ဖိနှိပ်မှုဒဏ်ခံနေရတဲ့ တရုတ်နိုင်ငံက ဝီဂါ (Uyghur) မွတ်ဆလင်တွေ၊ မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေနဲ့အတူ အမေရိကန်ပြည်ထောင်စုနဲ့ လက်တွဲဘက်တွေ သွေးစည်းညီညွတ်စွာ ရပ်တည်နေတဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတကတော်တို့က အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန် ဥပုသ်စတင်တဲ့ အထိမ်းအမှတ်အဖြစ် ကြညာချက်ထုတ်ပြန်ပါတယ်။
ဒီသီတင်းပတ်ထဲမှာပဲ နွေဦးရာသီ တရားဝင်ကူးပြောင်းပြီဖြစ်တဲ့ ဝါရှင်တန်ဒီစီမှာ ချယ်ရီပင်တွေဟာလည်း အပွင့်တွေ ဝေနေပါပြီ။ အမျိုးသား ဥယျာဉ်ဌာနတာဝန်ရှိသူတွေကတော့ ဒီကနေ့ ဗုဒ္ဓဟူးနေ့ကနေ စနေနေ့အထိ ချယ်ရီတွေ အပွင့်ဆုံးအချိန်ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။
အမေရိကန်အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ ၂၀၀၀ ခုနှစ်နောက်ပိုင်း Burmese Python လို့ခေါ်တဲ့ မြန်မာ့စပါးအုံးမြွေ ၁၇,၀၀၀ ကျော်ကို ဖမ်းမိခဲ့ပေမယ့် မြန်မာ့စပါးအုံးမြွေ ထောင်သောင်းချီဟာ ပြည်နယ်ထဲက Everglades အမည်ရှိ အပူပိုင်းစိုစွတ် သဘာဝအမျိုးသားဥယျာဉ်ထဲမှာ ကျက်စားနေတုန်းပဲလို့ လေ့လာသူတွေကပြောပါတယ်။
ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝဲန်းရဲ့ ဒီလနှောင်းပိုင်း ဗဟိုအမေရိကနိုင်ငံတွေကိုသွားမယ့် တရားဝင်ခရီးစဉ်မစခင် လမ်းခုလတ်မှာ ကယ်လီဖိုးနီးယားနဲ့ နယူးယောက်မှာ ခရီးတထောက် နားဖို့ ရှိနေပြီး ဒီခရီးစဉ်နဲ့ပတ်သက်လို့ ဖြစ်ပေါ်လာနိုင်တဲ့ တရုတ်နိုင်ငံရဲ့ရန်လိုမှုတွေကို လျှော့ချနိုင်ဖို့ အမေရိကန်အစိုးရက ကြိုးပမ်းနေပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မော်စကို ခရီးစဉ်မှာ ဆွေးနွေးဖို့ ရှိတဲ့ ယူကရိန်း စစ်ပွဲ ငြိမ်းချမ်းရေး အဆိုပြုချက်အပေါ် သံသယရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်က တနင်္လာနေ့မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်နေတာကို တရုတ်နဲ့ ရုရှားက အားပေးအားမြှောက်ပြုနေတယ်လို့ အမေရိကန်က မနေ့ တနင်္လာနေ့က စွပ်စွဲလိုက်ပါတယ်။
သမ္မတဟောင်း Donal Trump က သူဟာ လာမယ့်အင်္ဂါနေ့မှာ ဖမ်းခံရဖွယ်ရှိတာမို့ သူ့ထောက်ခံသူတွေအနေနဲ့ ဆန္ဒပြကန့်ကွက်ကြဖို့ ကိုယ်ပိုင်လူမှုကွန်ယက် ပလက်ဖောင်းဖြစ်တဲ့ Truth Social Platform ပေါ်မှာ လှုံ့ဆော်ရေးသားခဲ့ပါတယ်။
မြန်မာ့အရေးအပါအဝင် ဒေသတွင်းနဲ့နှစ်နိုင်ငံဆက်ဆံရေးကိစ္စတွေကို သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်တွေ၊ အဓိကကျတဲ့ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet ဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံကို မတ်လ ၂၀ ရက်နေ့ကနေ ၂၄ ရက်အထိ သွားဖို့ရှိပါတယ်။
သမ္မတဟောင်းဒေါ်နယ်ထရမ့်က နယူးယောက် မက်ဟန်တန်ရှေ့နေရုံးက ပေါက်ကြားလာတဲ့အချက်အလက်တွေအရ သူဟာ လာမယ့်အင်္ဂါနေ့မှာ သူဖမ်းဆီးခံရနိုင်တယ်လို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ စနေနေ့က ရေးသားဖေါ်ပြခဲ့ပါတယ်။
ယူကရိန်း လုံခြုံရေးတာဝန်ရှိသူတွေနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin, ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley နဲ့ အိမ်ဖြူတော်အမျိုးသားအကြံပေး Jake Sullivan တို့ ဒီနေ့ အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြပါတယ်။
ဘဏ္ဍာငွေကြေး အကျပ်အတည်း ကြုံနေရတဲ့ အမေရိကန်က First Republic ဘဏ် ပြိုလဲ မသွားရအောင် တခြား အမေရိကန် ဘဏ် ၁၁ ခုက ဒေါ်လာ ၃၀ ဘီလျံ စုပေါင်း ကျားကန်ပေးခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။