မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်းရပ်ဖို့လိုတယ်လို့ အမေရိကန်၊ သြစတေးလျ၊ ဂျပန်နဲ့ အိန္ဒိယ ၄ နိုင်ငံပါတဲ့ လုံခြုံရေးဆိုင်ရာ လေးပွင့်ဆိုင် ဆွေးနွေးဘက်နိုင်ငံများ Quad အဖွဲ့က အလေးအနက်ပြောကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး G20 နိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးအတွင်းကတော့ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်နဲ့ပတ်သက်လို့ သဘောတူညီချက်မှမရဘဲ ပြီးဆုံးသွားပါတယ်။
အီရန်ရဲ့ရေနံနဲ့ ရေနံဓါတုဆိုင်ရာ ထုတ်ကုန်တွေကို အမေရိကန်က ပစ်မှတ်ထား အရေးယူလိုက်ပါတယ်။ အီရန်ရဲ့ရေနံနဲ့ရေနံဓါတုပစ္စည်းတွေ တင်ပို့ရောင်းချမှုမှာပါဝင်တဲ့ ကုမ္ပဏီ ၁၁ ခုနဲ့ သူတို့နဲ့ လက်တွဲဆောင်ရွက်နေတဲ့ သဘောၤအစင်း ၂၀ ကို အရေးယူတာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken က ထုတ်ပြန်ပြောဆိုပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာကျင်းပနေတဲ့ G 20 အစည်းအဝေးတက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ အလွတ်သဘောဆွေးနွေးခဲ့ကြပါတယ်။
ကိုဗစ်-19 ကပ်ရောဂါဟာ တရုတ်နိုင်ငံ၊ ဝူဟန် ဓါတ်ခွဲခန်းက စတင်ဖြစ်ပေါ်တာဖြစ်နိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေးဗြူရို FBI အကြီးအကဲက ပြောကြားခဲ့တဲ့အပေါ် တရုတ်က ပယ်ချလိုက်ပါတယ်။
တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေက တာဝန်ရှိသူတွေဟာ ပထမဆုံးအကြိမ် စီးပွားရေး ဆိုင်ရာ လုံခြုံရေးဆွေးနွေးပွဲကျင်းပခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ဖေဖော်ဝါရီ ၂၈ က သတင်းထုတ်ပြန်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အာရှအလယ်ပိုင်းနိုင်ငံတွေက ထိပ်တန်းသံတမန်တွေကို ဆက်တိုက်တွေ့ဆုံဖို့ ကာဇက်စတန်ကို ဒီကနေ့ ရောက်ရှိနေပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ ကာဇက်နိုင်ငံခြားရေးဝန်ကြီး Mukhtar Tileuberdi, သမ္မတ Kassym-Jomart Tokayev တို့နဲ့တေ့ွဆုံဖို့ရှိပါတယ်။
လူမှုကွန်ယက်မှာ ဗွီဒီယို အတိုလေးတွေတင်လို့ရတဲ့ TikTok လူမှုကွန်ရက် App ကိုအမေရိကန်အစိုးရသုံး လက်ကိုင်ဖုန်းနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ၊ စနစ်တွေကနေ ရက် ၃၀ အတွင်းဖယ်ရှားဖို့ အိမ်ဖြူတော်က အစိုးရဌာနတွေကို တနင်္လာနေ့က ညွှန်ကြားချက် ထုတ်လိုက်ပါတယ်။
ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်နေတဲ့ရုရှားတပ်ဖွဲ့တွေကို တရုတ်က စစ်လက်နက်တွေထောက်ပံ့ကူညီဖို့ စဉ်းစားနေတယ်လို့ အမေရိကန်ကယုံကြည်ထားကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲက ပြောလိုက်ပါတယ်။
၂၀၁၄ ခုနှစ်ကတည်းက ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ဟာ ယူကရိန်းနိုင်ငံရဲ့အစိတ်အပိုင်းအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း အမေရိကန်က တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပုံမှန်အားဖြင့် နှင်းကျလေ့ကျထ မရှိတဲ့ ကယ်လီဖိုးယားပြည်နယ်အပါအဝင် အနောက်ဘက်ခြမ်းက ပြည်နယ်တွေမှာ ဆောင်းရာသီမုန်တိုင်းဒဏ်ကို ခံနေကြရပါတယ်။
ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် တနှစ်ပြည့်ပြီးချိန်မှာ ယူကရိန်းရဲ့ ရုရှားကို ခုခံတွန်းလှန်ရေးအတွက် အမေရိကန်စစ်ဌာနချုပ် Pentagon က ဒေါ်လာ ၂ ဘီလျံကျော် စစ်ရေးထောက်ပံ့မှု ထပ်ပေးမယ့်အကြောင်း အမေရိကန်အိမ်ဖြူတော်က ကြေညာပါတယ်။ ကူညီမယ့်အထဲ HIMARS ဒုံးကျည်၊ ၁၅၅ မမ အမြောက်ကျည်၊ လေဆာထိန်း ဒုံးကျည်စနစ်တွေပါဝင်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။