ဂါဇာကမ်းမြောင်ဒေသမှာ Hamas စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အစ္စရေးတို့ရဲ့ စစ်ဆင်ရေးအတွင်း အပြစ်မဲ့သူတွေ သေကျေနေတဲ့အပေါ် အမေရကန်ရဲ့ စိုးရိမ်မှု ကြီးထွားလာနေချိန်မှာ အမေရိကန်သမ္မတ Joe Biden နဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu တို့ ဒီနေ့ကြာသပတေးနေ့မှာ ဆက်သွယ်စကားပြောဖို့ ရှိနေပါတယ်။
အမေရိကန်နာမည်ကျော် အဆိုတော် တေလာဆွိဖ် (Taylor Swift) ဟာ ကမ္ဘာ့အချမ်းသာဆုံးသူဌေးစာရင်း ဝင်သွားပါတယ်။ သူ့ကို ဖော့ဘ်စ် (Forbes) မဂ္ဂဇင်းရဲ့ ဧပြီလ ၂ ရက်နေ့ထုတ်ပြန်တဲ့ ကုဋေကြွယ်သူဌေးစာရင်းမှာ တေလာဆွိဖ် ပါဝင်တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုကို ဗီဇာ တခုခုနဲ့ရောက်လာကြပြီး မြန်မာနိုင်ငံရဲ့အခြေအနေကြောင့် မပြန်လိုသေးတဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်မှာ ယာယီခိုလှုံခွင့်ပေးတဲ့ TPS ဗီဇာသက်တမ်းကို ၂၀၂၅ နိုဝင်ဘာအထိ သမ္မတ ဂျိုးဘိုင်ဒန်အစိုးရက တိုးပေးလိုက်တဲ့အပေါ် မြန်မာတွေက ကြိုဆိုလိုက်ကြပါတယ်။
အမေရိကန်ပြည်ထောင်စုကို ဗီဇာအမျိုးအစား တခုခုနဲ့ရောက်လာကြပြီး မြန်မာနိုင်ငံရဲ့အခြေအနေကြောင့် မပြန်လိုသေးတဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်မှာ ယာယီ ခိုလှုံခွင့်ပေးတဲ့ TPS ဗီဇာသက်တမ်းကို ၂၀၂၅ နိုဝင်ဘာလအထိ သမ္မတ ဂျိုးဘိုင်ဒန်အစိုးရက တိုးပေးလိုက်တဲ့အပေါ် မြန်မာတွေက ကြိုဆိုလိုက်ကြပါတယ်။
အမေရိကန်-တရုတ် ခေါင်းဆောင်နှစ်ဦး အင်္ဂါနေ့က ဖုန်းနဲ့ စကားပြောဆိုကြရာမှာ အမေရိကန်သမ္မတရွေးကောက်ပွဲကို ဝင်မစွက်ဖို့ သမ္မတ ဂျိုးဘိုင်ဒင်က တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ပြောလိုက်ပါတယ်။
ဂါဇာဒေသတောင်ပိုင်းမှာ ဟာမတ်စ်တို့ကို အမြစ်ပြတ်ချေမှုန်းဖို့ အစ္စရေးရဲ့ မြေပြင်စစ်ဆင်ရေးအစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အစ္စရေးတာဝန်ရှိသူတွေ တနင်္လာနေ့မှာ အွန်လိုင်းကနေဆွေးနွေးခဲ့ပါတယ်။
ဆီးရီးယားမြို့တော်၊ ဒမတ်စကတ်က အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးက လေကြောင်းကနေ တနင်္လာနေ့က တိုက်ခိုက်ခဲ့တာကြောင့် အီရန်အကြီးတန်းတပ်မှူးတဦးအပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း ဆီးရီးယားနဲ့ အီရန်သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ဖြစ်လာဖို့ မျှော်လင့်ထားတဲ့ သမ္မတဟောင်း Donald Trump က ဖလော်ရီဒါပြည်နယ်မှာ ရွေးကောက်ပွဲ ရံပုံငွေ မဲဆွယ်ပွဲ ကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီမိုကရက်တစ်ပါတီက လက်ရှိ သမ္မတ Joe Biden ကို ယှဉ်ပြိုင်ဖို့ လျောနည်းနေတဲ့ ရံပုံငွေ ပမာဏ ရအောင် အင်တိုက်အားတိုက် လုပ်ဆောင်လာနေပါတယ်။
စိန့်ပီတာရင်ပြင်မှာကျင်းပတဲ့ အီစတာပွဲတော် တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲမှာ ကမ္ဘာ့အကျပ်အတည်းတွေပြေလည်ရေးနဲ့ ငြိမ်းချမ်းရေးပေါ်ပေါက်လာစေဖို့ ပုပ်ရဟန်းမင်းကြီး Francis က အလေးအနက် ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်နိုင်ငံသား ၂ ဦးအပါအဝင် နိုင်ငံခြားသားအတော်များများကို ဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဆီးထားတယ်လို့တာလီဘန်အစိုးရက တနင်္ဂနွေနေ့မှာ အတည်ပြုပါတယ်။
အစ္စရေးကို ဒေါ်လာဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ဗုံးတွေနဲ့ တိုက်လေယာဉ်တွေ ပေးပို့ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အမေရိကန်က ခွင့်ပြုလိုက်တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာကို အတည်ပြုထားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြပါတယ်။ ပါလက်စတိုင်းတွေ ခိုလှုံနေတဲ့ ရာဖာကို အစ္စရေးက ထိုးစစ်ဆင်မှာကို ကန်က စိုးရိမ်နေ။
အစ္စရေးနဲ့ လက်ဘနွန်နယ်စပ်မျဉ်းတလျှောက် ခြေကျင်လေ့လာရေးလုပ်နေကြတဲ့ UNTSO အဖွဲ့ဝင် ၄ ယောက်နား ဗုံးကျည်ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အပစ်အခတ်ရပ်ဆဲရေး လေ့လာစောင့်ကြည့်အဖွဲ့ UNTSO အဖွဲ့က ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။