အမေရိကန်ပြည်ထောင်စုမှာ လေဆင်နှာမောင်းဒဏ် အကြီးအကျယ်ခံလိုက်ရတဲ့ မစ္စစ္စပီပြည်နယ်ထဲက ခရိုင် ၄ ခုမှာ အရေးအပေါ်အခြေအနေ ကြေငြာကြောင်း သမ္မတဂျိုးဘိုင်ဒန်က ဒီနေ့မနက်အစောပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု မစ္စစ္စပီပြည်နယ်အတွင်း သောကြာနေ့က လေဆင်နှာမောင်းတိုက်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၄ ဦးသေဆုံး၊ ၄ ဦးပျောက်ဆုံးနေပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးဌာန တာဝန်ရှိသူတွေက စနေနေ့မနက်မှာ အတည်ပြုပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ပိုင်းပြည်နယ်တွေဖြစ်တဲ့ Mississippi နဲ့ Alabama ပြည်နယ်တွေမှာ သောကြာနေ့ညက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ၂၃ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး၊ အဆောက်အဦး အများအပြား ပျက်စီးခဲ့သလို ထောင်နဲ့ချီတဲ့ နေအိမ်တွေ လျှပ်စစ်မီး ပြတ်တောက်နေကြပါတယ်။
အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ဟာ ကနေဒါဝန်ကြီးချုပ်နဲ့ သွားတွေ့ပြီး၊ တရားမဝင်နယ်စပ်ဖြတ် ခုံလှုံခွင့်လျှောက်မှု တားမြစ်ဖို့ သဘောတူချက် ရခဲ့ပါတယ်။
ဆီးရီးယား နိုင်ငံတွင်း တိုက်ခိုက်ခံရမှုမှာ အမေရိကန် တဦး သေဆုံးခဲ့ရပြီးနောက်မှာတော့ အမေရိကန် အမှုထမ်းတွေကို ကာကွယ်ရေး အတွက် ခိုင်ခိုင်မာမာ တုံ့ပြန်မယ်လို့ သမ္မတ Joe Biden က သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို အမေရိကန်-တရုတ် အားပြိုင်မှုအဖြစ် ရှုမြင်လာနေတာကို စိုးရိမ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Scot Marciel က ဝါရှင်တန်အခြေစိုက် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျူ USIP ရဲ့ သောကြာနေ့ မြန်မာ့ဒီမိုကရေစီရေး ဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။
မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေလုပ်နိုင်အောင် ပံ့ပိုးနေတဲ့ လုပ်ငန်း ၆ ခုနဲ့ ပုဂ္ဂိုလ် ၂ ဦးကို အရေးယူ ဒဏ်ခတ်လိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက ဒီနေ့ မတ်လ ၂၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
ကနေဒါနိုင်ငံကို ရောက်နေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကနေဒါဝန်ကြီးချုပ်ဂျက်စတင်ထရူးဒိုးနဲ့ ဒီကနေ့ နှစ်နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲတွေ ကျင်းပဖို့ရှိသလို၊ ကနေဒါ လွှတ်တော်မှာလည်း ဒီကနေ့ မိန့်ခွန်းပြောဖို့ ရှိပါတယ်။
ဆီးရီးယားမှာ ကြာသပတေးနေ့က အဝေးထိန်း ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း အမေရိကန် ၁ ယောက်သေဆုံးပြီး ၆ ယောက်ဒဏ်ရာရခဲ့ပြီးနောက် ဆီရီးယားနိုင်ငံအရှေ့ပိုင်းက ပစ်မှတ်တွေကို အတိအကျလေကြောင်းနဲ့ တကြိမ်မကတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောကြားပါတယ်။
မြန်မာစစ်ကောင်စီကို ရုရှားက ပံ့ပိုးရပ်တည်ပေးနေတာ လက်ခံနိုင်စရာ မရှိကြောင်းနဲ့ ရုရှားရဲ့ လက်နက်ပံ့ပိုးမှုက မြန်မာနိုင်ငံတွင်း ပဋိပက္ခကို တိုးလာစေပြီး ကြီးမားတဲ့ဆိုးကျိုး ဖြစ်စေတယ်လို့ အရှေ့တောင်အာရှဒေသ ခရီးစဉ်သွားရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က ကြာသပတေးနေ့မှာ ပြောပါတယ်။
TikTok အက်ပလီကေးရှင်းရဲ့ အမှုဆောင်အရာရှိချုပ်ဟာ အမေရိကန်လွှတ်တော်ကော်မတီ ရှေ့မှောက်မှာ ကြာသာပတေးနေ့က အစစ်ဆေးခံခဲ့ပါတယ်။ အမေရိကန်မှာ အသုံးပြုသူ သန်း ၁၅၀ ရှိတဲ့ တရုတ်ကုမ္ပဏီပိုင် အက်ပ် တခုဖြစ်တဲ့ TikTok ကို တားမြစ် ပိတ်ပင်ဖို့ သင့်၊ မသင့် ဆုံးဖြတ်နိုင်ဖို့ CEO -Shou Chew ကို ဆင့်ခေါ်ခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုမှာ ဂျူးတွေအပေါ် ပစ်မှတ်ထားပြီး ပြင်းထန်စွာ ကိုယ်ထိ လက်ရောက် ကျူးလွန်မှုတွေ၊ ဖျက်ဆီးမှုတွေနဲ့ ခြိမ်းခြောက်မှုတွေဟာ မနှစ်တုန်းက မကြုံစဖူး ထပ်တိုးလာနေတယ်လို့ အသရေဖျက်မှု တိုက်ဖျက်ရေးအဖွဲ့ ADL က ကြာသာပတေးနေ့မှာ ပြောပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဂျူးဆန့်ကျင်ရေး ဖြစ်ရပ်ပေါင်း ၃,၇၀၀ နီးပါး ရှိခဲ့။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။