက ဂျပန်ပင်လယ်ပြင်ထဲ ဒုံးကျည် စမ်းသပ်ပစ်လွှတ်ပြီး တရက်အကြာမှာ အမေရိကန်နဲ့ ဂျပန်တို့ရဲ့ စစ်ရေးလေ့ကျင့်မယ့်အကြောင်း ဖူဂျီသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဂျာမဏီနိုင်ငံၤမှာ ၃ ရက်တာကျင်းပတဲ့ မြူးနစ် လုံခြုံရေးညီလာခံဖွင့်ပွဲမှာ ယူကရိန်းအတွက် အမေရိကန်ရဲ့ ထောက်ပံ့မှုကို ပါတီကြီး နှစ်ရပ်လုံးက ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ အမေရိကန် လွှတ်တော်အမတ် ၅၀ လောက်ပါတဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။ ၁၉၆၃ နောက်ပိုင်း အမေရိကန် ကိုယ်စားလှယ် အများဆုံး တက်ရောက်တာပါ။
၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ၊ ရီပတ်ဗလစ်ကန်ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်ရေး ယှဉ်ပြိုင်မယ့် တောင်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Nikki Haley က အမေရိကန် အိမ်ဖြူတော်မှာ ရဲရင့်ပြတ်သားတဲ့ အမျိုးသမီးတယောက် လိုနေပြီလို့ မနေ့က New Hampshire ပြည်နယ်မှာ လူထုနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုပါတယ်။
ဂျာမနီနိုင်ငံ မြူးနစ်မြို့တော်မှာကျင်းပနေတဲ့ လုံခြုံရေးညီလာခံကို တက်ရောက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ ဥရောပကို ခရီးစဉ် ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ စတင်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေက စစ်အာဏာသိမ်း ၂ နှစ်ပြည့်တဲ့အချိန် အင်္ဂါနေ့မှာ မြန်မာစစ်ကောင်စီရဲ့ စွမ်းအင်ကဏ္ဍက အရာရှိတွေ၊ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ အခြားလူပုဂ္ဂိုလ်တွေကို ထပ်မံ ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။