တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မော်စကို ခရီးစဉ်မှာ ဆွေးနွေးဖို့ ရှိတဲ့ ယူကရိန်း စစ်ပွဲ ငြိမ်းချမ်းရေး အဆိုပြုချက်အပေါ် သံသယရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်က တနင်္လာနေ့မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်နေတာကို တရုတ်နဲ့ ရုရှားက အားပေးအားမြှောက်ပြုနေတယ်လို့ အမေရိကန်က မနေ့ တနင်္လာနေ့က စွပ်စွဲလိုက်ပါတယ်။
သမ္မတဟောင်း Donal Trump က သူဟာ လာမယ့်အင်္ဂါနေ့မှာ ဖမ်းခံရဖွယ်ရှိတာမို့ သူ့ထောက်ခံသူတွေအနေနဲ့ ဆန္ဒပြကန့်ကွက်ကြဖို့ ကိုယ်ပိုင်လူမှုကွန်ယက် ပလက်ဖောင်းဖြစ်တဲ့ Truth Social Platform ပေါ်မှာ လှုံ့ဆော်ရေးသားခဲ့ပါတယ်။
မြန်မာ့အရေးအပါအဝင် ဒေသတွင်းနဲ့နှစ်နိုင်ငံဆက်ဆံရေးကိစ္စတွေကို သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်တွေ၊ အဓိကကျတဲ့ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet ဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံကို မတ်လ ၂၀ ရက်နေ့ကနေ ၂၄ ရက်အထိ သွားဖို့ရှိပါတယ်။
သမ္မတဟောင်းဒေါ်နယ်ထရမ့်က နယူးယောက် မက်ဟန်တန်ရှေ့နေရုံးက ပေါက်ကြားလာတဲ့အချက်အလက်တွေအရ သူဟာ လာမယ့်အင်္ဂါနေ့မှာ သူဖမ်းဆီးခံရနိုင်တယ်လို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ စနေနေ့က ရေးသားဖေါ်ပြခဲ့ပါတယ်။
ယူကရိန်း လုံခြုံရေးတာဝန်ရှိသူတွေနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin, ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley နဲ့ အိမ်ဖြူတော်အမျိုးသားအကြံပေး Jake Sullivan တို့ ဒီနေ့ အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြပါတယ်။
ဘဏ္ဍာငွေကြေး အကျပ်အတည်း ကြုံနေရတဲ့ အမေရိကန်က First Republic ဘဏ် ပြိုလဲ မသွားရအောင် တခြား အမေရိကန် ဘဏ် ၁၁ ခုက ဒေါ်လာ ၃၀ ဘီလျံ စုပေါင်း ကျားကန်ပေးခဲ့ကြပါတယ်။
ပင်လယ်နက်ပေါ်မှာ အမေရိကန် ထောက်လှမ်းရေး Drone ယာဉ်ကို ရုရှားစစ်လေယာဉ် ကြားဖြတ် နှောင့်ယှက်ခဲ့တဲ့ ဗွီဒီယိုကိုအမေရိကန်စစ်တပ်က ဒီနေ့ ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ပင်လယ်နက်ထဲက နိုင်ငံတကာလေပိုင်နက်အတွင်း အမေရိကန်လေတပ်ပိုင် မောင်းသူမဲ့ MQ-9 ဒရုန်းယာဉ်ကို အန္တရာယ်ရှိရှိ ကြားဖြတ်ဟန့်တားတဲ့ ရုရှားလေယာဉ်ကို မှတ်တမ်းရယူထားတဲ့ ဗီဒီယိုဖိုင် ပင်တဂွန်စစ်ဌာနချုပ်က ဒီကနေ့ မတ်လ ၁၆ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံအနီး ပင်လယ်နက်အပေါ်မှာ ထောက်လှမ်းရေးမစ်ရှင်နဲ့ ဆက်လက် ပျံသန်းမယ့်အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဗုဒ္ဓဟူးနေ့မှာ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
အမေရိကန်က Silicon Valley Bank ပြိုလဲသွားတာကြောင့် ဒီဘဏ်ကငွေတွေ အလုအယက်ထုတ်ယူနေကြသူတွေအနေနဲ့ မစိုးရိမ်ဖို့နဲ့ အပ်နှံထားတဲ့ငွေတွေ ပြန်ရဖို့ ဆောင်ရွက်ပေးမယ်လို့ အမေရိကန်အစိုးရက ကြားဝင်အာမခံပါတယ်။ ဒါနဲ့ပတ်သတ်ပြီး စီးပွားရေးပညာရှင်ရဲ့ သဘောထားကို ကိုအောင်အောင်က မေးမြန်းတင်ပြပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။