ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာဟာ ရာသီဥတုဆိုင်ရာ ပါရီ သဘောတူညီချက်မတိုင်ခင် နှစ်ပေါင်း ၃၅ နှစ်ကတည်းက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမယ့် အရေး စိုးရိမ်ပူပန်ခဲ့သလို ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် သူ့ကိုယ်သူသဘောထားပြီး သူ့ရဲ့စည်းရုံးရေးလုပ်ငန်းတွေမှာ အစိမ်းရောင်ကို သုံးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ၃၉ ယောက်မြောက် သမ္မတ Jimmy Carter ရဲ့ စျာပနအခမ်းအနား ၆ ရက်တာ ကျင်းပတာမှာ သမ္မတရဲ့ ဇာတိ ဂျော်ဂျီယာပြည်နယ်ကနေ စတင်လိုက်ပါတယ်။ VOA သတင်းထောက် Kane Farabaugh ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပေးပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားနဲ့တရုတ်နိုင်ငံက အဓိကတွန်းအားပေးနေတဲ့နေရာကနေ ပါဝင်နေပြီး စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးညှိနှိုင်းမှုတွေမှာ လုံခြုံရေးအာမခံချက်တွေရှိဖို့ လိုကြောင်း ဒီကနေ့ တောင်ကိုရီးယားနိုင်ငံကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။
နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ Donald Trump က အမေရိကန်ပြည်ထောင်အတွင်းက ပြည်နယ် ၅၀ စလုံးမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေ ရေတွက်အတည်ပြုတဲ့အစီအစဉ်ကို ဒီနေ့ ဇန်နဝါရီ ၆ ရက်မှာ လွှတ်တော်မှာ ဒုသမ္မတကကမကထပြုဆောင်ရွက်ပေးရတဲ့အတွက် Kamala Harris ဟာ သူရဲ့ အရှုံးကို ကိုယ်တိုင် ဆုံးဖြတ်ပေးရသူဖြစ်နေပါတယ်။
ဆီးနှင်းတွေ၊ ရေခဲတွေ၊ လေပြင်းတိုက်ခတ်မှုတွေနဲ့အတူ ပြင်းထန်တဲ့ ဆောင်းမုန်တိုင်းဒဏ်ကို အမေရိကန် အလယ်ပိုင်း၊ တောင်ပိုင်းနဲ့ အရှေ့ဘက်ခြမ်း ပြည်နယ်တွေ ခံစားနေကြရပါတယ်။ ဒီကနေ့ နှင်းမုန်တိုင်းကျတဲ့နေရာတွေထဲက တချို့နေရာတွေမှာ ဆယ်စုနှစ်အတွင်း စံချိန်တင် နှင်းကျနိုင်တယ်လို့လည်း ခန့်မှန်းထားတာပါ။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဇနီးဖြစ်သူတို့ဟာ အခု တနင်းလာနေ့မှာ New Orleans မြို့ကိုသွားရောက်ပြီး၊ ပြီးခဲ့တဲ့ရက်ပိုင်း အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရလို့ သေဆုံးသူနဲ့ ဒဏ်ရာရသူမိသားစုဝင်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အရပ်သားတွေကိုပေးတဲ့ အဆင့်အမြင့်ဆုံးဆုဖြစ်တဲ့ Presidential Medal of Freedom သမ္မတရဲ့ လွတ်လပ်မှုဆုကို လူ ၁၉ ဦးကို သမ္မတဂျိုးဘိုင်ဒန်က အိမ်ဖြူတော်မှာ မနေ့စနေနေ့က ချီးမြှင့်ခဲ့ပါတယ်။
ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း Jimmy Carter ရဲ့ ၆ ရက်ကြာ ဈာပနအခမ်းအနားတွေကို ဇာတိ ဂျော်ဂျီယာပြည်နယ်မှာ စတင်နေပါပြီ။ ဒီဇင်ဘာလ ၂၉ ရက်နေ့က ကွယ်လွန်ချိန်မှာ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ သမ္မတဟောင်း ကာတာရဲ့ ဈာပနအခမ်းအနားကိုတော့ ဇာတိ Plains မြို့မှာ စနေနေ့ ဒေသစံတော်ချိန် ၁၀ နာရီ ၁၅ မိနစ်မှာ စတင်ခဲ့တာပါ။
ဗွီအိုအေ အမေရိကန်အသံ ရုံးချုပ်ရှိရာ ဝါရှင်တန်ဒီစီနဲ့ အနီးဝန်းကျင်ဒေသတွေ အပါအဝင် နေရာတော်တော်များများမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်းအန္တရာယ် ကြုံရနိုင်တယ်လို့ တာဝန်ရှိသူတွေ သတိပေးနေပါတယ်။
၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင်က လိင်ဖျော်ဖြေရေးမယ်ကို ငွေပေးနှုတ်ပိတ်ခဲ့တာနဲ့ဆိုင်တဲ့ အမှုအတွက် ရွေးကောက်ခံသမ္မတ Donald Trump ကို ဇန်နဝါရီ ၁၀ ရက်မှာ ပြစ်ဒဏ်ချမယ်လို့ New York မြို့ တရားသူကြီးက ရက်သတ်မှတ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီဇင်ဘာ ၂၉ ရက်နေ့က ကွယ်လွန်သွားတဲ့ သမ္မတဟောင်း Jimmy Carter ရဲ့ ၆ ရက်ကြာ နိုင်ငံတော်ဈာပန အခမ်းအနားတွေကို ဒီနေ့ စတင်ကျင်းပမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ ဒီနေ့ကျရောက်တဲ့ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။