ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာရဲ့ ကမ္ဘာနဲ့ မြန်မာ့အရေး စွမ်းဆောင်ချက် အမှတ်တရ အထူးအစီအစဉ် တိုက်ရိုက်တင်ဆက်မှုဖြစ်ပါတယ်။ ဇန်နဝါရီ ၈ ရက် ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲကနေ ၁၁ခွဲထိ တင်ဆက်ပေးသွားမှာ ဖြစ်ပြီး ဆွေးနွေးပွဲစကားဝိုင်းတွေ၊ တိုက်ရိုက်ထုတ်လွှင့်ချက်တွေကို ရှုစားရမှာပါ။
ရွေးကောက်ခံသမ္မတ Donald Trump က အမေရိကန်အစိုးရအသုံးစရိတ်တွေ လျှော့ချမယ့်အစီအစဉ်ကို အကောင်အထည်ဖေါ်မယ့် DOGE ခေါ် ဌာနတခုဖွဲ့ဖို့ အဆိုပြုထားပါတယ်၊။ အရင်တုန်းကတည်းက အခုလို အစိုးရစားရိတ်လျှော့ချဖို့ဆိုတာမျိုး ကြိုးပမ်းခဲ့ဖူးပါတယ်။ VOA သတင်းထောက် Dora Mekouar ရဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ဒေသမှာ လေပြင်းတိုက်ပြီး တောမီးပျံ့နှံ့လောင်ကျွမ်းနေတာကြောင့် မီးသတ်သမားတွေက မီးငြိမ်းသတ်နိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေကြရပြီး ဗုဒ္ဓဟူးနေ့အစောပိုင်းအထိ အခြေအနေတွေပိုဆိုးလာနိုင်တဲ့အတွက် ဒေသ တာဝန်ရှိသူတွေက လိုအပ်တာတွေ ကြိုတင်ပြင်ဆင်နေကြပါတယ်။
အမေရိကန်ရဲ့ ၃၉ ယောက်မြောက် သမ္မတ Jimmy Carter ရဲ့ ရုပ်ကလာပ်ကို လွှတ်တော်ခန်းမကြီးထဲမနေ့ညနေက သယ်ဆောင်လာခဲ့ပြီးနောက် ပါတီကြီးနှစ်ရပ်လုံးက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒုသမ္မတ Harris၊ သမ္မတဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ တရားသူကြီးချုပ်သုံးဦးတို့ Lie in State ကို တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။
လော့စ်အိန်ဂျလိစ်မြို့စွန်က လူချမ်းသာရပ်ကွက်နားမှာ တောမီးကြီးတောက်လောင်တာ ဧက ၂၀၀ မီးထဲပါသွားပြီ ဖြစ်ပြီး ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ဆန်တာမိုနီကာနဲ့ မာလီဘူကြား ပါလီဆိဒ်စ်ရပ်ကွက်မှာ တောက်လောင်နေတာ ဖြစ်ပြီး ကားနဲ့ ထွက်လာကြသူတွေနဲ့ ယာဉ်ကြောပိတ်ဆို့နေတာပါ။
ပြီးခဲ့တဲ့ တနှစ်ကျော်က ဟားမတ် စစ်သွေးကြွ အဖွဲ့ ဖမ်းသွားတဲ့ ဓားစားခံအားလုံးကို ပြန်လွှတ်ဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုထားပြီး ဒီလိုမှ မဟုတ်ရင်တော့ ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် ဆောင်ရွက်မှုနဲ့ ကြုံရမယ်လို့ ၆ ကြိမ်တိတိ ပြောခဲ့ပါတယ်။
ကာတာ စင်တာမှာ အများပြည်သူ ဂါရဝပြုနိုင်ရေး ထားရှိခဲ့တဲ့ အမေရိကန်ရဲ့ ၃၉ ယောက်မြောက် သမ္မတ ဂျင်မီကာတာရဲ့ ရုပ်အလောင်းကို အင်္ဂါနေ့မှာ ဝါရှင်တန် ဧရိယာကို သမ္မတတွေ အတွက် သီးသန့် လေယာဉ် Special Air Mission 39 နဲ့ သယ်ယူလာတာ ဖြစ်ပါတယ်။
ကွယ်လွန်သူ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာအတွက် အောက်မေ့ဖွယ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အမေရိကန်သံရုံးနဲ့ ချင်းမိုင်မြို့ အမေရိကန်ကောင်စစ်ဝန်ရုံးတွေကို ဇန္နဝါရီလ ၉ ရက်နေ့အထိ ပိတ်ထားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံ အမေရိကန်သံရုံးက ကြေညာပါတယ်။
ဇန်နဝါရီလ ၆ ရက်နေ့မှာ ရွေးကောက်ခံသမ္မတ Donald Trump ၂၀၂၄ ရွေးကောက်ပွဲ အနိုင်ရကြောင်း အမေရိကန်လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ လွှတ်တော်သတင်းထောက် Katherine Gypson သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
၂၀၂၅ ခုနှစ်အတွင်း ပထမဆုံး ဆောင်းရာသီနှင်းမုန်တိုင်းကြောင့် အမေရိကန် ပြည်ထောင်စု အရှေ့ဘက်ခြမ်းအပါအဝင် အနေရာအတော်များများမှာ လေပြင်းတိုက်၊ နှင်းကျပြီး ရေခဲမှတ်အောက်ရောက်အောင် အလွန်အေးတဲ့ဒဏ်ကိုခံနေကြရပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာတော့ မုန်တိုင်းဟာ ပူနွေးတဲ့တောင်ပိုင်းပြည်နယ်တွေဘက်ကိုပါရွှေ့လျားသွားနေပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက အမေရိကန်ပြည်ထောင်စု လူဝီစီယားနားပြည်နယ် နယူးအော်လန်မြို့ အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း သေဆုံးဒဏ်ရာရသူတွေအတွက် ဝတ်ပြုဆုတောင်းပွဲကို သမ္မတဂျိုးဘိုင်ဒန်တက်ရောက်ခဲ့ပြီး နယူးအော်လန်မြို့ကပြည်သူတွေရဲ့ စိတ်ဓာတ်ခွန်အားရှိမှုကို ချီးကျူးပြောဆိုခဲ့ပါတယ်။
အာဖဂန်သူပုန်အဖွဲ့တွေကို ကူညီထောက်ပံ့ပေးပြီး ဆိုဗီယက်တပ်ဖွဲ့တွေ အာဖဂန်မှာရှုံးနိမ့်သွားအောင် လုပ်ဆောင်ခဲ့သူအဖြစ် သမ္မတ Ronald Reagan ကို အသိအမှတ်ပြု ပြောဆိုကြလေ့ရှိပေမယ့် အဲဒီလို ဖြစ်လာအောင် သမ္မတ Jimmy Carter အစိုးရက အခြေခံအုတ်မြစ်တွေချပေးခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။