ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Cobra Gold ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့မှာ အမေရိကန်၊ ထိုင်းနဲ့ တခြား ဒေသတွင်းနိုင်ငံတွေက တပ်ဖွဲ့ဝင် ၆၀၀ ကျော် ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။
ပစိဖိတ်ဒေသထဲက ကျွန်းနိုင်ငံတွေအပေါ် တရုတ်ရဲ့ လွှမ်းမိုးမှု တိုးလာနေချိန်မှာ အမေရိကန် ပြည်ထောင်စုကလည်း သြဇာချိန်ခွင်လျှာညှိနိုင်ဖို့ Marshall Islands, Micronesia နဲ့ Palau ကျွန်း နိုင်ငံတွေအတွက် ဒေါ်လာ ဘီလျံနဲ့ချီ သုံးစွဲဖို့ သမ္မတ ဘိုင်ဒန်အစိုးရက အဆိုပြုလိုက်တာပါ။
ယူကရိန်း ကျူးကျော်စစ်အတွက် တုံ့ပြန် ဒဏ်ခတ်တဲ့အနေနဲ့ ရုရှားစွမ်းအင်ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ ဒေါ်လာ ၂၅ သန်းတန် ဘိုးအင်း ၇၃၇ လေယာဉ်တစီးကို သိမ်းဆည်းဖို့ နယူးယောက်မှာရှိတဲ့ ဖက်ဒရယ်တရားရုံးတခုက ခွင့်ပြုလိုက်ပါတယ်။
အမေရိကန်မှာ သြဇာညောင်းတဲ့ အထက်လွှတ်တော်က Republican ပါတီခေါင်းဆောင် Mitch McConnell ဟာ ဗုဒ္ဓဟူးနေ့ညက ချော်လဲလို့ ဆေးရုံတင်ထားရတယ်လို့ သူ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
ကမ္ဘာတလွှားအပြုသဘောဆောင် အပြောင်းအလဲတွေ ဖော်ဆောင်ရာမှာ စွမ်းစွမ်းတမံပါဝင်ဦးဆောင်ခဲ့ကြသူ အမျိုးသမီး ၁၁ ဦးကို နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်တဲ့ မတ်လ ၈ ရက်နေ့ဗုဒ္ဓဟူးနေ့မှာ အမေရိကန် နိုင်ငံခြားရေးဌာနက နှစ်စဉ်ချီးမြှင့်တဲ့ အမျိုးသမီးသတ္တိရှင်ဆုတွေ ချီးမြှင့်ခဲ့ပါတယ်။
မတ်လဟာ အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးများရဲ့သမိုင်းကိုဂုဏ်ပြုသတ်မှတ်ထားတဲ့လဖြစ်ပါတယ်။ မတ်လ ၈ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများနေ့ပါ။ ဒီအချိန်အခါနဲ့တပြေးညီ အားကစား၊ နိုင်ငံရေး၊ ဖျော်ဖြေရေး စသဖြင့် လူမှုနယ်ပယ်အသီးသီးမှာ ပေါ်ထွက်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးတွေကို စုစည်းတင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု တက္ကပြည်နယ်ဟူစတန်မြို့က ကော်ဖီဆိုင်တဆိုင်မှာ Nathan Reeves နဲ့ Alexsey Reyes တို့နှစ်ယောက် အင်တာနက်ရေဒီယို ပေါ့ကဒ်အသံဖမ်းထုတ်လွှင့်နေတုန်း ကားတစီးက အရှိန်မထိန်းမနိုင်ဘဲ သူတို့နောက်က မှန်ပြူတင်းပေါက်ကိုဝင်တိုက်ခဲ့ပါတယ်။ ကံကောင်းစွာပဲ သူတို့ ၂ဦး ထိခိုက်ဒဏ်ရာရတာမဖြစ်ခဲ့ပါဘူး။
မက္ကဆီကိုနိုင်ငံမှာ မတ်လ (၃) ရက်နေ့က ပျောက်ဆုံးသွားတဲ့အမေရိကန်နိုင်ငံသား ၄ ဦးထဲက ၂ ဦးသေဆုံးသွားပြီး ကျန်၂ ဦးကတော့ အသက်ရှင်လျက်ရှိနေပါတယ်လို့ မက္ကဆီကိုသမ္မတက မတ်လ ၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး ယိုယွင်းလာနေပြီး၊ ထိုင်ဝမ်ကို အားပေးထောက်ခံနေတဲ့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang က နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူပြီး ပထမဆုံးအကြိမ်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်ကို ဝေဖန်လိုက်ပါတယ်။
တကယ်လို့ ရုရှားတပ်တွေက ယူကရိန်းအရှေ့ပိုင်း Bakhmut မြို့ကို ထိန်းချုပ်နိုင်ခဲ့ရင်လည်း ဒါဟာ ပဋိပက္ခကို အလှည့်အပြောင်းဖြစ်စေတဲ့တိုက်ပွဲ မဟုတ်ဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က မနေ့ တနင်္လာနေ့က ပြောလိုက်ပါတယ်။
သိပ်မကြာခင် သမ္မတရွေးကောက်ပွဲ ပြန်အရွေးခံဖို့ ကြေညာဖွယ်ရှိတဲ့ သမ္မတဂျိုးဘိုင်ဒန် သူ့ပါတီတွင်းမှာပဲ ဆန့်ကျင်မှုတချို့နဲ့ ရင်ဆိုင်နေရပြီး နယူးဟမ့်ရှိုင်းယားပြည်နယ် ဒီမိုကရက်ပါတီဝင်တွေဟာ Primary ရွေးကောက်ပွဲတွေကို သူတို့ပြည်နယ်က ပထမဆုံး ကျင်းပခွင့်ရတဲ့ထုံးတမ်းစဉ်လာ ပယ်ဖျက်လိုက်တာအပေါ် စိတ်ပျက်နေကြပါတယ်။
ယူကရိန်းနိုင်ငံ ကျူးကျော်စစ်ပွဲမှာ ရုရှားတပ်တွေ ယူကရိန်းအရှေ့ပိုင်း Bakhmut မြို့ကို သိမ်းပိုက်နိုင်ရင်တောင် စစ်ပွဲအတွင်း ပြတ်ပြတ်သားသား အပြောင်းအလဲဖြစ်နိုင်မှာမဟုတ်ဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က တနင်္လာနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။