ကွယ်လွန်သွားပြီ ဖြစ်တဲ့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာရဲ့ လူမှုကူညီရေး အလုပ်တွေမှာ စေတနာ့ဝန်ထမ်းတွေ၊ ထောက်ပံ့သူတွေ အဖြစ်ပါဝင်ခဲ့သူတွေ ကို Kane Farabaugh က မေးမြန်းထားပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အမေရိကန်ပြည်ထောင်စု Nevada ပြည်နယ် Las Vegas မြို့က Trump International ဟိုတယ်ရှေ့မှာ Tesla Cybertruck ကားပေါက်ကွဲမှုနဲ့ New Orleans မြို့ကတိုက်ခိုက်မှု ဆက်စပ်နေသလားဆိုတာ တာဝန်ရှိသူတွေ စုံစမ်းနေပါတယ်။
အမေရိကန်ပြည်ထောင်စု New Orleans မြို့မှာ နှစ်သစ်ကူးနေ့က လူစည်ကားတဲ့ Bourbon လမ်းမပေါ် ကားနဲ့ အတင်းဝင်တိုက်မှုမှာ သေဆုံးသူ ၁၅ ယောက် ရှိသွားပါပြီ။ ယာဉ်မောင်းဟာ အမေရိကန်ဖွား အမေရိကန်နိုင်ငံသား စစ်ပြန်တယောက်ဖြစ်ပြီး IS စစ်သွေးကြွအဖွဲ့ကို အားကျသူ ဖြစ်တယ်လို့ သမ္မတ Joe Biden က ဗုဒ္ဓဟူးနေ့ညက ပြောပါတယ်။
Las Vegas မြို့၊ Trump International ဟိုတယ်အပြင်ဘက်မှာ Tesla ကုမ္ပဏီထုတ် Cybertruck ကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းသေဆုံးကာ အခြားသူများ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြောင်း ကိုဝင်းခန့်မောင်ပြောပြပေးမှာပါ။
အမေရိကန်ပြည်ထောင်စု New Orleans မြို့မှာ နှစ်သစ်ကူးနေ့က လူအုပ်ထဲကို ထရပ်ကားနဲ့ ဝင်တိုက်ပြီး သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်လို့ လူ ၁၀ ဦး သေဆုံးပြီး ၃၅ ဦးကျော် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်ဟာ အကြမ်းဖက် ဝါဒစွဲနဲ့ တိုက်ခိုက်မှု ဟုတ်မဟုတ် စုံစမ်း စစ်ဆေးနေတယ်လို့ ဖက်ဒရယ်အစိုးရ စုံစမ်း စစ်ဆေးရေးဗျူရို FBI က ပြောပါတယ်။
ကမ္ဘာတဝန်း စွန့်ပစ် ပလတ်စတစ်အမှိုက်တွေဟာ နှစ်စဥ် မက်ထရစ် တန်ချိန် သန်း ၄၃၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး အများစုက ပြန်လည် အသုံးပြုလို့မရတဲ့ တခါသုံး ပလတ်စတစ်အမှိုက်တွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလို ပလတ်စတစ် အမှိုက်တွေကို လျှော့ချနိုင်ဖို့ ကြိုးစားနေကြသူတွေလည်း ရှိပါတယ်။
အသက် ၁၀၀ မှာ ကွယ်လွန်ခဲ့သူ အမေရိကန် သမ္မတဟောင်း Jimmy Carter ကို အောက်မေ့ဂုဏ်ပြုတဲ့ အနေနဲ့ ဇန်နဝါရီလ ၉ ရက်နေ့ကို အားလပ်ရပ် အဖြစ် အမေရိကန် သမ္မတ Joe Biden က ကြေညာလိုက်ပြီး ဖယ်ဒရယ် အစိုးရရုံးတွေ အားလုံး ပိတ်မှာ ဖြစ်ပါတယ်။
ကွယ်လွန်သူ အမေရိကန် သမ္မတ ဂျင်မီ ကာတာရဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး နဲ့ လူသားချင်း စာနာထောက်ထားမှု ဆောင်ရွက်ချက်တွေက အမွေအဖြစ် တည်တံ့ ခိုင်မြဲပါလိမ့်မယ်လို့ အင်တော်နီယို ဂူသရက်စ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ဒေါ်လာ ၂ ဘီလီယံ ခွဲ နီးနီးတန်ဖိုးရှိတဲ့ လက်နက်တွေကို အမေရိကန်က ယူကရိန်းကို ပို့ပေးမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က တနင်္လာနေ့က ပြောပါတယ်။ စစ်အတွင်း ယူကရိန်းရဲ့ အနေအထား ပိုပြီး အားကောင်းလာအောင် သူ သမ္မတ တာဝန်ရှိနေသေးတဲ့ အချိန်အတွင်း မနားမနေ လုပ်ဆောင်သွားမယ်လို့ ဂျိုးဘိုင်ဒန်က ပြောပါတယ်။
အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဟာ အသက် ၁၀၀ မှာ ကွယ်လွန်သွားပါပြီ။ သမ္မတ သက်တမ်းအပြီးမှာ ကမ္ဘာ့ကျန်းမာရေးနဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမြှင့်တင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ၃၉ ယောက်မြောက် သမ္မတကာတာအကြောင်း Kane Farabaugh က တင်ပြထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမေရိကန်သမ္မတဟောင်း Jimmy Carter ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒီကနေ့ထုတ်ပြန်တဲ့ ရန်ကုန်-အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ- ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး အတွက် သူ့ရဲ့ ကြိုးပမ်းမှုတွေကို ဂုဏ်ပြုဖေါ်ပြထားပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကြိုးပမ်းမှုတွေအတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရရှိခဲ့သူ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ အသက် ၁၀၀ ပြည့်နှစ်အရွယ်မှာ ကွယ်လွန်သွားပါပြီ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။