သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG နဲ့ စစ်ကောင်စီ နိုင်ငံတကာ အသိအမှတ်ပြုနိုင်ခြေ SAC-M ဆန်းစစ်


SAC-M
SAC-M

Zawgyi/Unicode

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၆ လကျော် ကြာလာတဲ့အထိ အာဏာသိမ်းစစ်ကောင်စီကိုရော ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ဧပြီလ ၁၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကိုပါ နိုင်ငံတကာက အစိုးရအဖြစ် အသိအမှတ်ပြုတာ မရှိသေးဘူးလို့ SAC-M လို့ခေါ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ပြောပါတယ်။
NUG နဲ့ စစ်ကောင်စီ ၂ ခုအကြား ဘယ်သူက တရားဝင်အစိုးရဖြစ်သင့်သလဲဆိုတာနဲ့ပတ်သက်လို့ ဒီမိုကရေစီ စံနှုန်းတွေ၊ ဥပဒေလမ်းကြောင်းအရ တရားနည်းလမ်း မှန်ကန်မှုရှိမရှိဆိုတာတွေအပြင် ပြည်သူလူထုရဲ့သဘောဆန္ဒကို ထည့်သွင်း စဉ်းစားခြင်း ရှိမရှိဆိုတဲ့ အချက်တွေနဲ့နှိုင်းယှဉ်ပြီး SAC-M အဖွဲ့က ပြုစုထားတဲ့ သုတေသနစာတမ်းကို ထုတ်ပြန်လိုက်တာပါ။
အစိုးရသစ်တရပ်ကို အသိအမှတ်ပြုဖို့ နိုင်ငံတခုချင်းစီက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ပြုလုပ်နိုင်ပေမယ့်လည်း ယျေဘုယအားဖြင့် အဲဒီလို တနိုင်ငံခြင်းစီက ဆုံးဖြတ်ပြီး လုပ်လေ့မရှိကြဘူးလို့ ဆိုပါတယ်။
အခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းမှုနဲ့ ကြုံလိုက်ရတဲ့ မြန်မာနိုင်ငံလို အခြေအနေမျိုးမှာတော့ ပြည်ပတိုင်းပြည်တွေအနေနဲ့ တဘက်မှာ တိုင်းပြည် အာဏာကို မတရားတဲ့နည်းနဲ့ ရယူထားတဲ့ အစုအဖွဲ့ကို အသိအမှတ်မပြုမိဖို့ ရှောင်ရှားနေတဲ့ တချိန်တည်းမှာ သံတမန်ဆက်ဆံရေးတွေ ထားလိုတဲ့ဆန္ဒရှိနေကြတဲ့အတွက် ဖြစ်တယ်လို့ SAC-M က ပြောပါတယ်။
နိုင်ငံတကာက အစိုးရသစ်တရပ်ကို အသိအမှတ်ပြုဖို့ စဉ်းစားကြတဲ့နေရာမှာ တိုင်းပြည်ကို ထိန်းချုပ်ထားတဲ့အစုအဖွဲ့၊ ဒီမိုကရေစီနည်းလမ်းအရ တရားဝင်ခြင်း ရှိမရှိ ဆိုတာနဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာခြင်း ရှိမရှိ ဆိုတဲ့ အချက် (၃) ချက် ထည့်သွင်း စဉ်းစားကြလေ့ရှိတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီး တိုင်းပြည်အာဏာကို ထိန်းချုပ်ထားတဲ့ အစုအဖွဲ့ဖြစ်တဲ့ မြန်မာစစ်ဟာ အာဏာသိမ်းရခြင်း အကြောင်းပြချက်နဲ့ အာဏာသိမ်းလိုက်တဲ့ လုပ်ရပ် ၂ ခုစလုံးဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ချိုးဖောက် လုပ်ဆောင်ခြင်းဖြစ်တဲ့အတွက် ဒီမိုကရေစီနည်းလမ်းမကျတဲ့ လုပ်ရပ်ဖြစ်တာကြောင့် တရားဝင် အုပ်ချုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းမဟုတ်ဘူးလို့ SAC-M က ပြောပါတယ်။
တဘက်က NUG ဟာ တရားဝင်အစိုးရ ဖြစ်သင့် မသင့်ဆိုတဲ့အချက်ကိုကြည့်မယ်ဆိုရင်တော့ - NUG ဟာ ပြည်သူလူထုက ရွေးကောက် တင်မြောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH - ပြည့်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီဝင်တွေက ဒီမိုကရေစီ လမ်းတကျ ဖွဲ့စည်းထားတဲ့ အစိုးရဖြစ်တဲ့အပြင် ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီအင်စားစုတွေရဲ့ သဘောဆန္ဒတွေ ထက်ဟပ် ပေါ်လွင်စေတဲ့ အစိုးရတရပ်ဖြစ်တယ်လို့ သြဂုတ်လ ၂၃ ရက်၊ ဒီကနေ့ရက်စွဲနဲ့ SAC-M က ထုတ်ပြန်တဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။
======

တိုက်ရိုက် လင့်ခ်


Unicode



#NUG#MilitaryCoup#SAC-M#Diplomats#CDM#WhatHappeningInMyanmar#VOABurmese

ဆက်စပ်သတင်းများ ...

XS
SM
MD
LG