အမေရိကန်က Silicon Valley Bank ပြိုလဲသွားတာကြောင့် ဒီဘဏ်ကငွေတွေ အလုအယက်ထုတ်ယူနေကြသူတွေအနေနဲ့ မစိုးရိမ်ဖို့နဲ့ အပ်နှံထားတဲ့ငွေတွေ ပြန်ရဖို့ ဆောင်ရွက်ပေးမယ်လို့ အမေရိကန်အစိုးရက ကြားဝင်အာမခံပါတယ်။ ဒါနဲ့ပတ်သတ်ပြီး စီးပွားရေးပညာရှင်ရဲ့ သဘောထားကို ကိုအောင်အောင်က မေးမြန်းတင်ပြပေးထားပါတယ်။
ပင်လယ်နက်ပေါ်က နိုင်ငံတကာပိုင် ဝေဟင်ပိုင်နက်ထဲမှာ ရုရှားတိုက်လေယာဉ်နဲ့ တိုက်မိခဲ့တဲ့အတွက် အမေရိကန်ရဲ့ထောက်လှမ်းရေးဒရုန်းယာဉ် အင်္ဂါနေ့က ပျက်ကျခဲ့ရတဲ့အပေါ် အမေရိကန်ဘက်က ပြင်းပြင်းထန် ရှုတ်ချနေချိန်မှာပဲ ရုရှားဘက်ကလည်း ဒါဟာ အမေရိကန်ဘက်က ရန်စတဲ့လုပ်ရပ်လို့ တုံ့ပြန်စွပ်စွဲနေပါတယ်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ထဲမှာ တရုတ်၊ အီရန်၊ မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံသားတွေ စီးပွါးရေးလုပ်ငန်းတွေနဲ့ မြေယာပိုင်ဆိုင်ခွင့်တွေကို ကန့်သတ်ဖို့ ပြည်နယ်လွှတ်တော်အမတ်တွေစဉ်းစားနေပါတယ်။ ဒါကို လက်မခံသူတွေကတော့ လူမျိုးရေးခွဲခြားတယ်လို့ ကန့်ကွက် ပြောဆိုနေကြပါတယ်။ မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
ပင်လယ်နက်ပေါ်က နိုင်ငံတကာပိုင်လေပိုင်နက်ထဲမှာ ရုရှားတိုက်လေယာဉ်နဲ့ တိုက်မိခဲ့တဲ့အတွက် အမေရိကန်ရဲ့ထောက်လှမ်းရေးဒရုန်းယာဉ် အင်္ဂါနေ့က ပျက်ကျခဲ့ရတဲ့အပေါ် အမေရိကန်က ပြင်းထန်စွာတုံ့ပြန်ပြောဆိုလိုက်ပါတယ်။
နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်မယ့် အစီအစဉ် အပါအဝင် အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျ ၃ နိုင်ငံ သဘောတူညီချက်ဟာ အန္တရာယ်ကြီးမားတဲ့လမ်းကို ဦးတည်နေတယ်ဆိုပြီး တရုတ်နိုင်ငံက ဝေဖန်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဘဏ်ကြီးနှစ်ခု ပြိုလဲသွားတဲ့ သတင်းတွေထွက်လာပြီး အမေရိကန် စတော့အစုရှယ်ယာတွေကျခဲ့ပြီးတဲ့နောက် အင်္ဂါနေ့မှာတော့ အာရှ အစုရှယ်ယာဈေးတွေလည်း ကျဆင်းခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အမုန်းတရားကြောင့်ဖြစ်ပွားတဲ့ ရာဇဝတ်မှု Hate Crime တွေဟာ ၂၀၂၁ ခုနှစ်မှာ အနှစ် ၂၀ အတွင်း အမြင့်ဆုံးကို ခုန်တက်သွားခဲ့တယ်လို့ ဖယ်ဒရယ်အစိုးရ စုံစမ်းရေးဗျူရို FBI က တနင်္လာနေ့မှာ နောက်ဆက်တွဲထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်သလို ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်လည်း အောင်မြင်မှု အများအပြားရမှာဖြစ်တယ်လို့ ဒီကနေ့ တနင်္လာနေ့ ၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံ ဝန်ကြီးချုပ် Li Qiang က ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးစနစ်ဟာ စိတ်ချရပါတယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က တနင်္လာနေ့ မတ်လ ၁၃ ရက်နေ့ကပဲ ပြောကြားသွားပါတယ်။ အမေရိကန် ဘဏ် ၂ ခု အချိန်တိုအတွင်း ပြိုလဲသွားရလို့ နောက်ဆက်တွဲ ငွေကြေးအကြပ်အတည်းကြီးလိုက်လာမှာ စိုးရိမ်နေကြချိန်မှာ အခုလို သမ္မတက ပြောသွားတာပါ။
အမေရိကန်ပြည်ထောင်စုမှာ ကျင်းပသွားတဲ့ အကယ်ဒမီဆုချီးမြှင့်ပွဲမှာ “Everything Everywhere All At Once” ရုပ်ရှင်ကားက အကောင်းဆုံးဇာတ်ကားဆု ရရှိသွားပါတယ်။
ဘဏ္ဍာရေးအကျပ်အတည်းကြုံတွေ့နေရတဲ့ Silicon Valley Bank ကို ပြည်ထောင်စုအစိုးရအနေနဲ့ ငွေကြေး ကျားကန်ထောက်ပံ့ပေးမှာမဟုတ်ဘူးလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောပါတယ်။ ဒါပေမယ့်လည်း စုငွေတွေဆုံးရှုံးမလားဆိုပြီး စိတ်ပူနေသူတွေအတွက်တော့ ကူညီဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။
“အကျိုးအကြောင်းမဲ့ သူ့ရဲ့စကားတွေကြောင့် အဲဒီနေ့ လွှတ်တော်မှာရှိကြတဲ့လူတိုင်းနဲ့ ကျနော့်မိသားစုတို့ အန္တရာယ်ကြုံခဲ့ရပါတယ်။ သမိုင်းက Donald Trump ကို အရေးယူမယ်ဆိုတာ ကျနော်သိပါတယ်။” (ဒုတိယသမ္မတဟောင်း မိုက်ပန့်စ်)
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။