ကွယ်လွန်သူ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာအတွက် အောက်မေ့ဖွယ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အမေရိကန်သံရုံးနဲ့ ချင်းမိုင်မြို့ အမေရိကန်ကောင်စစ်ဝန်ရုံးတွေကို ဇန္နဝါရီလ ၉ ရက်နေ့အထိ ပိတ်ထားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံ အမေရိကန်သံရုံးက ကြေညာပါတယ်။
ဇန်နဝါရီလ ၆ ရက်နေ့မှာ ရွေးကောက်ခံသမ္မတ Donald Trump ၂၀၂၄ ရွေးကောက်ပွဲ အနိုင်ရကြောင်း အမေရိကန်လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ လွှတ်တော်သတင်းထောက် Katherine Gypson သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
၂၀၂၅ ခုနှစ်အတွင်း ပထမဆုံး ဆောင်းရာသီနှင်းမုန်တိုင်းကြောင့် အမေရိကန် ပြည်ထောင်စု အရှေ့ဘက်ခြမ်းအပါအဝင် အနေရာအတော်များများမှာ လေပြင်းတိုက်၊ နှင်းကျပြီး ရေခဲမှတ်အောက်ရောက်အောင် အလွန်အေးတဲ့ဒဏ်ကိုခံနေကြရပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာတော့ မုန်တိုင်းဟာ ပူနွေးတဲ့တောင်ပိုင်းပြည်နယ်တွေဘက်ကိုပါရွှေ့လျားသွားနေပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက အမေရိကန်ပြည်ထောင်စု လူဝီစီယားနားပြည်နယ် နယူးအော်လန်မြို့ အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း သေဆုံးဒဏ်ရာရသူတွေအတွက် ဝတ်ပြုဆုတောင်းပွဲကို သမ္မတဂျိုးဘိုင်ဒန်တက်ရောက်ခဲ့ပြီး နယူးအော်လန်မြို့ကပြည်သူတွေရဲ့ စိတ်ဓာတ်ခွန်အားရှိမှုကို ချီးကျူးပြောဆိုခဲ့ပါတယ်။
အာဖဂန်သူပုန်အဖွဲ့တွေကို ကူညီထောက်ပံ့ပေးပြီး ဆိုဗီယက်တပ်ဖွဲ့တွေ အာဖဂန်မှာရှုံးနိမ့်သွားအောင် လုပ်ဆောင်ခဲ့သူအဖြစ် သမ္မတ Ronald Reagan ကို အသိအမှတ်ပြု ပြောဆိုကြလေ့ရှိပေမယ့် အဲဒီလို ဖြစ်လာအောင် သမ္မတ Jimmy Carter အစိုးရက အခြေခံအုတ်မြစ်တွေချပေးခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားအနေနဲ့ အသံထက်အဆပေါင်းများစွာမြန်တဲ့ တာလတ်ပစ် (Hypersonic) ပဲ့ထိန်း မစ်ဇိုင်းဒုံးတစင်းကိုအောင်မြင်စွာပစ်လွှတ်နိုင်ခဲ့ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကိုယ်တိုင် စောင့်ကြည့်စစ်ဆေးခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရ သတင်းဌာန KCNA က ဒီကနေ့ အင်္ဂါမှာထုတ်ဖေါ်ပြောဆိုပါတယ်။
ကွယ်လွန်သူ အမေရိကန် သမ္မတဟောင်းဂျင်မီကာတာ အောက်မေ့ဖွယ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အမေရိကန် သံရုံးနဲ့ ချင်းမိုင်မြို့ အမေရိကန် ကောင်စစ်ဝန်ရုံးတွေကို ဇန်နဝါရီလ ၉ ရက်နေ့ ပိတ်ထားမှာ ဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံ အမေရိကန်သံရုံးက ကြေညာပါတယ်။ ကိုသိန်းထိုက်ဦး ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အရပ်ဘက်နျူကလီးယားကိစ္စရပ်တွေအတွက် အိန္ဒိယကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အပေါ် ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့ နောက်ဆုံးအပြီးသတ်လုပ်ဆောင်နေပြီလို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan က ဇန်နဝါရီ ၆ ရက် တနင်္လာနေ့က နယူးဒေလီမြို့မှာ ပြောကြားသွားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ဒုသမ္မတ ကာမာလာ ဟဲရစ်ကို ရီပတ်ဘလီကန်ပါတီ ကိုယ်စားလှယ် ဒေါ်နယ်ထရမ့်က အနိုင်ရခဲ့ကြောင်း လွှတ်တော်က ဇန်နဝါရီ ၆ ရက် တနင်္လာနေ့မှာ တရားဝင် အတည်ပြုပေးလိုက်ပါတယ်။
ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာဟာ ရာသီဥတုဆိုင်ရာ ပါရီ သဘောတူညီချက်မတိုင်ခင် နှစ်ပေါင်း ၃၅ နှစ်ကတည်းက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမယ့် အရေး စိုးရိမ်ပူပန်ခဲ့သလို ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် သူ့ကိုယ်သူသဘောထားပြီး သူ့ရဲ့စည်းရုံးရေးလုပ်ငန်းတွေမှာ အစိမ်းရောင်ကို သုံးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ၃၉ ယောက်မြောက် သမ္မတ Jimmy Carter ရဲ့ စျာပနအခမ်းအနား ၆ ရက်တာ ကျင်းပတာမှာ သမ္မတရဲ့ ဇာတိ ဂျော်ဂျီယာပြည်နယ်ကနေ စတင်လိုက်ပါတယ်။ VOA သတင်းထောက် Kane Farabaugh ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပေးပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားနဲ့တရုတ်နိုင်ငံက အဓိကတွန်းအားပေးနေတဲ့နေရာကနေ ပါဝင်နေပြီး စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးညှိနှိုင်းမှုတွေမှာ လုံခြုံရေးအာမခံချက်တွေရှိဖို့ လိုကြောင်း ဒီကနေ့ တောင်ကိုရီးယားနိုင်ငံကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။