ဘဏ္ဍာငွေကြေး အကျပ်အတည်း ကြုံနေရတဲ့ အမေရိကန်က First Republic ဘဏ် ပြိုလဲ မသွားရအောင် တခြား အမေရိကန် ဘဏ် ၁၁ ခုက ဒေါ်လာ ၃၀ ဘီလျံ စုပေါင်း ကျားကန်ပေးခဲ့ကြပါတယ်။
ပင်လယ်နက်ပေါ်မှာ အမေရိကန် ထောက်လှမ်းရေး Drone ယာဉ်ကို ရုရှားစစ်လေယာဉ် ကြားဖြတ် နှောင့်ယှက်ခဲ့တဲ့ ဗွီဒီယိုကိုအမေရိကန်စစ်တပ်က ဒီနေ့ ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ပင်လယ်နက်ထဲက နိုင်ငံတကာလေပိုင်နက်အတွင်း အမေရိကန်လေတပ်ပိုင် မောင်းသူမဲ့ MQ-9 ဒရုန်းယာဉ်ကို အန္တရာယ်ရှိရှိ ကြားဖြတ်ဟန့်တားတဲ့ ရုရှားလေယာဉ်ကို မှတ်တမ်းရယူထားတဲ့ ဗီဒီယိုဖိုင် ပင်တဂွန်စစ်ဌာနချုပ်က ဒီကနေ့ မတ်လ ၁၆ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံအနီး ပင်လယ်နက်အပေါ်မှာ ထောက်လှမ်းရေးမစ်ရှင်နဲ့ ဆက်လက် ပျံသန်းမယ့်အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဗုဒ္ဓဟူးနေ့မှာ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
အမေရိကန်က Silicon Valley Bank ပြိုလဲသွားတာကြောင့် ဒီဘဏ်ကငွေတွေ အလုအယက်ထုတ်ယူနေကြသူတွေအနေနဲ့ မစိုးရိမ်ဖို့နဲ့ အပ်နှံထားတဲ့ငွေတွေ ပြန်ရဖို့ ဆောင်ရွက်ပေးမယ်လို့ အမေရိကန်အစိုးရက ကြားဝင်အာမခံပါတယ်။ ဒါနဲ့ပတ်သတ်ပြီး စီးပွားရေးပညာရှင်ရဲ့ သဘောထားကို ကိုအောင်အောင်က မေးမြန်းတင်ပြပေးထားပါတယ်။
ပင်လယ်နက်ပေါ်က နိုင်ငံတကာပိုင် ဝေဟင်ပိုင်နက်ထဲမှာ ရုရှားတိုက်လေယာဉ်နဲ့ တိုက်မိခဲ့တဲ့အတွက် အမေရိကန်ရဲ့ထောက်လှမ်းရေးဒရုန်းယာဉ် အင်္ဂါနေ့က ပျက်ကျခဲ့ရတဲ့အပေါ် အမေရိကန်ဘက်က ပြင်းပြင်းထန် ရှုတ်ချနေချိန်မှာပဲ ရုရှားဘက်ကလည်း ဒါဟာ အမေရိကန်ဘက်က ရန်စတဲ့လုပ်ရပ်လို့ တုံ့ပြန်စွပ်စွဲနေပါတယ်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ထဲမှာ တရုတ်၊ အီရန်၊ မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံသားတွေ စီးပွါးရေးလုပ်ငန်းတွေနဲ့ မြေယာပိုင်ဆိုင်ခွင့်တွေကို ကန့်သတ်ဖို့ ပြည်နယ်လွှတ်တော်အမတ်တွေစဉ်းစားနေပါတယ်။ ဒါကို လက်မခံသူတွေကတော့ လူမျိုးရေးခွဲခြားတယ်လို့ ကန့်ကွက် ပြောဆိုနေကြပါတယ်။ မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
ပင်လယ်နက်ပေါ်က နိုင်ငံတကာပိုင်လေပိုင်နက်ထဲမှာ ရုရှားတိုက်လေယာဉ်နဲ့ တိုက်မိခဲ့တဲ့အတွက် အမေရိကန်ရဲ့ထောက်လှမ်းရေးဒရုန်းယာဉ် အင်္ဂါနေ့က ပျက်ကျခဲ့ရတဲ့အပေါ် အမေရိကန်က ပြင်းထန်စွာတုံ့ပြန်ပြောဆိုလိုက်ပါတယ်။
နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်မယ့် အစီအစဉ် အပါအဝင် အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျ ၃ နိုင်ငံ သဘောတူညီချက်ဟာ အန္တရာယ်ကြီးမားတဲ့လမ်းကို ဦးတည်နေတယ်ဆိုပြီး တရုတ်နိုင်ငံက ဝေဖန်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဘဏ်ကြီးနှစ်ခု ပြိုလဲသွားတဲ့ သတင်းတွေထွက်လာပြီး အမေရိကန် စတော့အစုရှယ်ယာတွေကျခဲ့ပြီးတဲ့နောက် အင်္ဂါနေ့မှာတော့ အာရှ အစုရှယ်ယာဈေးတွေလည်း ကျဆင်းခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အမုန်းတရားကြောင့်ဖြစ်ပွားတဲ့ ရာဇဝတ်မှု Hate Crime တွေဟာ ၂၀၂၁ ခုနှစ်မှာ အနှစ် ၂၀ အတွင်း အမြင့်ဆုံးကို ခုန်တက်သွားခဲ့တယ်လို့ ဖယ်ဒရယ်အစိုးရ စုံစမ်းရေးဗျူရို FBI က တနင်္လာနေ့မှာ နောက်ဆက်တွဲထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။