အမေရိကန်ပြည်ထောင်စု တက္ကပြည်နယ်ဟူစတန်မြို့က ကော်ဖီဆိုင်တဆိုင်မှာ Nathan Reeves နဲ့ Alexsey Reyes တို့နှစ်ယောက် အင်တာနက်ရေဒီယို ပေါ့ကဒ်အသံဖမ်းထုတ်လွှင့်နေတုန်း ကားတစီးက အရှိန်မထိန်းမနိုင်ဘဲ သူတို့နောက်က မှန်ပြူတင်းပေါက်ကိုဝင်တိုက်ခဲ့ပါတယ်။ ကံကောင်းစွာပဲ သူတို့ ၂ဦး ထိခိုက်ဒဏ်ရာရတာမဖြစ်ခဲ့ပါဘူး။
မက္ကဆီကိုနိုင်ငံမှာ မတ်လ (၃) ရက်နေ့က ပျောက်ဆုံးသွားတဲ့အမေရိကန်နိုင်ငံသား ၄ ဦးထဲက ၂ ဦးသေဆုံးသွားပြီး ကျန်၂ ဦးကတော့ အသက်ရှင်လျက်ရှိနေပါတယ်လို့ မက္ကဆီကိုသမ္မတက မတ်လ ၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး ယိုယွင်းလာနေပြီး၊ ထိုင်ဝမ်ကို အားပေးထောက်ခံနေတဲ့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang က နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူပြီး ပထမဆုံးအကြိမ်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်ကို ဝေဖန်လိုက်ပါတယ်။
တကယ်လို့ ရုရှားတပ်တွေက ယူကရိန်းအရှေ့ပိုင်း Bakhmut မြို့ကို ထိန်းချုပ်နိုင်ခဲ့ရင်လည်း ဒါဟာ ပဋိပက္ခကို အလှည့်အပြောင်းဖြစ်စေတဲ့တိုက်ပွဲ မဟုတ်ဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က မနေ့ တနင်္လာနေ့က ပြောလိုက်ပါတယ်။
သိပ်မကြာခင် သမ္မတရွေးကောက်ပွဲ ပြန်အရွေးခံဖို့ ကြေညာဖွယ်ရှိတဲ့ သမ္မတဂျိုးဘိုင်ဒန် သူ့ပါတီတွင်းမှာပဲ ဆန့်ကျင်မှုတချို့နဲ့ ရင်ဆိုင်နေရပြီး နယူးဟမ့်ရှိုင်းယားပြည်နယ် ဒီမိုကရက်ပါတီဝင်တွေဟာ Primary ရွေးကောက်ပွဲတွေကို သူတို့ပြည်နယ်က ပထမဆုံး ကျင်းပခွင့်ရတဲ့ထုံးတမ်းစဉ်လာ ပယ်ဖျက်လိုက်တာအပေါ် စိတ်ပျက်နေကြပါတယ်။
ယူကရိန်းနိုင်ငံ ကျူးကျော်စစ်ပွဲမှာ ရုရှားတပ်တွေ ယူကရိန်းအရှေ့ပိုင်း Bakhmut မြို့ကို သိမ်းပိုက်နိုင်ရင်တောင် စစ်ပွဲအတွင်း ပြတ်ပြတ်သားသား အပြောင်းအလဲဖြစ်နိုင်မှာမဟုတ်ဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က တနင်္လာနေ့မှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အရေးပါတဲ့ လွတ်လပ်စွာ မဲပေးမှုဆိုင်ရာ လှုပ်ရှားမှုတစ်ခု ဖြစ်တဲ့ Bloody Sunday သွေးစွန်းတနင်္ဂနွေလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေကို ဂုဏ်ပြုတဲ့အနေတဲ့ သမ္မတ ဂျိုးဘိုင်ဒန်ဟာ အလာဘားမား ပြည်နယ် ဆဲလ်မာ (Selma) မြို့ကို သွားရောက်ခဲ့ပါတယ်။
တရုတ်ရဲ့စစ်ရေးစွမ်းပကားတက်စေမယ့်နည်းပညာတွေ ရရှိနိုင်မှုကို ကန့်သတ်ဖို့ကြိုးစားတဲ့အနေနဲ့ အမေရိကန်ကုမ္ပဏီတွေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် တင်းကျပ်တဲ့စည်းမျဉ်းတွေချမှတ်ဖို့ သမ္မတဘိုင်ဒန်အစိုးရက လုပ်ဆောင်နေပြီး မကြာခင်မှာ သမ္မတအာဏာအသုံးပြု အမိန့်ထုတ်ပြန်ဖို့ရှိပါတယ်။
လာမယ့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထရမ့်ဟာ ရီပါဘလီကန်ပါတီရဲ့ သမ္မတလောင်း မဖြစ်နိုင်ဘူးလို့ ထိပ်တန်း ရီပါဘလီကန် အုပ်ချုပ်ရေးမှူးတယောက်က ဟောကိန်းထုတ်လိုက်ပါတယ်
ယူကရိန်းအတွက် လက်နက်အကူအညီတွေပေးနေတဲ့အပေါ် ရုရှားရဲ့ဆန့်ကျင်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က ယူကရိန်းကို နောက်ထပ်စစ်ရေးအကူအညီ ဒေါ်လာသန်းပေါင်း ၄ဝဝ ပေးအပ်ဖို့ သောကြာနေ့က ကမ်းလှမ်းလိုက်ပါတယ်။
သြစတြေးလျနိုင်ငံဆီသွားမယ့် သင်္ဘောတစင်းပေါ်မှာ ကိုကင်းမူးယစ်ဆေးဝါး ၂.၄ တန်ကို တောင်အမေရိကတိုက် ကမ်းလွန်မှာ ကြားဖြတ်ဖမ်းမိခဲ့ ပြီးနောက် သြစတြေးလျနဲ့ အမေရိကန် ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး နိုင်ငံတကာ မူးယစ်ဂိုဏ်းတခုကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဒီနေ့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ စစ်ရေးအကူအညီ ထပ်မံပေးအပ်မှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က ကြေညာပါတယ်။ ဒီစစ်ရေး အကူအညီထဲမှာ HIMARS အဆင့်မြင့်လက်နက်နဲ့ Howitzers အမြှောက်တွေပါ ပေးအပ်ဖို့ပါဝင်ပြီး ယူကရိန်းတွေ သူတို့ကိုယ်သူတို့ ခုခံရာမှာ အသုံးချနိုင်ဖို့ ဖြစ်တယ်လို့ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။