သြစတြေးလျနိုင်ငံဆီသွားမယ့် သင်္ဘောတစင်းပေါ်မှာ ကိုကင်းမူးယစ်ဆေးဝါး ၂.၄ တန်ကို တောင်အမေရိကတိုက် ကမ်းလွန်မှာ ကြားဖြတ်ဖမ်းမိခဲ့ ပြီးနောက် သြစတြေးလျနဲ့ အမေရိကန် ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး နိုင်ငံတကာ မူးယစ်ဂိုဏ်းတခုကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဒီနေ့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ စစ်ရေးအကူအညီ ထပ်မံပေးအပ်မှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က ကြေညာပါတယ်။ ဒီစစ်ရေး အကူအညီထဲမှာ HIMARS အဆင့်မြင့်လက်နက်နဲ့ Howitzers အမြှောက်တွေပါ ပေးအပ်ဖို့ပါဝင်ပြီး ယူကရိန်းတွေ သူတို့ကိုယ်သူတို့ ခုခံရာမှာ အသုံးချနိုင်ဖို့ ဖြစ်တယ်လို့ဆိုပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ သောကြာနေ့မှာ ဂျာမဏီဝန်ကြီးချုပ် Olaf Scholz နဲ့ သမ္မတအိမ်ဖြူမှာ တွေ့ဆုံခဲ့ပြီး ယူကရိန်းအရေး ဆက်လက်ပြီး လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်းရပ်ဖို့လိုတယ်လို့ အမေရိကန်၊ သြစတေးလျ၊ ဂျပန်နဲ့ အိန္ဒိယ ၄ နိုင်ငံပါတဲ့ လုံခြုံရေးဆိုင်ရာ လေးပွင့်ဆိုင် ဆွေးနွေးဘက်နိုင်ငံများ Quad အဖွဲ့က အလေးအနက်ပြောကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး G20 နိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးအတွင်းကတော့ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်နဲ့ပတ်သက်လို့ သဘောတူညီချက်မှမရဘဲ ပြီးဆုံးသွားပါတယ်။
အီရန်ရဲ့ရေနံနဲ့ ရေနံဓါတုဆိုင်ရာ ထုတ်ကုန်တွေကို အမေရိကန်က ပစ်မှတ်ထား အရေးယူလိုက်ပါတယ်။ အီရန်ရဲ့ရေနံနဲ့ရေနံဓါတုပစ္စည်းတွေ တင်ပို့ရောင်းချမှုမှာပါဝင်တဲ့ ကုမ္ပဏီ ၁၁ ခုနဲ့ သူတို့နဲ့ လက်တွဲဆောင်ရွက်နေတဲ့ သဘောၤအစင်း ၂၀ ကို အရေးယူတာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken က ထုတ်ပြန်ပြောဆိုပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာကျင်းပနေတဲ့ G 20 အစည်းအဝေးတက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ အလွတ်သဘောဆွေးနွေးခဲ့ကြပါတယ်။
ကိုဗစ်-19 ကပ်ရောဂါဟာ တရုတ်နိုင်ငံ၊ ဝူဟန် ဓါတ်ခွဲခန်းက စတင်ဖြစ်ပေါ်တာဖြစ်နိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေးဗြူရို FBI အကြီးအကဲက ပြောကြားခဲ့တဲ့အပေါ် တရုတ်က ပယ်ချလိုက်ပါတယ်။
တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေက တာဝန်ရှိသူတွေဟာ ပထမဆုံးအကြိမ် စီးပွားရေး ဆိုင်ရာ လုံခြုံရေးဆွေးနွေးပွဲကျင်းပခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ဖေဖော်ဝါရီ ၂၈ က သတင်းထုတ်ပြန်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အာရှအလယ်ပိုင်းနိုင်ငံတွေက ထိပ်တန်းသံတမန်တွေကို ဆက်တိုက်တွေ့ဆုံဖို့ ကာဇက်စတန်ကို ဒီကနေ့ ရောက်ရှိနေပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ ကာဇက်နိုင်ငံခြားရေးဝန်ကြီး Mukhtar Tileuberdi, သမ္မတ Kassym-Jomart Tokayev တို့နဲ့တေ့ွဆုံဖို့ရှိပါတယ်။
လူမှုကွန်ယက်မှာ ဗွီဒီယို အတိုလေးတွေတင်လို့ရတဲ့ TikTok လူမှုကွန်ရက် App ကိုအမေရိကန်အစိုးရသုံး လက်ကိုင်ဖုန်းနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ၊ စနစ်တွေကနေ ရက် ၃၀ အတွင်းဖယ်ရှားဖို့ အိမ်ဖြူတော်က အစိုးရဌာနတွေကို တနင်္လာနေ့က ညွှန်ကြားချက် ထုတ်လိုက်ပါတယ်။
ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်နေတဲ့ရုရှားတပ်ဖွဲ့တွေကို တရုတ်က စစ်လက်နက်တွေထောက်ပံ့ကူညီဖို့ စဉ်းစားနေတယ်လို့ အမေရိကန်ကယုံကြည်ထားကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲက ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။