အမေရိကန်ပြည်ထောင်စုမှာ TikTok လူမှုကွန်ရက်သုံးစွဲမှုကို တားမြစ်မယ့်ဥပဒေကို ဆိုင်းထားပေးဖို့ ရွေးကောက်ခံသမ္မတ Donald Trump က ပြည်ထောင်စု တရားရုံးချုပ်ကို တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး လူကိုကူးစက်တဲ့ ပြင်းထန်တဲ့ ကြက်ငှက်တုပ်ကွေး နမူနာကို ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC က ဓါတ်ခွဲစမ်းသပ်တာမှာ ကြက်ငှက်တုပ်ကွေးကူးစက်သူရဲ့ခြံထဲက ကြက်ငှက်တွေမှာ တွေ့ရှိတဲ့ Virus မျိုးကွဲမဟုတ်ဘဲ အသွင်ပြောင်းနေတဲ့ မျိုးကွဲဖြစ်နေတယ်လို့ CDC က ပြောပါတယ်။
တကျော့ပြန် သမ္မတ ဖြစ်လာတော့မဲ့ ဒေါ်နယ်ထရမ့် လက်ထက် မြန်မာ့အရေး အမေရိကန် ချဥ်းကပ်နိုင်တဲ့ အလားအလာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG ရဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အကြီးတန်း အကြံပေး သောမတ်စ်ကီးန် Thomas Kean ကို ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
သေဒဏ်တိုးချဲ့ပေးဖို့ လိုလားသူ ထရမ့် သမ္မတ ဖြစ်လာဖို့ ရက်သတ္တပတ် အနည်းငယ်အလိုမှာ အခုလို ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ အကြမ်းဖက် ဝါဒနဲ့ လူမျိုး ဘာသာရေး အခြေခံ မုန်းတီး သတ်ဖြတ်မှုတွေကလွဲပြီး၊ ကျန် သေဒဏ်တွေကို လျှော့ပေါ့လိုက်တာပါ။
ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ပနားမား တူးမြောင်းကို ပြန်လည် ထိန်းချုပ်နိုင်တယ်လို့ တနင်္ဂနွေနေ့က ခြိမ်းခြောက်လိုက်ပါတယ်။
ပင်လယ်နီဒေသမှာ အမေရိကန်ရေတပ် တိုက်လေယာဉ်တစင်း မှားယွင်းပစ်ချခံခဲ့ရပြီး လေယာဉ်မှူး ၂ ယောက်ကတော့ လွတ်မြောက်ခဲ့ကြောင်း အမေရိကန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
အမေရိကန်မှာ ခရစ်စမတ်နဲ့ နှစ်သစ်အားလပ်ရက်တွေ နီးကပ်လာနေချိန်မှာပဲ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားစေမယ့် အရေးရှောင်လွှဲနိုင်ဖို့ လွှတ်တော် ၂ ရပ်စလုံးက အတည်ပြုပေးလိုက်ပြီဖြစ်တဲ့ အစိုးရ အသုံးစရိတ် ဥပဒေမူကြမ်းကို သမ္မတ ဂျိုးဘိုင်ဒန်က စနေနေ့မှာ လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်ပါပြီ။
အမေရိကန်ပြည်ထောင်စုမှာ ခရစ်စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက်ကာလအတွင်း ခရီးသွားသူ စံချိန်တင်မြင့်တက်မယ်လို့ ခရီးသွားလုပ်ငန်းတာဝန်ရှိသူတွေ ခန့်မှန်းနေပါတယ်။
အမေရိကန်မှာ Trump အစိုးရသစ် တက်လာရင် ပညာတတ် လုပ်ငန်းကျွမ်းကျင်သူတွေကို ထုတ်ပေးတဲ့ H- 1B အမျိုးအစား ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးမှု လျော့ကျပြီး ကျွမ်းကျင်လုပ်သား မလုံလောက်တဲ့ ပြဿနာ ဖြစ်နိုင်တယ်လို့ လူဝင်မှုကြီးကြပ်ရေး ဥဒေပညာရှင်တွေက သတိပေးလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရေတိုအသုံးစရိတ်ကို လွှတ်တော်က သောကြာနေ့နှောင်းပိုင်းမှာ အတည်ပြုနိုင်ခဲ့တာကြောင့် အစိုးရလုပ်ငန်းတွေ ယာယီရပ်ဆိုင်းမယ့် အခြေအနေကနေ ရှောင်ရှားနိုင်ခဲ့ပါတယ်။
အမေရိကန် ထိပ်တန်းတာဝန်ရှိသူတချို့ ဆီးရီးယားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ Damascus ကို ရောက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု အစိုးရအသုံးစရိတ်အတွက် ရွေးကောက်ခံသမ္မတ Trump လက်ခံတဲ့မူကြမ်းကိုကြာသပတေးနေ့က အောက်လွှတ်တော်မှာမဲခွဲခဲ့တာမှာ Trump ရဲ့ Republican အမတ် ၃၈ ယောက်ရဲ့ကန့်ကွက်မဲတွေအပါအဝင် ကန့်ကွက်မဲ ၂၃၅ မဲ ထောက်ခံမဲ ၁၇၄ မဲနဲ့ ပယ်ချလိုက်တာမို့ အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းမယ့် အခြေဆိုက်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။