အမေရိကန်က ထိုင်ဝမ်ကိုလက်နက်ရောင်းချတာတုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ရဲ့ စစ်လက်နက်ပစ္စည်း ရောင်းချတဲ့ စစ်ဘက်ဆိုင်ရာကုမ္ပဏီ ၁၃ ခုကို တရုတ်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆုံးဖြတ်လိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဦးပဇင်းနတ်ဇောလို့ လူသိများတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း အမေရိကန်နိုင်ငံသား ဆရာတော် ဦးပညာဇောတကို စစ်ကောင်စီက စစ်ကြောရေးမှာ စစ်မေးပြီးတဲ့နောက် ဒီကနေ့ မင်္ဂလာဒုံမြို့နယ် ခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ နီးစပ်သူကပြောပါတယ်။
ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် အမေရိကန် ပြည်နယ်တိုင်းလိုလိုက စာသင်ကျောင်းတွေမှာ အခုအချိန်ထိ ကျောင်းတက်ပျက်ကွက်နှုန်း တိုးလာနေဆဲပါ။ ဒီထဲမှာ အအများဆုံးက အလက်စကားပြည်နယ် ဌာနေတိုင်းရင်းသားကလေးငယ်တွေဖြစ်တယ်လို့ AP သတင်းဌာနရဲ့ ကောက်ယူတဲ့စစ်တမ်းတွေမှာ ဖေါ်ပြပါတယ်။ AP သတင်းဆောင်းပါးကို ကိုစံကျော် တင်ဆက်ထားပါတယ်။
လိင်ပိုင်းဆိုင်ရာ မတော်မလျော်ပြုပြီး၊ အရက် အလွန်အကျွံ သောက်တယ်လို့ အစွပ်စွဲခံနေရတဲ့ Pete Hegseth ကတော့ သူဟာ စစ်တိုက်နေသူတွေအတွက် အခုလို ကြိုးစားနေတာဖြစ်ပြီး၊ စစ်လိုလားသူတွေအတွက် လုပ်နေတာ မဟုတ်ဘူး လို့ X လူမှုစာမျက်နှာမှာ ရေးပါတယ်။
တောင်ကိုရီးယားမှာ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကို သမ္မတ Yoon Suk Yeol က ဖွဲ့စည်းပုံစည်းမျဉ်းနဲ့အညီ ပြန်လည်ရုပ်သိမ်းလိုက်တဲ့အတွက် အမေရိကန်က ကြိုဆိုလိုက်ပါတယ်။
အမေရိကန် သမ္မတ Joe Biden ဟာ သူ့သမ္မတ သက်တမ်း အတွင်း ပထမဆုံးနဲ့ နောက်ဆုံး အကြိမ် အာဖရိက ခရီးစဉ် အဖြစ် အန်ဂိုလာနိုင်ငံကို အင်္ဂါနေ့မှာ ဆိုက်ရောက်တာမှာ အန်ဂိုလာ သမ္မတ အိမ်တော်မှာ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်။
New York Times သတင်းစာအယ်ဒီတာဟောင်း Sheryl Oring က တက်လာမယ့် သမ္မတအသစ်ဆီ ပြည်သူတွေ ပြောပြချင်တဲ့ အကြောင်းအရာတွေကိုစာနဲ့ရိုက်ပေးပြီး ပို့စကတ်တွေ ဖန်တီးပေးတာပါ။ ၂၀၀၄ ခုနှစ်က စခဲ့တဲ့ “I Wish To Say” ဆိုတဲ့ ဒီအစီအစဉ်အကြောင်း Elena Wolf သတင်းပေးပို့ထားတာကို မမြသဇင်အောင်ပြောပြပေးပါမယ်။
အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump က သူကတိပေးခဲ့တဲ့အတိုင်း ယူကရိန်းကျုးကျော်စစ်အဆုံးသတ်ဖို့ ကြိုးပမ်းမှာကို ရုရှားပြည်ပရောက်အတိုက်အခံတွေအနေနဲ့ စောင့်ကြည့်နေတဲ့ တချိန်တည်းမှာပဲ အမေရိကန်ရဲ့ အထောက်အပံ့ ဆုံးရှုံးသွားရင် ဘာဆက်လုပ်မလဲဆိုတဲ့ ဘုံမဟာဗျူဟာတရပ်ချမှတ်ဖို့လည်း ကြိုးစားနေပါတယ်။
တချိန်က အလွန်အောင်မြင်ခဲ့တဲ့ အမေရိကန်သံမဏိလုပ်ငန်းကို နိုင်ငံခြားကုမ္ပဏီတခုကဝယ်ယူတာ ဆန့်ကျင်တယ်လို့ ထရမ့်က သူ့ကိုယ်ပိုင် Truth လူမှုကွန်ယက်မှာ မနေ့ကရေးခဲ့ပြီး အထူးခံစားခွင့်တွေ၊ သွင်းကုန်ခွန်တိုးမြှင့်ကောက်မယ့်အစီအစဉ်တွေနဲ့ US Steel လုပ်ငန်းတွေ ပြန်အားကောင်းလာအောင် လုပ်မယ်လို့လည်း ပြောပါတယ်။
အမေရိကန်သမ္မတ Joe Biden က သားဖြစ်သူ Hunter Biden ကို လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး နောက် တရက်မှာပဲ သမ္မတတာဝန်သက်တမ်း မကုန်မီ နောက်ထပ်လွတ်ငြိမ်းခွင့်နဲ့ သက်ညှာခွင့်တွေ ကြေညာဖို့ရှိကြောင်း အိမ်ဖြူတော်က ပြောလိုက်ပါတယ်။
ဖက်ဒရယ်အဆင့် ရာဇဝတ်မှုတွေအတွက် ထောင်ဒဏ်ချမှတ်ခံရနိုင်ခြေရှိနေတဲ့ သားဖြစ်သူ Hunter Biden ကို သမ္မတ Joe Biden က တနင်္ဂနွေနေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က လာမယ့်အစိုးရသစ်အတွက် ရာထူးတာဝန်တွေ ခန့်အပ်ဖို့ ပြင်ဆင်နေရာမှာ အာရပ်နဲ့ အရှေ့အလယ်ပိုင်းရေးရာ အကြီးတန်းအကြံပေးအဖြစ် လက်ဘနွန်-အမေရိကန် စီးပွားရေး လုပ်ငန်းရှင် Massad Boulos ကို အဆိုပြုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။